လီဗာပူးအသင္းဟာ အကယ္ဒမီမွ တိုက္စစ္သမား Paul Glatzel ကို သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ Glatzel က ဒီရာသီၾကိဳ အဖြင့္ပြဲစဥ္မွာ ကစားခြင့္ ရခဲ့သူ ျဖစ္ေပမယ့္ ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့တာေၾကာင့္ ဆက္လက္ မပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ ပထမအသင္း နည္းျပအဖြဲ႔ဝင္ေတြဟာ စုစုေပါင္း ၂၂ ဦးျဖစ္ေၾကာင္း ကလပ္အသင္း ဝဘ္ဆိုဒ္က နာမည္နဲ႔တကြ ေၾကညာခဲ့ပါတယ္။ ယာယီနဲ႔ အျမဲတမ္း နည္းျပအဖြဲ႔ေတြအားလံုးကို ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးဂိုးနည္းျပ John Achterberg က ဒီအပတ္ ပြဲစဥ္မွာ အယ္လီဆန္ ပါဝင္ဦးမွာ မဟုတ္ပဲ အတ္ဒရီယန္ပဲ ပြဲထြက္လာႏုိင္တဲ့အေၾကာင္း အရိပ္အျမြက္ ထုတ္ေျပာလိုက္ပါတယ္။ အယ္လီဆန္ဟာ ဒဏ္ရာက ျပန္သက္သာလာေပမယ့္ အခ်ိန္ အနည္းငယ္ ယူရဖြယ္ ရွိေနပါတယ္။

လီဗာပူးအသင္း နယ္သာလန္သား ခံစစ္မွဴး ဗန္ဒန္ဘယ္ရာက ခံစစ္မွဴးၾကီး ဗန္ဒိုက္က အစစအရာရာ သင္ျပေပးျပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ဘယ္လို အႏုိင္ယူခဲ့တယ္ဆိုတာ သင္ျပေပးခဲ့တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္စီးတီးခံစစ္မွဴး ကြန္ပနီရဲ႕ အထိမ္းအမွတ္ပြဲမွာ စီးတီး ပရိသတ္ေတြက စတီဗင္ဂ်ရတ္ ေျခေခ်ာ္မႈကို ေလးစားမႈကင္းမဲ့စြာပဲ သီခ်င္းလုပ္ သီဆို ေလွာင္ေျပာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

လီဗာပူးအသင္း ဘရာဇီး ကစားသမားေတြျဖစ္တဲ့ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ဟာ ပီရူးပြဲအျပီးမွာ အေမရိကန္ကေန လီဗာပူးကို ျပန္လာခဲ့ၾကျပီျဖစ္ပါတယ္။ မနက္အေစာပိုင္း ေရာက္ၾကမွာကလြဲလို႔ ၾကံ႕ခိုင္မႈ ေကာင္းေကာင္းမြန္မြန္ ရွိေနပါတယ္။

လီဗာပူးအသင္းဟာ နိုင္ငံတကာပြဲမ်ားအျပီးမွာ ရက္ဆက္ပြဲစဥ္မ်ား ကစားဖို႔ ရွိေပမယ့္ ျပိဳင္ဘက္အသင္းမ်ားကို မုန္တိုင္းဆင္ကာ တိုက္ပြဲ ၀င္သြားမွာ ျဖစ္တယ္လုိ႔ ခံစစ္မွဴး ဗန္ဒိုက္က ၾကံဳး၀ါးေျပာဆိုလိုက္ပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေယာက္မွာ အေကာငး္ဆံုး ခံစစ္မွဴး ျဖစ္တယ္လို႔ ဂၽြန္တယ္ရီ၊ ရီယိုဖာဒီနန္တို႔ကဲ့သို႔ ဂႏၱ၀င္မ်ားကို ေက်ာ္ျပီး စီးတီးခံစစ္မွဴးေဟာင္း ဗင္းဆင့္ ကြန္ပနီက ခ်ီးက်ဴးလိုက္ပါတယ္။

လီဗာပူးၾကယ္ပြင့္ အဂၤလန္ဆယ္ေက်ာ္သက္ေလး အီးလီးေယာ့ဟာ အဂၤလန္ယူ-၁၇ အသင္းက ပိုလန္ ယူ-၁၇ အသင္းကို အႏိုင္ရတဲ့ပြဲမွာ ပင္နယ္တီ အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ျပီး ကိုယ္တိုင္လည္း အဆံုးသတ္ႏုိင္ခဲ့ပါတယ္။

UNICODE

လီဗာပူးအသင်းဟာ အကယ်ဒမီမှ တိုက်စစ်သမား Paul Glatzel ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ Glatzel က ဒီရာသီကြို အဖွင့်ပွဲစဉ်မှာ ကစားခွင့် ရခဲ့သူ ဖြစ်ပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာကြောင့် ဆက်လက် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ပထမအသင်း နည်းပြအဖွဲ့ဝင်တွေဟာ စုစုပေါင်း ၂၂ ဦးဖြစ်ကြောင်း ကလပ်အသင်း ဝဘ်ဆိုဒ်က နာမည်နဲ့တကွ ကြေညာခဲ့ပါတယ်။ ယာယီနဲ့ အမြဲတမ်း နည်းပြအဖွဲ့တွေအားလုံးကို ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးဂိုးနည်းပြ John Achterberg က ဒီအပတ် ပွဲစဉ်မှာ အယ်လီဆန် ပါဝင်ဦးမှာ မဟုတ်ပဲ အတ်ဒရီယန်ပဲ ပွဲထွက်လာနိုင်တဲ့အကြောင်း အရိပ်အမြွက် ထုတ်ပြောလိုက်ပါတယ်။ အယ်လီဆန်ဟာ ဒဏ်ရာက ပြန်သက်သာလာပေမယ့် အချိန် အနည်းငယ် ယူရဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်း နယ်သာလန်သား ခံစစ်မှူး ဗန်ဒန်ဘယ်ရာက ခံစစ်မှူးကြီး ဗန်ဒိုက်က အစစအရာရာ သင်ပြပေးပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဘယ်လို အနိုင်ယူခဲ့တယ်ဆိုတာ သင်ပြပေးခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်စီးတီးခံစစ်မှူး ကွန်ပနီရဲ့ အထိမ်းအမှတ်ပွဲမှာ စီးတီး ပရိသတ်တွေက စတီဗင်ဂျရတ် ခြေချော်မှုကို လေးစားမှုကင်းမဲ့စွာပဲ သီချင်းလုပ် သီဆို လှောင်ပြောင်ခဲ့ကြတယ်လို့ သိရပါတယ်။

လီဗာပူးအသင်း ဘရာဇီး ကစားသမားတွေဖြစ်တဲ့ ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ဟာ ပီရူးပွဲအပြီးမှာ အမေရိကန်ကနေ လီဗာပူးကို ပြန်လာခဲ့ကြပြီဖြစ်ပါတယ်။ မနက်အစောပိုင်း ရောက်ကြမှာကလွဲလို့ ကြံ့ခိုင်မှု ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲများအပြီးမှာ ရက်ဆက်ပွဲစဉ်များ ကစားဖို့ ရှိပေမယ့် ပြိုင်ဘက်အသင်းများကို မုန်တိုင်းဆင်ကာ တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ ခံစစ်မှူး ဗန်ဒိုက်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်ယောက်မှာ အကောင်းဆုံး ခံစစ်မှူး ဖြစ်တယ်လို့ ဂျွန်တယ်ရီ၊ ရီယိုဖာဒီနန်တို့ကဲ့သို့ ဂန္တဝင်များကို ကျော်ပြီး စီးတီးခံစစ်မှူးဟောင်း ဗင်းဆင့် ကွန်ပနီက ချီးကျူးလိုက်ပါတယ်။

လီဗာပူးကြယ်ပွင့် အင်္ဂလန်ဆယ်ကျော်သက်လေး အီးလီးယော့ဟာ အင်္ဂလန်ယူ-၁၇ အသင်းက ပိုလန် ယူ-၁၇ အသင်းကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကိုယ်တိုင်လည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။