ျပင္သစ္ကလပ္ ပီအက္ဂ်ီနဲ႔ မန္ယူကြင္းလယ္လူ ေပါ့ဘာတို႔ဟာ တစ္ပတ္ကို ေပါင္ ၄၂၉၀၀၀ ရမယ့္ စာခ်ဳပ္ကိစၥ သေဘာတူညီမႈ ရခဲ့ေသးေပမယ့္ ေနမာ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့လို႔ ပ်က္ျပယ္ခဲ့ရတယ္လို႔ သိရပါတယ္။

ဒီကေန႔ ေဒးလီးေမးသတင္းက ေဖာ္ျပမႈအရ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္ မတိုင္ခင္မွာ ျပင္သစ္သား ကြင္းလယ္လူဟာ ပီအက္ဂ်ီကို ေျပာင္းဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရယူႏုိင္ခဲ့တာပါ။ ဒါေပမယ့္ ဘာစီလိုနာက ေနမာကို မေခၚယူႏုိင္ျခင္း ေနာက္ဆက္တြဲအျဖစ္ ေပါ့ဘာကလည္း ျပင္သစ္ကလပ္ထံ ေျပာင္းခြင့္ မရခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္ဂ်ီတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားျခင္း ခံခဲ့ရတဲ့ ေပါ့ဘာကို မန္ယူဘက္က လံုးဝ ေရာင္းထုတ္ဖို႔ မရွိခဲ့ပဲ ဆက္လက္ ထိန္းသိမ္းဖို႔ကိုပဲ အာရံုစိုက္ခဲ့ေသးတာျဖစ္ပါတယ္။ အေရးပါဆံုး အခ်က္ကေတာ့ ဘာစီလိုနာဟာ ျပင္သစ္အသင္း တာဝန္ရွိသူေတြနဲ႔ ဘရာဇီးတိုက္စစ္သမားကို ေခၚယူဖို႔ သေဘာတူညီမႈ မရတာက ေပါ့ဘာအေပၚ သက္ေရာက္မႈရွိခဲ့ပါတယ္။

ပီအက္ဂ်ီနဲ႔ တစ္ႏွစ္ကို ေပါင္ ၂၂ သန္းရမယ့္ စာခ်ဳပ္ကိစၥ ပ်က္ခဲ့ေပမယ့္ ေပါ့ဘာကို မန္ယူမွာပဲ ဆက္ရွိေနဖို႔ ဦးေဆာင္ခဲ့သူေတြထဲမွာ Adidas ကလည္း ၾကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့တာျဖစ္တယ္။ ေပါ့ဘာ အေျပာင္းအေရႊ႔ဟာ ကြင္းတြင္း စြမ္းေဆာင္ရည္အျပင္ ကြင္းျပင္ပ စီးပြားေရးဆိုင္ရာ စီမံမႈေတြနဲ႔လည္း အဓိက က်ခဲ့ေသးတာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွားက ေပါ့ဘာကို ေရာင္းထုတ္ျပီး သူ႔ကို ေရာင္းခ်ရာမွ ရလာတဲ့ ေငြေၾကးေတြနဲ႔ ကစားသမားသစ္ေတြ ျပန္ေခၚဖို႔လည္း အစီအစဥ္ေတြ ရွိခဲ့ေသးတယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပခဲ့ပါေသးတယ္။

UNICODE

ပြင်သစ်ကလပ် ပီအက်ဂျီနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ဟာ တစ်ပတ်ကို ပေါင် ၄၂၉၀၀၀ ရမယ့် စာချုပ်ကိစ္စ သဘောတူညီမှု ရခဲ့သေးပေမယ့် နေမာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လို့ ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဒေးလီးမေးသတင်းက ဖော်ပြမှုအရ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင်မှာ ပြင်သစ်သား ကွင်းလယ်လူဟာ ပီအက်ဂျီကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဘာစီလိုနာက နေမာကို မခေါ်ယူနိုင်ခြင်း နောက်ဆက်တွဲအဖြစ် ပေါ့ဘာကလည်း ပြင်သစ်ကလပ်ထံ ပြောင်းခွင့် မရခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်ဂျီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ ပေါ့ဘာကို မန်ယူဘက်က လုံးဝ ရောင်းထုတ်ဖို့ မရှိခဲ့ပဲ ဆက်လက် ထိန်းသိမ်းဖို့ကိုပဲ အာရုံစိုက်ခဲ့သေးတာဖြစ်ပါတယ်။ အရေးပါဆုံး အချက်ကတော့ ဘာစီလိုနာဟာ ပြင်သစ်အသင်း တာဝန်ရှိသူတွေနဲ့ ဘရာဇီးတိုက်စစ်သမားကို ခေါ်ယူဖို့ သဘောတူညီမှု မရတာက ပေါ့ဘာအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

ပီအက်ဂျီနဲ့ တစ်နှစ်ကို ပေါင် ၂၂ သန်းရမယ့် စာချုပ်ကိစ္စ ပျက်ခဲ့ပေမယ့် ပေါ့ဘာကို မန်ယူမှာပဲ ဆက်ရှိနေဖို့ ဦးဆောင်ခဲ့သူတွေထဲမှာ Adidas ကလည်း ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်။ ပေါ့ဘာ အပြောင်းအရွှေ့ဟာ ကွင်းတွင်း စွမ်းဆောင်ရည်အပြင် ကွင်းပြင်ပ စီးပွားရေးဆိုင်ရာ စီမံမှုတွေနဲ့လည်း အဓိက ကျခဲ့သေးတာဖြစ်တယ်။

မန်နေဂျာဆိုးရှားက ပေါ့ဘာကို ရောင်းထုတ်ပြီး သူ့ကို ရောင်းချရာမှ ရလာတဲ့ ငွေကြေးတွေနဲ့ ကစားသမားသစ်တွေ ပြန်ခေါ်ဖို့လည်း အစီအစဉ်တွေ ရှိခဲ့သေးတယ်လို့ အဆိုပါ သတင်းက ဖော်ပြခဲ့ပါသေးတယ်။