




  • 1/ Real Madrid
  • 2/ Atletico Madrid
  • 3/ Barcelona
  • 4/ Bayern Munich
  • 5/ Juventus
  • 6/ Man City
  • 7/ PSG
  • 8/ Liverpool
  • 9/ Arsenal
  • 10/ Man United
  • 11/ Sevilla
  • 12/ Spurs
  • 13/ Dortmund
  • 14/ Chelsea
  • 15/ Roma

UNICODE

၂၀၁၉-၂၀၂၀ ဥရောပ ဘောလုံးပွဲတွေအကြို UEFA က ကလပ်အသင်း အဆင့်သက်မှတ်ချက်တွေ ထုတ်ပြန်လာရာမှာ ချယ်ဆီးအသင်းက အံ့အားသင့်ဖွယ်အဖြစ် အဆင့်ကျဆင်းသွားခဲ့ပါတယ်။

ယူရိုပါလိဂ် လက်ရှိချန်ပီယံဖြစ်တဲ့ ချယ်ဆီးဟာ မနှစ်က အဆင့် ၁၂ နေရာမှာ ရှိနေရာက ဒီနှစ်မှာ အဆင့် ၁၄ နေရာကို ကျဆင်းသွားခဲ့တာဖြစ်တယ်။ အဆင့်သက်မှတ်ချက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ရလဒ်၊ ဝင်ငွေဆိုင်ရာ တိုးတက်မှုတွေကိုလည်း ထည့်သွင်း တွက်ချက်တယ်လို့ သိရပါတယ်။

EFA အဆင့် သက်မှတ်ချက်က ကုန်ခဲ့တဲ့ ၅ နှစ်အတွင်း ကစားတဲ့ပွဲတွေမှာ အနိုင်ရမှု၊ အခြားသော အပိုထပ်ဆောင်းပေးတဲ့ အမှတ်တွေကို ထည့်တွက်ခြင်းဖြစ်ကာ ချယ်ဆီးအသင်း ကျဆင်းခဲ့ရတာကတော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ကလည်း အကြောင်းရင်း တစ်ချက်လို့ပ သိရတယ်။

မနှစ်က ချန်ပီယံလိဂ်ဖလား အနိုင်ရ လီဗာပူးအသင်းကလည်း ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ဘာစီလိုနာတို့ နောက်မှာပဲ ရှိနေကာ ပြည်တွင်းပြိုင်ဘက် မန်စီးတီးကိုလည်း မကျော်နိုင်သေးပဲ အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။

UEFA club rankings 2019/20

  • 1/ Real Madrid
  • 2/ Atletico Madrid
  • 3/ Barcelona
  • 4/ Bayern Munich
  • 5/ Juventus
  • 6/ Man City
  • 7/ PSG
  • 8/ Liverpool
  • 9/ Arsenal
  • 10/ Man United
  • 11/ Sevilla
  • 12/ Spurs
  • 13/ Dortmund
  • 14/ Chelsea
  • 15/ Roma