မန္ခ်က္စတာ ယူနိုက္တက္ လူငယ္ေတြဟာ ေျခစြမ္းေကာင္းေတြ ျပသေနခဲ့ေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈ ရဖို႔ အတြက္ ဒန္နီရယ္ဂ်ိမ္းစ္၊ ၀မ္ ဘစ္ဆာကာတို႔လို အေတြ႔အၾကံဳနုနယ္တဲ့ လူငယ္ေလးေတြနဲ႕ စြမ္းေဆာင္နိုင္မယ္လို႔ ယံုၾကည္မထားေၾကာင္း အာဆင္၀င္းဂါးက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဘီဘာအိုအသင္းတိုက္စစ္မွဴး Inaki Williams က ေႏြအေျပာင္းအေရႊ႔တုန္းက ယူႏုိက္တက္ဟာ သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းမႈ လုပ္ခဲ့ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။ ဒါေပမယ့္ လာလီဂါကလပ္မွာပဲ ဆက္ေနလိုျခင္းေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာပါလို႔ သူက ေျပာပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ပက္ထရစ္ အီဗရာဟာ အသင္း လူငယ္အကယ္ဒမီမွာ နည္းျပ အဖြဲ႕၀င္ထဲ ပါ၀င္ဖို႔ မန္ခ်က္စတာသို႔ ျပန္လာခဲ့ျပီ ျဖစ္ပါတယ္။ အသက္ ၃၈ နွစ္ ရွိျပီ ျဖစ္တဲ့ အီဗရာက ယူနိုက္တက္ U18 နည္းက ေနးလ္ ရို္ယန္ကို ကူညီေပးေနပါတယ္။

မန္ယူဟာ ေႏြတုန္းက ေခၚယူဖို႔ ၾကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ဂ်ဴဗင္တပ္တိုက္စစ္သမား ဒိုင္ဘာလာကို လာမယ့္ အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္မွာ ကမ္းလွမ္းမႈ ျပန္လုပ္မယ္ဆိုတဲ့ သတင္းေတြ က်ယ္ျပန္႔ေနပါတယ္။ ကစားသမားကေတာ့ ပံုရိပ္အသံုးျပဳခြင့္အတြက္ သေဘာတူညီမႈ မရျခင္းေၾကာင့္ အေျပာင္းအေရႊ႔ ပ်က္ျခင္းက မမွန္ကန္ပါေၾကာင္း ထုတ္ေျပာထားပါတယ္။

မန္ယူကြင္းလယ္လူ ေပါ့ဘာက ကလပ္အသင္းကို အီဗရာ ျပန္လာတဲ့အတြက္ ေပ်ာ္ရႊင္ေနေၾကာင္း ကစားသမားနဲ႔ အသင္းမွာ အတူရွိေနတဲ့ ဗီဒီယိုကို လူမႈကြန္ယက္ကေန ေဖာ္ျပသြားခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး လင္ဒီေလာ့ဖ္က နိုင္ငံအသင္း ဆြီဒင္နဲ႕ အတူ ေနာ္ေ၀အသင္းကို ရင္ဆုိင္တဲ့ ပြဲစဥ္မွာ ၄င္းေျခစြမ္း ဆိုး၀ါးခဲ့ေၾကာင္း ပြဲအျပီးမွာ ၀န္ခံေျပာဆိုခဲ့ပါတယ္။ ထိုပြဲမွာ ဆြီဒင္ ေနာ္ေ၀တို႔က တစ္ဖက္ တစ္ဂိုးစီ သေရက်သြားခဲ့ပါတယ္။

FIFA 20 ဂိမ္းအတြက္ ကစားသမားေတြရဲ႕ Ratings သတ္မွတ္ခ်က္ေတြကို ထုတ္ျပန္ေၾကညာေနရာ အာဆင္နယ္ခံစစ္မွဴး မူစတာဖီက မက္ဂိြဳင္းရားထက္ Ratings ပိုျမင့္ေနျခင္းက ယူႏုိက္တက္ပရိသတ္ေတြအတြက္ စိတ္ဆိုးေဒါသထြက္စရာ ျဖစ္လာေနပါတယ္။

UNICODE

မန်ချက်စတာ ယူနိုက်တက် လူငယ်တွေဟာ ခြေစွမ်းကောင်းတွေ ပြသနေခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် အောင်မြင်မှု ရဖို့ အတွက် ဒန်နီရယ်ဂျိမ်းစ်၊ ဝမ် ဘစ်ဆာကာတို့လို အတွေ့အကြုံနုနယ်တဲ့ လူငယ်လေးတွေနဲ့ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မထားကြောင်း အာဆင်ဝင်းဂါးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘီဘာအိုအသင်းတိုက်စစ်မှူး Inaki Williams က နွေအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း ထုတ်ပြောလိုက်ပါတယ်။ ဒါပေမယ့် လာလီဂါကလပ်မှာပဲ ဆက်နေလိုခြင်းကြောင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာပါလို့ သူက ပြောပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာဟာ အသင်း လူငယ်အကယ်ဒမီမှာ နည်းပြ အဖွဲ့ဝင်ထဲ ပါဝင်ဖို့ မန်ချက်စတာသို့ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ အီဗရာက ယူနိုက်တက် U18 နည်းက နေးလ် ရိုယန်ကို ကူညီပေးနေပါတယ်။

မန်ယူဟာ နွေတုန်းက ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာကို လာမယ့် အပြောင်းအရွှေ့ ဖွင့်ချိန်မှာ ကမ်းလှမ်းမှု ပြန်လုပ်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။ ကစားသမားကတော့ ပုံရိပ်အသုံးပြုခွင့်အတွက် သဘောတူညီမှု မရခြင်းကြောင့် အပြောင်းအရွှေ့ ပျက်ခြင်းက မမှန်ကန်ပါကြောင်း ထုတ်ပြောထားပါတယ်။

မန်ယူကွင်းလယ်လူ ပေါ့ဘာက ကလပ်အသင်းကို အီဗရာ ပြန်လာတဲ့အတွက် ပျော်ရွှင်နေကြောင်း ကစားသမားနဲ့ အသင်းမှာ အတူရှိနေတဲ့ ဗီဒီယိုကို လူမှုကွန်ယက်ကနေ ဖော်ပြသွားခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်က နိုင်ငံအသင်း ဆွီဒင်နဲ့ အတူ နော်ဝေအသင်းကို ရင်ဆိုင်တဲ့ ပွဲစဉ်မှာ ၎င်းခြေစွမ်း ဆိုးဝါးခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ ထိုပွဲမှာ ဆွီဒင် နော်ဝေတို့က တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။

FIFA 20 ဂိမ်းအတွက် ကစားသမားတွေရဲ့ Ratings သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာနေရာ အာဆင်နယ်ခံစစ်မှူး မူစတာဖီက မက်ဂွိုင်းရားထက် Ratings ပိုမြင့်နေခြင်းက ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာနေပါတယ်။