မတ္လတုန္းက ေဒါ့မြန္စတား ဆန္ခ်ိဳကို ပရီးမီးယားလိဂ္ထံ ျပန္လည္ ေခၚယူဖို႔ ကိစၥနဲ႔ ပက္သက္ျပီး မန္ခ်က္စတာကလပ္ တစ္သင္းက ၾကိဳးစားခဲ့တာကို အဂၤလန္မီဒီယာေတြက ေဖာ္ထုတ္ႏုိင္ခဲ့ေပမယ့္ ဘယ္အသင္းလည္းဆိုတာကို ကြဲျပားခဲ့ျခင္း မရွိပါဘူး။

ေဒါ့မြန္အၾကီးအကဲေတြဘက္ကလည္း စူပါကလပ္တစ္သင္းက ဆန္ခ်ိဳကို ေခၚယူဖို႔ ၾကိဳးစားခဲ့တယ္ဆိုတာကို ထုတ္ေျပာေပမယ့္ ဘယ္အသင္းဆိုတာကို နာမည္တပ္ ေျပာခဲ့ျခင္း မရွိဘူး။ အခုခါမွာေတာ့ ေဒါ့မြန္ အၾကီးအကဲျဖစ္သူ Michael Zorc က Amazon Prime ရဲ႕ “All or Nothing” စီးရီးမွာ ထုတ္ေျပာမႈ လုပ္လာခဲ့ျပီျဖစ္တယ္။

ေနာက္ဆံုးထြက္ရွိခဲ့တဲ့ စီးရီး ၃ မွာ ပါင္ခဲ့တာကေတာ့ ေဒါ့မြန္အၾကီးအကဲေတြျဖစ္တဲ့ Zorc, Matthias Sammer, Sebastian Kehl နဲ႔ ဥကၠဌ Hans-Joachim Watzke တို႔ဟာ ဆန္ခ်ိဳကို ယူႏုိက္တက္က ကမ္းလွမ္းလာတဲ့ကိစၥကို အစည္းအေဝးထိုင္ခဲ့ျပီး ထြက္ခြာခြင့္မေပးဖို႔ ဆံုးျဖတ္ၾကတဲ့အေၾကာင္း ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

Zorc ရဲ႕ ေျပာဆိုမႈမွာေတာ့ ကလပ္အသင္းနဲ႔ ဆန္ခ်ိဳတို႔က အေျပာင္းအေရႊ႔ မလုပ္ဖို႔ ဆံုးျဖတ္ေၾကာင္း ေဆြးေႏြးခဲ့ၾကတယ္။ မန္ယူအသင္း တာဝန္ရွိသူေတြနဲ႔ ဆန္ခ်ိဳ အေျပာင္းအေရႊ႔ ေတြ႔ဆံုမႈလည္း လုပ္ခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္ကလည္း ကလပ္ သေဘာဆႏၵအတိုင္း အေျပာင္းအေရႊ႔ မလုပ္ဖို႔ စိတ္ပါခဲ့တယ္ဆိုျပီျဖစ္တယ္။

ေဒါ့မြန္တာဝန္ရွိသူရဲ႕ ေျပာဆိုမႈေၾကာင့္ ေႏြတုန္းက ဆန္ခ်ိဳကို ေခၚယူဖို႔ ၾကိဳးစားခဲ့တဲ့ မန္ခ်က္စတာကလပ္က ယူႏုိက္တက္ဆိုတာ ေသခ်ာခဲ့တာျဖစ္ပါတယ္။ မန္ေနဂ်ာဆိုးရွားကေတာ့ အဂၤလန္ေတာင္ပံသမားကို ေခၚယူဖို႔အား ဆက္လက္ စိတ္ဝင္စားေနဆဲျဖစ္ျပီး လာမယ့္ အေျပာင္းအေရႊ႔ေတြမွာ ဆက္လက္ ကမ္းလွမ္းလိုေနေသးတယ္လို႔ သတင္းၾကားထားရပါတယ္။

UNICODE

မတ်လတုန်းက ဒေါ့မွန်စတား ဆန်ချိုကို ပရီးမီးယားလိဂ်ထံ ပြန်လည် ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး မန်ချက်စတာကလပ် တစ်သင်းက ကြိုးစားခဲ့တာကို အင်္ဂလန်မီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဘယ်အသင်းလည်းဆိုတာကို ကွဲပြားခဲ့ခြင်း မရှိပါဘူး။

ဒေါ့မွန်အကြီးအကဲတွေဘက်ကလည်း စူပါကလပ်တစ်သင်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ထုတ်ပြောပေမယ့် ဘယ်အသင်းဆိုတာကို နာမည်တပ် ပြောခဲ့ခြင်း မရှိဘူး။ အခုခါမှာတော့ ဒေါ့မွန် အကြီးအကဲဖြစ်သူ Michael Zorc က Amazon Prime ရဲ့ “All or Nothing” စီးရီးမှာ ထုတ်ပြောမှု လုပ်လာခဲ့ပြီဖြစ်တယ်။

နောက်ဆုံးထွက်ရှိခဲ့တဲ့ စီးရီး ၃ မှာ ပါင်ခဲ့တာကတော့ ဒေါ့မွန်အကြီးအကဲတွေဖြစ်တဲ့ Zorc, Matthias Sammer, Sebastian Kehl နဲ့ ဥက္ကဌ Hans-Joachim Watzke တို့ဟာ ဆန်ချိုကို ယူနိုက်တက်က ကမ်းလှမ်းလာတဲ့ကိစ္စကို အစည်းအဝေးထိုင်ခဲ့ပြီး ထွက်ခွာခွင့်မပေးဖို့ ဆုံးဖြတ်ကြတဲ့အကြောင်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Zorc ရဲ့ ပြောဆိုမှုမှာတော့ ကလပ်အသင်းနဲ့ ဆန်ချိုတို့က အပြောင်းအရွှေ့ မလုပ်ဖို့ ဆုံးဖြတ်ကြောင်း ဆွေးနွေးခဲ့ကြတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ ဆန်ချို အပြောင်းအရွှေ့ တွေ့ဆုံမှုလည်း လုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကလည်း ကလပ် သဘောဆန္ဒအတိုင်း အပြောင်းအရွှေ့ မလုပ်ဖို့ စိတ်ပါခဲ့တယ်ဆိုပြီဖြစ်တယ်။

ဒေါ့မွန်တာဝန်ရှိသူရဲ့ ပြောဆိုမှုကြောင့် နွေတုန်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ မန်ချက်စတာကလပ်က ယူနိုက်တက်ဆိုတာ သေချာခဲ့တာဖြစ်ပါတယ်။ မန်နေဂျာဆိုးရှားကတော့ အင်္ဂလန်တောင်ပံသမားကို ခေါ်ယူဖို့အား ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့တွေမှာ ဆက်လက် ကမ်းလှမ်းလိုနေသေးတယ်လို့ သတင်းကြားထားရပါတယ်။