စက္တင္ဘာ ၂၅ ရက္ ေန႔မွာေတာ့ ကာရာေဘာင္းဖလား တတိယအဆင့္ ပြဲစဥ္အျဖစ္ ခ်ယ္ဆီးအသင္းဟာ လိဂ္တူးကလပ္ ဂရင္စဘီေတာင္း အသင္းကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္မတိုင္ခင္ ရွက္ဖီးနဲ႔ပြဲမွာ ခ်ယ္ဆီးအတြက္ ပြဲထြက္ကစားေပးႏုိင္ခဲ့တဲ့ လူငယ္ခံစစ္မွဴး တိုမိုရီကို ဆက္လက္ျပီး ေနရာေပးဖို႔ ခ်ယ္ဆီးပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။

ခ်ယ္ဆီးအသင္း ဆယ္ေက်ာ္သက္ လူငယ္ ေတာင္ပံ တိုက္စစ္သမား အိုဒိြဳင္းဟာ ဒဏ္ရာကေန ျပန္သက္လာေနျပီျဖစ္ပါတယ္။ မၾကာခင္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာမယ့္ အိုဒိြဳင္းဟာ လာမယ့္အပတ္မွာ ကလပ္အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆို သြားႏိုင္တယ္လို႕ သိရပါတယ္။

၂၀၁၉-၂၀၂၀ ဥေရာပ ေဘာလံုးပြဲေတြအၾကိဳ UEFA က ကလပ္အသင္း အဆင့္သက္မွတ္ခ်က္ေတြ ထုတ္ျပန္လာရာမွာ ယူရိုပါလိဂ္ လက္ရွိခ်န္ပီယံျဖစ္တဲ့ ခ်ယ္ဆီးအသင္းက မႏွစ္က အဆင့္ ၁၂ ေနရာမွာ ရွိေနရာက ဒီႏွစ္မွာ အဆင့္ ၁၄ ေနရာကို အံ့အားသင့္ဖြယ္အျဖစ္ အဆင့္က်ဆင္းသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႔ေစ်းကြက္မွာ ဝင္ေရာက္ လႈပ္ရွားခြင့္ရရင္ မန္ေနဂ်ာလမ္းပတ္အတြက္ ပထမဆံုး ေခၚယူမႈအျဖစ္ ျပင္သစ္ကလပ္ ႏုိက္အသင္းမွ ညာအစြန္လူ Youcef Atal ကို ေခၚယူမယ္လို႔ သတင္းၾကီးလာေနပါတယ္။

ခ်ယ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္ဟာ ကြင္းလယ္လူ ကန္တီရဲ႕ အေျပာင္းအေရႊ႔ကိစၥ သေဘာတူညီမႈ ေပးမယ့္အေပၚ သတင္းထြက္မႈေတြ ရွိလာေနပါတယ္။ ဒီအေၾကာင္းကို ကလပ္အသင္းဘက္ကေတာ့ တုန္႔ျပန္လာျခင္း မရွိေသးပါဘူး။

ခ်ယ္ဆီးအသင္း တိုက္စစ္မွဴး ေအဗရာဟမ္က သူ႔ဟာ ဂႏၶဝင္ ကစားသမားႀကီး ဒီဒီယာဒေရာ့ဘာကို ေစာင့္ၾကည့္ရင္း ႀကီးျပင္းလာခဲ့သူျဖစ္ျပီး သူအျမဲအားက်ခဲ့ရတဲ့ ကစားသမားၾကီးရဲ႕ ဟန္ေတြကို အတုယူေနရပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီကမွ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားခဲ့တဲ့ ကလပ္အသင္း လူငယ္ၾကယ္ပြင့္ေလး လူးကပ္ ပီယာဇြန္က မၾကာခင္မွာပဲ လန္ဒန္ကလပ္ကေန ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

UNICODE

စက်တင်ဘာ ၂၅ ရက် နေ့မှာတော့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းဟာ လိဂ်တူးကလပ် ဂရင်စဘီတောင်း အသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ရှက်ဖီးနဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့တဲ့ လူငယ်ခံစစ်မှူး တိုမိုရီကို ဆက်လက်ပြီး နေရာပေးဖို့ ချယ်ဆီးပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

ချယ်ဆီးအသင်း ဆယ်ကျော်သက် လူငယ် တောင်ပံ တိုက်စစ်သမား အိုဒွိုင်းဟာ ဒဏ်ရာကနေ ပြန်သက်လာနေပြီဖြစ်ပါတယ်။ မကြာခင် ပွဲထွက်လူစာရင်းမှာ ပါဝင်လာမယ့် အိုဒွိုင်းဟာ လာမယ့်အပတ်မှာ ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို သွားနိုင်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ဥရောပ ဘောလုံးပွဲတွေအကြို UEFA က ကလပ်အသင်း အဆင့်သက်မှတ်ချက်တွေ ထုတ်ပြန်လာရာမှာ ယူရိုပါလိဂ် လက်ရှိချန်ပီယံဖြစ်တဲ့ ချယ်ဆီးအသင်းက မနှစ်က အဆင့် ၁၂ နေရာမှာ ရှိနေရာက ဒီနှစ်မှာ အဆင့် ၁၄ နေရာကို အံ့အားသင့်ဖွယ်အဖြစ် အဆင့်ကျဆင်းသွားခဲ့ပါတယ်။

ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ ကန်တီရဲ့ အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ပေးမယ့်အပေါ် သတင်းထွက်မှုတွေ ရှိလာနေပါတယ်။ ဒီအကြောင်းကို ကလပ်အသင်းဘက်ကတော့ တုန့်ပြန်လာခြင်း မရှိသေးပါဘူး။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဝင်ရောက် လှုပ်ရှားခွင့်ရရင် မန်နေဂျာလမ်းပတ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် နိုက်အသင်းမှ ညာအစွန်လူ Youcef Atal ကို ခေါ်ယူမယ်လို့ သတင်းကြီးလာနေပါတယ်။

ချယ်ဆီးအသင်း တိုက်စစ်မှူး အေဗရာဟမ်က သူ့ဟာ ဂန္ဓဝင် ကစားသမားကြီး ဒီဒီယာဒရော့ဘာကို စောင့်ကြည့်ရင်း ကြီးပြင်းလာခဲ့သူဖြစ်ပြီး သူအမြဲအားကျခဲ့ရတဲ့ ကစားသမားကြီးရဲ့ ဟန်တွေကို အတုယူနေရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့နွေရာသီကမှ ကာလရှည် စာချုပ်သစ် ချုပ်ဆိုထားခဲ့တဲ့ ကလပ်အသင်း လူငယ်ကြယ်ပွင့်လေး လူးကပ် ပီယာဇွန်က မကြာခင်မှာပဲ လန်ဒန်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။