ZAWGYI – လီဗာပူး အသင္းဟာ ျပီးခဲ့တဲ့ ႏွစ္ရာသီအတြင္း ကစားသမားသစ္ ေခၚယူမႈနဲ႔ ကာလရွည္ သက္တမ္းတိုးမႈေတြ လုပ္ေဆာင္ေနခဲ့ျပီး ဒီရာသီမွာ လည္း စီနီယာအသင္းသား ေလးဦးကို ကာလရွည္ သက္တမ္းတိုးႏုိင္ဖို႔ ၾကိဳးစားေနျပီျဖစ္ပါတယ္။

လီဗာပူးဟာ ကလပ္အသင္းရဲ႕ ေထာက္တိုင္ေတြျဖစ္တဲ့ ဗန္ဒိုက္၊ မာတစ္၊ ဝိုက္နယ္ဒမ္၊ မီလ္နာတို႔ကို သက္တမ္းတိုးမႈေတြ လုပ္ေဆာင္ဖို႔ စီစဥ္ေနျပီ ျဖစ္ပါတယ္။ အထူးသျဖင့္ ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးျပီျဖစ္ျပီး အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာႏုိင္ေတာ့မယ့့္ မာတစ္နဲ႔ မီလ္နာတို႔ကို ဦးစားေပး အေနနဲ႕ သက္တမ္းတိုးဖို႔ ၾကိဳးစားမွာပါ။

လီဗာပူးနဲ႕ မန္ယူ အသင္းတို႔ဟာ ကြင္းလယ္ဖန္တီးမႈအား ေကာင္းတဲ့ လက္စတာမွာ အဂၤလန္သား ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္ဒီဆင္ကို ေခၚယူဖို႔ အျပဳိင္ျဖစ္လာၾကျပီး ကစားသမား တန္ေၾကးက ေပါင္ သန္း ၁၀၀ ေလာက္ထိ ေရာက္သြားနိုင္တယ္လို႔ အဂၤလန္ အားကစားသံုးသပ္သူ ေဂ်ဆန္ကန္ဒီက ထုတ္ေျပာလာပါတယ္။

ျပီးခဲ့တဲ့နွစ္ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တဲ့ လီဗာပူးအသင္းဟာ ဥေရာပ အဆင့္သတ္မွတ္ခ်က္မွာ ယခင္ အဆင့္ ၁၁ ေနရာကေန အဆင့္ ၈ ကို ခုန္တက္ လာႏုိင္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကို ေပါင္ ၅၃ သန္းနဲ႔ ေျပာင္းေရႊ႔ဖို႔ ျဖစ္ခဲ့ျပီးမွ ပ်က္ျပယ္ခဲ့တဲ့ ဖယ္ကီရာကေတာ့ ေနာက္ကြယ္က အေၾကာင္းရင္းတစ္ခုကို ထုတ္ေျပာလာခဲ့ျပီျဖစ္ပါတယ္။

ဖယ္ကီရာက သူဟာ လီဗာပူးအသင္းနဲ႔ ေဆးစစ္ျပီးခဲ့တယ္လို႔ ဝန္ခံခဲ့ျပီး အဲ့သည္ေနာက္ပိုင္းမွ လီဗာပူးဘက္က ေနာက္ဆုတ္သြားခ့ဲတာလို႔ ဆိုပါတယ္။ လီဗာပူးဘက္က အေျပာင္းအေရႊ႔ ပ်က္ျပယ္ရျခင္း အေၾကာင္းျပခ်က္ကိုေတာ့ ဒူးဒဏ္ရာလို႔ ေပးခဲ့တာျဖစ္ေၾကာင္း ဖယ္ကီရာက ေျပာျပခဲ့တာျဖစ္တယ္။

ယူအီးအက္ဖ္ေအရဲ႕ အဆင့္ သတ္မွတ္ခ်က္ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္း ကစားတဲ့ပြဲေတြမွာ အႏုိင္ရမႈ၊ အျခားေသာ အပိုထပ္ေဆာင္းေပးတဲ့ အမွတ္ေတြကို ထည့္တြက္ျခင္းျဖစ္ကာ ထိပ္ဆံုးေနရာမွာ ရီးရဲလ္မက္ဒရစ္က ဆက္လက္ ဦးေဆာင္ဆဲျဖစ္တယ္။ ထိပ္ဆံုး သံုးသင္းမွာေတာ့ ရီးရဲလ္မက္ဒရစ္၊ တီကိုနဲ႔ ဘာစီလိုနာတို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။

လီဗာပူး တိုက္စစ္မွဴး မာေနးက အသင္းမွာ ေပ်ာ္ရႊင္ေနျပီး လီဗာပူးကို စြန္႔ခြာသြားဖို႔ အစီအစဥ္မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဘန္ေလနဲ႕ပြဲမွာ ဆာလာနဲ႕ အဆင္မေျပတဲ့ပံုစံ ျမင္ခဲ့ရတာေၾကာင့္ မာေနး အသင္းကေန ထြက္ခြာသြားနုိင္တဲ့ သတင္းမ်ား ထြက္ခဲ့ပါေသးတယ္။

Myan News

UNICODE – လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ကစားသမားသစ် ခေါ်ယူမှုနဲ့ ကာလရှည် သက်တမ်းတိုးမှုတွေ လုပ်ဆောင်နေခဲ့ပြီး ဒီရာသီမှာ လည်း စီနီယာအသင်းသား လေးဦးကို ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

လီဗာပူးဟာ ကလပ်အသင်းရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်၊ ဝိုက်နယ်ဒမ်၊ မီလ်နာတို့ကို သက်တမ်းတိုးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနွေမှာ စာချုပ်ကုန်ဆုံးပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မယ့် မာတစ်နဲ့ မီလ်နာတို့ကို ဦးစားပေး အနေနဲ့ သက်တမ်းတိုးဖို့ ကြိုးစားမှာပါ။

လီဗာပူးနဲ့ မန်ယူ အသင်းတို့ဟာ ကွင်းလယ်ဖန်တီးမှုအား ကောင်းတဲ့ လက်စတာမှာ အင်္ဂလန်သား ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ အပြိုင်ဖြစ်လာကြပြီး ကစားသမား တန်ကြေးက ပေါင် သန်း ၁၀၀ လောက်ထိ ရောက်သွားနိုင်တယ်လို့ အင်္ဂလန် အားကစားသုံးသပ်သူ ဂျေဆန်ကန်ဒီက ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်းဟာ ဥရောပ အဆင့်သတ်မှတ်ချက်မှာ ယခင် အဆင့် ၁၁ နေရာကနေ အဆင့် ၈ ကို ခုန်တက် လာနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဖြစ်ခဲ့ပြီးမှ ပျက်ပြယ်ခဲ့တဲ့ ဖယ်ကီရာကတော့ နောက်ကွယ်က အကြောင်းရင်းတစ်ခုကို ထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။

ဖယ်ကီရာက သူဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်ပြီးခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အဲ့သည်နောက်ပိုင်းမှ လီဗာပူးဘက်က နောက်ဆုတ်သွားခဲ့တာလို့ ဆိုပါတယ်။ လီဗာပူးဘက်က အပြောင်းအရွှေ့ ပျက်ပြယ်ရခြင်း အကြောင်းပြချက်ကိုတော့ ဒူးဒဏ်ရာလို့ ပေးခဲ့တာဖြစ်ကြောင်း ဖယ်ကီရာက ပြောပြခဲ့တာဖြစ်တယ်။

ယူအီးအက်ဖ်အေရဲ့ အဆင့် သတ်မှတ်ချက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကစားတဲ့ပွဲတွေမှာ အနိုင်ရမှု၊ အခြားသော အပိုထပ်ဆောင်းပေးတဲ့ အမှတ်တွေကို ထည့်တွက်ခြင်းဖြစ်ကာ ထိပ်ဆုံးနေရာမှာ ရီးရဲလ်မက်ဒရစ်က ဆက်လက် ဦးဆောင်ဆဲဖြစ်တယ်။ ထိပ်ဆုံး သုံးသင်းမှာတော့ ရီးရဲလ်မက်ဒရစ်၊ တီကိုနဲ့ ဘာစီလိုနာတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

လီဗာပူး တိုက်စစ်မှူး မာနေးက အသင်းမှာ ပျော်ရွှင်နေပြီး လီဗာပူးကို စွန့်ခွာသွားဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဘန်လေနဲ့ပွဲမှာ ဆာလာနဲ့ အဆင်မပြေတဲ့ပုံစံ မြင်ခဲ့ရတာကြောင့် မာနေး အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ သတင်းများ ထွက်ခဲ့ပါသေးတယ်။

Myan News