လီဗာပူးအသင္းဟာ ကုန္ခဲ့တဲ့ ႏွစ္ရာသီအတြင္း ကစားသမားသစ္ ေခၚယူမႈနဲ႔ ကာလရွည္ သက္တမ္းတိုးမႈေတြ လုပ္ေဆာင္ေနခဲ့ျပီး ဒီရာသီမွာလည္း စီနီယာအသင္းသား ေလးဦးကို ကာလရွည္ သက္တမ္းတိုးႏုိင္ဖို႔ ၾကိဳးစားေနျပီျဖစ္ပါတယ္။

အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ ဖာမင္ႏို၊ မာေနး၊ အစြန္ကစားသမားေတြျဖစ္တဲ့ အာႏိုး၊ ေရာ္ဘတ္ဆန္ အပါအဝင္ စီနီယာ ကစားသမားေတြအတြက္ လီဗာပူးဟာ သန္း ၂၀၀ က်သင့္မယ့္ စာခ်ဳပ္သစ္ေတြကို လုပ္ေဆာင္ထားႏုိင္တာျဖစ္တယ္။

ဒီႏွစ္ထဲမွာေတာ့ လီဗာပပူးဟာ ကလပ္အသင္းရဲ႕ ေထာက္တိုင္ေတြျဖစ္တဲ့ ဗန္ဒိုက္၊ မာတစ္၊ ဝိုက္နယ္ဒမ္၊ မီလ္နာတို႔ကို သက္တမ္းတိုးမႈေတြ လုပ္ေဆာင္မယ္လို႔ သိရတယ္။ အထူးသျဖင့္ ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးျပီျဖစ္ျပီး အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာႏုိင္ေတာ့မယ့့္ မာတစ္နဲ႔ မီလ္နာတို႔ကို သက္တမ္းတိုးဖို႔ ၾကိဳးစားမွာျဖစ္တယ္။

လီဗာပူးဟာ မာတစ္နဲ႔ မီလ္နာတို႔ကို ေရွာ္ေကးနဲ႔ မန္စီးတီးတို႔ကေန အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားခဲ့တာျဖစ္တယ္။ မီလ္နာဟာ ဟန္ဒါဆန္နည္းတူ လီဗာပူးအသင္းဝတ္လဲခန္းမွာ ဦးေဆာင္သူတစ္ဦးျဖစ္ျပီး မာတစ္ကလည္း ခံစစ္မွာ အဓိက ကစားသမားအျဖစ္ အေကာင္းဆံုး ေျခစြမ္းျပလာသူျဖစ္တယ္။

လြန္ခဲ့တဲ့ လေပါင္း ၂၀ ကမွ ေဆာက္သမ္တန္ကေန လီဗာပူးကို ေရာက္လာတဲ့ ဗန္ဒိုက္ကို သက္တမ္းတိုးဖို႔ကလည္း ဦးစားေပးျဖစ္သလို ကလပ္နဲ႔ လက္ေရြးစင္အဆင့္မွာ ေတာက္ပလာေနတဲ့ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို စာခ်ဳပ္သစ္ေပးဖို႔လည္း ၾကိဳးစားသြားေတာ့မွာပဲ ျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ နှစ်ရာသီအတွင်း ကစားသမားသစ် ခေါ်ယူမှုနဲ့ ကာလရှည် သက်တမ်းတိုးမှုတွေ လုပ်ဆောင်နေခဲ့ပြီး ဒီရာသီမှာလည်း စီနီယာအသင်းသား လေးဦးကို ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမင်နို၊ မာနေး၊ အစွန်ကစားသမားတွေဖြစ်တဲ့ အာနိုး၊ ရော်ဘတ်ဆန် အပါအဝင် စီနီယာ ကစားသမားတွေအတွက် လီဗာပူးဟာ သန်း ၂၀၀ ကျသင့်မယ့် စာချုပ်သစ်တွေကို လုပ်ဆောင်ထားနိုင်တာဖြစ်တယ်။

ဒီနှစ်ထဲမှာတော့ လီဗာပပူးဟာ ကလပ်အသင်းရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်၊ ဝိုက်နယ်ဒမ်၊ မီလ်နာတို့ကို သက်တမ်းတိုးမှုတွေ လုပ်ဆောင်မယ်လို့ သိရတယ်။ အထူးသဖြင့် ဒီနွေမှာ စာချုပ်ကုန်ဆုံးပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မယ့် မာတစ်နဲ့ မီလ်နာတို့ကို သက်တမ်းတိုးဖို့ ကြိုးစားမှာဖြစ်တယ်။

လီဗာပူးဟာ မာတစ်နဲ့ မီလ်နာတို့ကို ရှော်ကေးနဲ့ မန်စီးတီးတို့ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်တယ်။ မီလ်နာဟာ ဟန်ဒါဆန်နည်းတူ လီဗာပူးအသင်းဝတ်လဲခန်းမှာ ဦးဆောင်သူတစ်ဦးဖြစ်ပြီး မာတစ်ကလည်း ခံစစ်မှာ အဓိက ကစားသမားအဖြစ် အကောင်းဆုံး ခြေစွမ်းပြလာသူဖြစ်တယ်။

လွန်ခဲ့တဲ့ လပေါင်း ၂၀ ကမှ ဆောက်သမ်တန်ကနေ လီဗာပူးကို ရောက်လာတဲ့ ဗန်ဒိုက်ကို သက်တမ်းတိုးဖို့ကလည်း ဦးစားပေးဖြစ်သလို ကလပ်နဲ့ လက်ရွေးစင်အဆင့်မှာ တောက်ပလာနေတဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို စာချုပ်သစ်ပေးဖို့လည်း ကြိုးစားသွားတော့မှာပဲ ဖြစ်ပါတယ်။