



မန်စီးတီးးရဲ့ အဓိကကွင်းလယ်လူ ဒီဘရိုင်းက အင်္ဂလန်မြေကို စွန့်ခွာဖြစ်ခဲ့ပါက သူ့ရဲ့ဇာတိ ဘယ်ဂျီယံက အသင်းဖော်ဟောင်း ကွန်ပနီ ရှိနေတဲ့ အန်ဒါလက်ခ်ျ အသင်းကိုပြောင်းဖို့ အစီအစဉ်ရှိနေတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။



ဥရောပချန်ပီယံအဖြစ် လီဗာပူးဟာ UEFA အဆင့် တက်လာပေမယ့် မန်စီးတီးကို မကျော်သေးပါဘူး။ ပရီးမီးယားလိဂ်အသင်းတွေထဲက ထိပ်ဆုံး ၁၀ သင်းစာရင်းကို ဝင်လာခဲ့တဲ့ ကလပ်အသင်း ၄ သင်းရှိပြီး မန်စီးတီးက နံပါတ် ၆ နေရာက ဦးဆောင်နေပါတယ်။

ကွန်ပနီ အတွက် နှုတ်ဆက် အမှတ်တရ ပွဲအဖြစ် မန်စီးတီး ဂန္တဝင် အသင်းနဲ့ ပရီးမီးယားလိဂ် Allstars ဂန္တဝင် အသင်းတို့ဟာ ယနေ့ညမှာ ကစားသွားဖို့ရှိနေပါတယ်။ဒီဘရိုင်းကတော့ မန်စီးတီး အသင်းကို သူပြောင်းရွှေ့လာဖို့ ကွန်ပနီက အရေးပါတဲ့ နေရာမှာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မန်စီးတီးရဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူ ဒီဘရိုင်းဟာ စကော့တလန်နဲ့ပွဲမှာ ဂိုးဖန်တီးမှု (၃) ကြိမ်ပြုလုပ်ကာ (၁) ဂိုးသွင်းယူပြီး လက်ရွေးစင်အသင်း အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ စကော့တလန် ကွင်းလယ်လူ ခရစ္စတင်းက ဒီဘရိုင်းရဲ့ ခြေစွမ်းကို အထူးချီးကျူးခဲ့ပြီး စံပြအဖြစ် လေ့လာခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ်။

အင်္ဂလန်နဲ့ ကိုဆိုဗိုပွဲမှာ ကိုယ်တိုင်ဂိုးသွင်းပြီး အသင်းဖော် တွေ ဖြစ်တဲ့ ဆန်ချို၊ ဟယ်ရီကိန်းတို့ ဂိုးရဖို့ ဖန်တီး ပေးနိုင်ခဲ့တဲ့ စတာလင်ဟာ ပရိတ်သတ်ထဲကို သွားပြီးတော့ အော်တို လက်မှတ် ရေးထိုးပေးခဲ့ကာ သူက ဂျာစီ၊ ဘောင်းဘီ နဲ့ ဖိနပ်တွေကိုပါ ပေးခဲ့ပါတာကြောင့် ပရိသတ်တွေရဲ့ နှစ်သက်ခြင်း ခံနေရပါတယ်။

မန်စီးတီးးရဲ့ အဓိကကွင်းလယ်လူ ဒီဘရိုင်းက အင်္ဂလန်မြေကို စွန့်ခွာဖြစ်ခဲ့ပါက သူ့ရဲ့ဇာတိ ဘယ်ဂျီယံက အသင်းဖော်ဟောင်း ကွန်ပနီ ရှိနေတဲ့ အန်ဒါလက်ချ် အသင်းကိုပြောင်းဖို့ အစီအစဉ်ရှိနေတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

မတ်လတုန်းက ဒေါ့မွန်စတား ဆန်ချိုကို ပရီးမီးယားလိဂ်ထံ ပြန်လည် ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး မန်ချက်စတာကလပ် တစ်သင်းက ကြိုးစားခဲ့တာကို အင်္ဂလန်မီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဘယ်အသင်းလည်းဆိုတာကို ကွဲပြားခဲ့ခြင်း မရှိခဲ့ပေမယ့် ဒေါ့မွန် အကြီးအကဲဖြစ်သူ Michael Zorc က မန်ယူဖြစ်တယ်လို့ အတည်ပြုပါတယ်။

မန်စီးတီးအသင်းဟာ ဂျာမနီကလပ် ဘိုင်ယန်မြူနစ်ဘက်က ကစားသမားအတွက် ကမ်းလှမ်းလာမှုတွေ ထပ်မလုပ်လာခင်မှ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ဆာနေးကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။