နုိင္ငံအသင္းမ်ားနဲ႕ အတူ သြားေရာက္ကစားေနတဲ့ အာဆင္နယ္ အသင္းသားေတြ အားလံုးက ကလပ္အသင္းထံ ၾကာသပေတးေန႔ မနက္ပိုင္းမွာ သတင္းပို႕ ျပန္လည္ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

ဇာခါနဲ႕ ေတာ္ရဲရားတို႔ နိုင္ငံအသင္းကိုယ္စီနဲ႕ ကစားစဥ္ ထိခိုက္ဟန္ရွိထားေပမယ့္ ေလာေလာဆယ္ထိ နုိင္ငံအသင္းေတြနဲ႕ ကစားရင္း ဒဏ္ရာရ အေျခအေနကို တရား၀င္ သတင္းပို႔ထားတာ မရွိေသးဘူးလို႔ အာဆင္နယ္ ၀က္ဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။

အာဆင္နယ္ရဲ႕ လက္ရွိ ဒဏ္ရာရ ကစားသမားေတြရဲ႕ ေနာက္ဆံုးရ အေျခအေနေတြက ေအာက္ပါတိုင္း ျဖစ္ပါတယ္။

ေရာ့ဘ္ ဟိုးဒင္း – အသင္းနဲ႕အတူ ေလ့က်င့္ေရးမွာ အျပည့္ ျပန္လည္ပါ၀င္ေနျပီ ျဖစ္ပါတယ္။

ဘယ္လာရင္ – ဘယ္ဒူး ဒဏ္ရာရထားတဲ့ ဘယ္လာရင္ကေတာ့ ျပန္လည္ထူေထာင္ေရး ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနျပီး ေကာင္းမြန္တဲ့ တိုးတက္မႈေတြ ရွိေနပါတယ္။ ဘယ္လာရင္က စက္တင္ဘာလထဲ အသင္းထရိန္နင္မွာ အျပည့္အ၀ ျပန္လည္ပါ၀င္လာနိုင္ဖို႔ ရည္မွန္းထားတာပါ။

တီရာေနး – ေပါင္ျခံဒဏ္ရာ ရွိေနတာေၾကာင့္ ကုသမႈမ်ား ဆက္လက္ခံယူေနဆဲ ျဖစ္ကာ ေကာင္းစြာ တိုးတက္ေကာင္းမြန္ေနပါတယ္။ တီရာေနးလည္းပဲ ဒီလထဲမွာ အသင္းထရိန္နင္ အျပည့္ဆင္းနုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

မာဗရိုပါနို႔စ္ – ေပါင္ျခံဒဏ္ရာပဲ ျဖစ္ျပီး ကုသမႈမ်ားဆက္လက္ခံယူေနကာ တီရာေနးနည္းတူ ဒီလထဲ ထရိန္နင္ ျပန္ဆင္းနုိင္ဖို႔ ရည္မွန္း ထားပါတယ္။

UNICODE – နိုင်ငံအသင်းများနဲ့ အတူ သွားရောက်ကစားနေတဲ့ အာဆင်နယ် အသင်းသားတွေ အားလုံးက ကလပ်အသင်းထံ ကြာသပတေးနေ့ မနက်ပိုင်းမှာ သတင်းပို့ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဇာခါနဲ့ တော်ရဲရားတို့ နိုင်ငံအသင်းကိုယ်စီနဲ့ ကစားစဉ် ထိခိုက်ဟန်ရှိထားပေမယ့် လောလောဆယ်ထိ နိုင်ငံအသင်းတွေနဲ့ ကစားရင်း ဒဏ်ရာရ အခြေအနေကို တရားဝင် သတင်းပို့ထားတာ မရှိသေးဘူးလို့ အာဆင်နယ် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိ ဒဏ်ရာရ ကစားသမားတွေရဲ့ နောက်ဆုံးရ အခြေအနေတွေက အောက်ပါတိုင်း ဖြစ်ပါတယ်။

ရော့ဘ် ဟိုးဒင်း – အသင်းနဲ့အတူ လေ့ကျင့်ရေးမှာ အပြည့် ပြန်လည်ပါဝင်နေပြီ ဖြစ်ပါတယ်။

ဘယ်လာရင် – ဘယ်ဒူး ဒဏ်ရာရထားတဲ့ ဘယ်လာရင်ကတော့ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ ဘယ်လာရင်က စက်တင်ဘာလထဲ အသင်းထရိန်နင်မှာ အပြည့်အ၀ ပြန်လည်ပါဝင်လာနိုင်ဖို့ ရည်မှန်းထားတာပါ။

တီရာနေး – ပေါင်ခြံဒဏ်ရာ ရှိနေတာကြောင့် ကုသမှုများ ဆက်လက်ခံယူနေဆဲ ဖြစ်ကာ ကောင်းစွာ တိုးတက်ကောင်းမွန်နေပါတယ်။ တီရာနေးလည်းပဲ ဒီလထဲမှာ အသင်းထရိန်နင် အပြည့်ဆင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မာဗရိုပါနို့စ် – ပေါင်ခြံဒဏ်ရာပဲ ဖြစ်ပြီး ကုသမှုများဆက်လက်ခံယူနေကာ တီရာနေးနည်းတူ ဒီလထဲ ထရိန်နင် ပြန်ဆင်းနိုင်ဖို့ ရည်မှန်းထားပါတယ်။