မန္ယူဟာ ဒီအပတ္အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ လက္စတာနဲ႔ ပြဲအတြက္ စီနီယာအသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈျပသနာေတြ ရင္ဆုိင္ရဖြယ္ ရွိျပီး အသင္းသား ၅ ဦးဟာ ၾကံ႕ခိုင္မႈ မျပည့္ဝတဲ့ ျပသနာနဲ႔ ရင္ဆိုင္ေနရပါတယ္။

အဂၤလန္လက္ေရြးစင္ေတြျဖစ္တဲ့့ လုေရွာ၊ ဘစ္ဆာကာ၊ လင္ဂတ္တို႔ဟာ ဒီတေလာ ယူရိုေျခစစ္ပြဲစဥ္ေတြမွာ ပါဝင္ကစားႏုိင္ျခင္း မရွိသလို ကြင္းလယ္လူ ေပါ့ဘာနဲ႔ တိုက္စစ္သမား မာရွယ္တို႔ကလည္း ဒဏ္ရာျပသနာေတြေၾကာင့္ လက္ေရြးစင္လူစာရင္းေတြမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။

ထို အဂၤလန္သား ကစားသမား ငါးဦးလံုးဟာ လက္စတာနဲ႔ပြဲအမွီ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာဖြယ္ ရွိမရွိကို ေစာင့္ၾကည့္ေနရဆဲ ျဖစ္ျပီး ဆိုးရွားရဲ႕ အတည္ျပဳခ်က္ကို ေမွ်ာ္လင့္ေနၾကဆဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ မတ္လတုန္းက ေဒါ့မြန္ၾကယ္ပြင့္ ကစားသမား ဆန္ခ်ိဳကို ပရီးမီးယားလိဂ္ထံ ျပန္လည္ ေခၚယူဖို႔ ကိစၥနဲ႔ ပက္သက္ျပီး မန္ခ်က္စတာ ကလပ္ တစ္သင္းက ၾကိဳးစားခဲ့ေပမယ့္ ဘယ္အသင္းလဲဆိုတာကို ကြဲျပားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ေဒါ့မြန္ အၾကီးအကဲျဖစ္သူ Michael Zorc က ထိုအသင္းဟာ ယူနိုက္တက္ ျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါျပီ။

မန္ယူနဲ႕ လီဗာပူးအသင္းတို႔ဟာ ကြင္းလယ္ဖန္တီးမႈအား ေကာင္းတဲ့ လက္စတာမွာ အဂၤလန္သား ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္ဒီဆင္ကို ေခၚယူဖို႔ အျပဳိင္ျဖစ္လာၾကျပီး ကစားသမား တန္ေၾကးက ေပါင္ သန္း ၁၀၀ ေလာက္ထိ ေရာက္သြားနိုင္တယ္လို႔ အဂၤလန္ အားကစားသံုးသပ္သူ ေဂ်ဆန္ကန္ဒီက ထုတ္ေျပာလာပါတယ္။

အဂၤလန္တိုက္စစ္မွဴးေဟာင္း စတန္ကိုလီမိုးက ရပ္ဖိုဒ့္အေနနဲ႔ လက္ေရြးစင္နဲ႔ ကလပ္အသင္းေတြမွာ မွန္ကန္တဲ့ ေရြးခ်ယ္မႈကို ျပဳလုပ္ဖို႔လိုျပီး ကိုယ္ဘာသာ ေမာ္ဒန္ ဝဲလ္ေကာ့ အျဖစ္ ခံမလား၊ အေကာင္းဆံုး အေထာင္တုိက္စစ္မွဴးလုပ္မလား ေဝဖန္ပိုင္းျခားသင့္ေနပါျပီလို႔ သတိေပး စကား ဆိုသြားပါတယ္။

မန္ယူ ဂိုးသမား ဒီဂီယာ အေနနဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္အတြက္ အျမန္ဆံုး ဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ ၀ါရင္႔ ဂိုးသမားေဟာင္း ရွ၀ါဇာ က သတိေပးစကား ေျပာၾကားသြားခဲ႔ပါတယ္။ ဒီဂီယာ ကိုေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္နဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔က စိတ္၀င္စားေနပါတယ္။

မန္ယူကင္းေထာက္ေတြဟာ ဘင္ဖီကာ အသင္းမွ ေပၚတူဂီ လူငယ္ ကြင္းလယ္လူ ဖေလာ္ရန္တီႏို လူးဝစ္ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ လူးဝစ္ကိုေတာ့ မန္စီးတီးကလဲ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ထားပါေသးတယ္။

ကြင္းလယ္ကစားသမား ေပါ့ဘာ အတြက္ မန္ယူအသင္းက ေျပာင္းေရႊ႕ေၾကးကို ယူရို ၁၇၈ သန္းထိ သတ္မွတ္လိုက္ျပီလို႔ သိရပါတယ္။ အေစာပိုင္းက ေပါ့ဘာတန္ေၾကးကို ယူရို သန္း ၁၅၀ လို႔ ဆိုထားေပမယ့္ ဇန္န၀ါရီမွာ အသင္းေျပာင္းမယ့္ အလားအလာ ရွိေနဆဲ ျဖစ္တာေၾကာင့္ အခုလို ျပင္ဆင္ သတ္မွတ္လိုက္တာလို႔ သတင္းထြက္ေပၚလာပါတယ္။

UNICODE

မန်ယူဟာ ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ ပွဲအတွက် စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှုပြသနာတွေ ရင်ဆိုင်ရဖွယ် ရှိပြီး အသင်းသား ၅ ဦးဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။

အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့ လုရှော၊ ဘစ်ဆာကာ၊ လင်ဂတ်တို့ဟာ ဒီတလော ယူရိုခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိသလို ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်သမား မာရှယ်တို့ကလည်း ဒဏ်ရာပြသနာတွေကြောင့် လက်ရွေးစင်လူစာရင်းတွေမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ထို အင်္ဂလန်သား ကစားသမား ငါးဦးလုံးဟာ လက်စတာနဲ့ပွဲအမှီ ကြံ့ခိုင်မှု ပြန်ကောင်းလာဖွယ် ရှိမရှိကို စောင့်ကြည့်နေရဆဲ ဖြစ်ပြီး ဆိုးရှားရဲ့ အတည်ပြုချက်ကို မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ဒေါ့မွန်ကြယ်ပွင့် ကစားသမား ဆန်ချိုကို ပရီးမီးယားလိဂ်ထံ ပြန်လည် ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး မန်ချက်စတာ ကလပ် တစ်သင်းက ကြိုးစားခဲ့ပေမယ့် ဘယ်အသင်းလဲဆိုတာကို ကွဲပြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒေါ့မွန် အကြီးအကဲဖြစ်သူ Michael Zorc က ထိုအသင်းဟာ ယူနိုက်တက် ဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါပြီ။

မန်ယူနဲ့ လီဗာပူးအသင်းတို့ဟာ ကွင်းလယ်ဖန်တီးမှုအား ကောင်းတဲ့ လက်စတာမှာ အင်္ဂလန်သား ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ အပြိုင်ဖြစ်လာကြပြီး ကစားသမား တန်ကြေးက ပေါင် သန်း ၁၀၀ လောက်ထိ ရောက်သွားနိုင်တယ်လို့ အင်္ဂလန် အားကစားသုံးသပ်သူ ဂျေဆန်ကန်ဒီက ထုတ်ပြောလာပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း စတန်ကိုလီမိုးက ရပ်ဖိုဒ့်အနေနဲ့ လက်ရွေးစင်နဲ့ ကလပ်အသင်းတွေမှာ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ဖို့လိုပြီး ကိုယ်ဘာသာ မော်ဒန် ဝဲလ်ကော့ အဖြစ် ခံမလား၊ အကောင်းဆုံး အထောင်တိုက်စစ်မှူးလုပ်မလား ဝေဖန်ပိုင်းခြားသင့်နေပါပြီလို့ သတိပေး စကား ဆိုသွားပါတယ်။

မန်ယူ ဂိုးသမား ဒီဂီယာ အနေနဲ့ သက်တမ်းတိုး စာချုပ်သစ်အတွက် အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့အတွက် ဝါရင့် ဂိုးသမားဟောင်း ရှဝါဇာ က သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။ ဒီဂီယာ ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေပါတယ်။

မန်ယူကင်းထောက်တွေဟာ ဘင်ဖီကာ အသင်းမှ ပေါ်တူဂီ လူငယ် ကွင်းလယ်လူ ဖလော်ရန်တီနို လူးဝစ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ လူးဝစ်ကိုတော့ မန်စီးတီးကလဲ စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါသေးတယ်။

ကွင်းလယ်ကစားသမား ပေါ့ဘာ အတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေးကို ယူရို ၁၇၈ သန်းထိ သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ အစောပိုင်းက ပေါ့ဘာတန်ကြေးကို ယူရို သန်း ၁၅၀ လို့ ဆိုထားပေမယ့် ဇန်နဝါရီမှာ အသင်းပြောင်းမယ့် အလားအလာ ရှိနေဆဲ ဖြစ်တာကြောင့် အခုလို ပြင်ဆင် သတ်မှတ်လိုက်တာလို့ သတင်းထွက်ပေါ်လာပါတယ်။