ZAWGYI – အာဆင္နယ္နည္းျပ အူနိုင္း အမ္မရီက ကစားသမားသစ္ေတြသာ အထိုင္က်လာခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္း ပိုမို ေကာင္းမြန္လာလိမ့္မယ္ လို႔ ဆိုလိုက္ျပီး ကြင္းလယ္လူငယ္ ကစားသမား ဂြမ္ဒူဇီကိုလည္း ခ်ီးက်ဴးစကား ဆိုခဲ့ကာ စံနမူနာယူသင့္တဲ့ ကစားသမား ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

နိုင္ငံအသင္း ဥ႐ုေဂြးအသင္းနဲ႕ အတူ ကစားရင္း ႂကြက္သားဒဏ္ရာရလာခဲ့တဲ့ ကြင္းလယ္ကစားသမား လူးကပ္ ေတာ္ရဲရားဟာ ဝက္ဒ္ဖို႔နဲ႕ ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အဂၤလန္ လက္ေရြးစင္အသင္းမွာ ပြဲထြက္ ကစားခြင္႔ရေနျပီျဖစ္တဲ႔ လူငယ္ကစားသမားေလး ဆန္ခ်ိဳ ကိုေခၚယူဖို႔ အာဆင္နယ္က အာစင္၀င္ဂါး ရွိေနစဥ္မွာ ၾကိဳးစားခဲ႔ဖူးေၾကာင္း သိရပါတယ္။ ဆန္ခ်ိဳက ေဒါ႔မြန္ အသင္းမွာ ရွိေနဆဲ ျဖစ္ျပီး ၄င္းကို ေခၚဖို႔ မန္ယူအသင္းက ၾကိဳးစားထားပါတယ္။

အဂၤလန္ U-21 အသင္းနဲ႕ အတူ ေျခစြမ္းျပေနတဲ့ အာဆင္နယ္ လူငယ္ကစားသမား ဆာကာကို ဂန္းနား ပရိသတ္ေတြ နွစ္သက္ သေဘာက် ေနၾကျပီး အာဆင္နယ္ အသင္းၾကီးမွာ ေနရာေပးဖို႔ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။

ေႏြအေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ အာဆင္နယ္က ေတာင္ပံတိုက္စစ္သမား အိုင္၀ိုဘီကို အဲဗာတန္အသင္းထံ ေရာင္းခ်လိုက္ျခင္းက မွားယြင္းေၾကာင္း အာဆင္နယ္ ကစားသမားေဟာင္း ကႏူးက ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။

စေကာ့တလန္ ေဘာလံုးသမိုင္းမွာ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုး ကစားသမားျဖစ္တဲ့ တီရာေနးဟာ ဒီလထဲမွာ အာဆင္နယ္အတြက္ ပြဲဦးထြက္ကို ကစားေပးႏုိင္ေတာ့မွာျဖစ္ပါတယ္။

ဒီေႏြမွာ အာဆင္နယ္ထံ ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ကလပ္အသင္းသစ္ အတြက္ ပြဲထြက္ ကစားေပးရျခင္း မရွိေသးဘဲ ဒီလ ၃၀ ရက္ေန႔ မန္ယူနဲ႕ ပြဲမွာ ပါ၀င္လာနိုင္မယ္လို႔ ယံုၾကည္ရပါတယ္။

အာဆင္နယ္ ခံစစ္မွဴးေဟာင္း ဆန္ဒရို ဟာ ဆြစ္ဇာလန္ လိဂ္ ဒုတိယတန္းမွ ခ်ီေယဆို အသင္းမွာ သြားေရာက္ကစားေတာ႔မွာျဖစ္ပါတယ္။ ဆန္ဒရို ဟာ အသက္ ၃၄ ႏွစ္အရြယ္ရွိေနျပီျဖစ္ျပီး ထိုကလပ္အသင္းနဲ႔ တစ္ႏွစ္ သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ႔တယ္လို႔ သိရပါတယ္။

Myan News

UNICODE – အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ကစားသမားသစ်တွေသာ အထိုင်ကျလာခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း ပိုမို ကောင်းမွန်လာလိမ့်မယ် လို့ ဆိုလိုက်ပြီး ကွင်းလယ်လူငယ် ကစားသမား ဂွမ်ဒူဇီကိုလည်း ချီးကျူးစကား ဆိုခဲ့ကာ စံနမူနာယူသင့်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံအသင်း ဥရုဂွေးအသင်းနဲ့ အတူ ကစားရင်း ကြွက်သားဒဏ်ရာရလာခဲ့တဲ့ ကွင်းလယ်ကစားသမား လူးကပ် တော်ရဲရားဟာ ဝက်ဒ်ဖို့နဲ့ ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပွဲထွက် ကစားခွင့်ရနေပြီဖြစ်တဲ့ လူငယ်ကစားသမားလေး ဆန်ချို ကိုခေါ်ယူဖို့ အာဆင်နယ်က အာစင်ဝင်ဂါး ရှိနေစဉ်မှာ ကြိုးစားခဲ့ဖူးကြောင်း သိရပါတယ်။ ဆန်ချိုက ဒေါ့မွန် အသင်းမှာ ရှိနေဆဲ ဖြစ်ပြီး ၎င်းကို ခေါ်ဖို့ မန်ယူအသင်းက ကြိုးစားထားပါတယ်။

အင်္ဂလန် U-21 အသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ အာဆင်နယ် လူငယ်ကစားသမား ဆာကာကို ဂန်းနား ပရိသတ်တွေ နှစ်သက် သဘောကျ နေကြပြီး အာဆင်နယ် အသင်းကြီးမှာ နေရာပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

နွေအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်က တောင်ပံတိုက်စစ်သမား အိုင်ဝိုဘီကို အဲဗာတန်အသင်းထံ ရောင်းချလိုက်ခြင်းက မှားယွင်းကြောင်း အာဆင်နယ် ကစားသမားဟောင်း ကနူးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

စကော့တလန် ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားဖြစ်တဲ့ တီရာနေးဟာ ဒီလထဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ကို ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။

ဒီနွေမှာ အာဆင်နယ်ထံ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလပ်အသင်းသစ် အတွက် ပွဲထွက်ကစားပေးရခြင်း မရှိသေးဘဲ ဒီလ ၃၀ ရက်နေ့ မန်ယူနဲ့ ပွဲမှာ ပါဝင်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။

အာဆင်နယ် ခံစစ်မှူးဟောင်း ဆန်ဒရို ဟာ ဆွစ်ဇာလန် လိဂ် ဒုတိယတန်းမှ ချီယေဆို အသင်းမှာ သွားရောက်ကစားတော့မှာဖြစ်ပါတယ်။ ဆန်ဒရို ဟာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ထိုကလပ်အသင်းနဲ့ တစ်နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

Myan News