အာဆင္နယ္ ဂိုးသမား လီနိုက အဂၤလန္ျမိဳ႔ေတာ္ လန္ဒန္မွာ ထိုက္တန္တဲ့အရည္အခ်င္းေတြ ျပသကာ ကစားေနတဲ့အသင္းက အာဆင္နယ္ တစ္သင္းတည္းသာ ရွိတယ္လို႔ ယံုၾကည္စြာ ဆိုလိုက္ပါတယ္။ လီနိုက ခ်ယ္ဆီး၊ စပါးတို႔လို လန္ဒန္ အေျခစိုက္ အင္အားၾကီးကလပ္ေတြကို ထည့္မတြက္ပဲ ဆိုခဲ့တာ ျဖစ္ပါတယ္။

FIFA 20 ဂိမ္းအတြက္ ကစားသမားေတြရဲ႕ Ratings သတ္မွတ္ခ်က္ေတြကို ထုတ္ျပန္ေၾကညာေနရာ အာဆင္နယ္ခံစစ္မွဴး မူစတာဖီက မက္ဂိြဳင္းရားထက္ Ratings ပိုျမင့္ေနျခင္းက ယူႏုိက္တက္ပရိသတ္ေတြအတြက္ စိတ္ဆိုးေဒါသထြက္စရာ ျဖစ္လာေနပါတယ္။

အာဆင္နယ္နဲ႕ အေစာပိုင္းပြဲေတြမွာ အမွားအယြင္းေတြ ျပဳလုပ္ထားေသာ္လည္း ေဒးဗစ္လူး၀စ္ဟာ အခ်ိန္ အတိုင္းအတာတစ္ခုၾကာရင္ အမ္းမရိတ္မွာ ၄င္းရဲ႕ အေကာင္းဆံုးပံုစံေတြ ျပသနိုင္လိမ့္မယ္လို႔ ဂန္းနားတို႔ရဲ႕ အကယ္ဒမီနည္းျပ မာတီဆက္ကာက ေထာက္ခံေျပာၾကားခဲ့ပါတယ္။

လက္ေထာက္နည္းျပ ကာဆီဒို၊ ယြန္းဘတ္ အပါအဝင္ အာဆင္နယ္မန္ေနဂ်ာ အူႏုိင္းအမ္မရီရဲ႕ ပထမအသင္း နည္းျပအဖြဲ႔ဝင္ေတြဟာ စုစုေပါင္း ၂၃ ဦးျဖစ္ေၾကာင္း လန္ဒန္သတင္းဌာနက ထုတ္ေဖာ္ေၾကညာမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။

အာဆင္နယ္ အေနနဲ႕ အားတက္စရာ သတင္းမ်ား အျဖစ္ ေရာ့ဘ္ ဟိုးဒင္း အသင္းမွာ ေလ့က်င့္ေရး ျပန္ဆင္းေနတာ ရွိသလို ဘယ္လာရင္၊ တီရာေနးနဲ႕ မာဗရိုပါနိုတို႔အားလံုး မၾကာခင္ ထရိန္နင္မွာ လာေရာက္ပူးေပါင္း နုိင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ခ်က္ ရွိေနပါတယ္။

အာဆင္နယ္မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးဟာ ကလပ္အသင္းတစ္သင္းကို တာဝန္ယူျခင္း မဟုတ္ပဲ ဖီဖာရဲ႕ နည္းစနစ္ဆိုင္ရာ အၾကီးအကဲ တာဝန္ကို ထမ္းေဆာင္ဖို႔ သေဘာတူညီမႈ ရယူခဲ့ျပီျဖစ္ပါတယ္။

အာဆင္နယ္အသင္း အကယ္ဒမီမန္ေနဂ်ာ မာတီဆက္ကာက ကလပ္အသင္းသားေဟာင္း ဂနာဘီ အသင္းမွာ ေနရာမရခဲ့့တာက သူဟာ သင္ယူမႈေတြ လိုအပ္ေနဆဲ အခ်ိန္မွာ သူ႔ေနရာမွာ ခ်ိန္ဘာလိန္နဲ႔ ဝဲလ္ေကာ့တို႔က ကစားဖို႔ ရွိေနတာေၾကာင့္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

UNICODE

အာဆင်နယ် ဂိုးသမား လီနိုက အင်္ဂလန်မြို့တော် လန်ဒန်မှာ ထိုက်တန်တဲ့အရည်အချင်းတွေ ပြသကာ ကစားနေတဲ့အသင်းက အာဆင်နယ် တစ်သင်းတည်းသာ ရှိတယ်လို့ ယုံကြည်စွာ ဆိုလိုက်ပါတယ်။ လီနိုက ချယ်ဆီး၊ စပါးတို့လို လန်ဒန် အခြေစိုက် အင်အားကြီးကလပ်တွေကို ထည့်မတွက်ပဲ ဆိုခဲ့တာ ဖြစ်ပါတယ်။

FIFA 20 ဂိမ်းအတွက် ကစားသမားတွေရဲ့ Ratings သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာနေရာ အာဆင်နယ်ခံစစ်မှူး မူစတာဖီက မက်ဂွိုင်းရားထက် Ratings ပိုမြင့်နေခြင်းက ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာနေပါတယ်။

အာဆင်နယ်နဲ့ အစောပိုင်းပွဲတွေမှာ အမှားအယွင်းတွေ ပြုလုပ်ထားသော်လည်း ဒေးဗစ်လူးဝစ်ဟာ အချိန် အတိုင်းအတာတစ်ခုကြာရင် အမ်းမရိတ်မှာ ၎င်းရဲ့ အကောင်းဆုံးပုံစံတွေ ပြသနိုင်လိမ့်မယ်လို့ ဂန်းနားတို့ရဲ့ အကယ်ဒမီနည်းပြ မာတီဆက်ကာက ထောက်ခံပြောကြားခဲ့ပါတယ်။

လက်ထောက်နည်းပြ ကာဆီဒို၊ ယွန်းဘတ် အပါအဝင် အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီရဲ့ ပထမအသင်း နည်းပြအဖွဲ့ဝင်တွေဟာ စုစုပေါင်း ၂၃ ဦးဖြစ်ကြောင်း လန်ဒန်သတင်းဌာနက ထုတ်ဖော်ကြေညာမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ် အနေနဲ့ အားတက်စရာ သတင်းများ အဖြစ် ရော့ဘ် ဟိုးဒင်း အသင်းမှာ လေ့ကျင့်ရေး ပြန်ဆင်းနေတာ ရှိသလို ဘယ်လာရင်၊ တီရာနေးနဲ့ မာဗရိုပါနိုတို့အားလုံး မကြာခင် ထရိန်နင်မှာ လာရောက်ပူးပေါင်း နိုင်တော့မယ်လို့ မျှော်လင့်ချက် ရှိနေပါတယ်။

အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးဟာ ကလပ်အသင်းတစ်သင်းကို တာဝန်ယူခြင်း မဟုတ်ပဲ ဖီဖာရဲ့ နည်းစနစ်ဆိုင်ရာ အကြီးအကဲ တာဝန်ကို ထမ်းဆောင်ဖို့ သဘောတူညီမှု ရယူခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်း အကယ်ဒမီမန်နေဂျာ မာတီဆက်ကာက ကလပ်အသင်းသားဟောင်း ဂနာဘီ အသင်းမှာ နေရာမရခဲ့တာက သူဟာ သင်ယူမှုတွေ လိုအပ်နေဆဲ အချိန်မှာ သူ့နေရာမှာ ချိန်ဘာလိန်နဲ့ ဝဲလ်ကော့တို့က ကစားဖို့ ရှိနေတာကြောင့်လို့ ထုတ်ဖော်ပြောဆိုပါတယ်။