မႏွစ္ကရာသီမွာ ဥေရာပခ်န္ပီယံျဖစ္ခဲ့ျပီး ကလပ္အသင္းသမိုင္းမွာ ေျခာက္ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ဗိုလ္ဆြဲခဲ့တဲ့ လီဗာပူးဟာ ဥေရာပ အဆင့္သက္မွတ္ခ်က္မွာ ထိပ္တန္းအဆင့္ေတြကို ျပန္တက္လွမ္းလာႏုိင္ခ့ဲျပီျဖစ္တယ္။

ဆာလက္၊ အိုရီဂီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔႔ မက္ဒရစ္ေျမမွာ စပါးကို အႏုိင္ရခဲ့တဲ့ လီဗာပူးဟာ အရင္ႏွစ္က ဥေရာပအဆင့္သက္မွတ္ခ်က္ အဆင့္ ၁၁ ေနရာကေန အဆင့္ ၈ ကို ခုန္တက္လာႏုိင္ခဲ့ပါတယ္။ ဥေရာပ ေအာင္ျမင္မႈအရ လီဗာပူးရဲ႕ အဆင့္သက္မွတ္ခ်က္ ပပိုေကာင္းလာခဲ့ျခင္းျဖစ္တယ္။

ဒါေပမယ့္လည္း UEFA အဆင့္ သက္မွတ္ခ်က္က ကုန္ခဲ့တဲ့ ၅ ႏွစ္အတြင္း ကစားတဲ့ပြဲေတြမွာ အႏုိင္ရမႈ၊ အျခားေသာ အပိုထပ္ေဆာင္းေပးတဲ့ အမွတ္ေတြကို ထည့္တြက္ျခင္းျဖစ္ကာ ထိပ္ဆံုးေနရာမွာ ရီးရဲလ္မက္ဒရစ္က ဆက္လက္ ဦးေဆာင္ဆဲျဖစ္တယ္။ ထိပ္ဆံုး သံုးသင္းမွာေတာ့ ရီးရဲလ္မက္ဒရစ္၊ တီကိုနဲ႔ ဘာစီလိုနာတို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြထဲက ထိပ္ဆံုး ၁၀ သင္းစာရင္းကို ဝင္လာခဲ့တဲ့ ကလပ္အသင္း ၄ သင္းရွိျပီး မန္စီးတီး၊ လီဗာပူး၊ အာဆင္နယ္နဲ႔ ယူႏုိက္တက္တို႔ပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဖလား မန္စီးတီးက အဆင့္ ၆ ေနရာကေနျပီး အဂၤလန္အသင္းေတြထဲမွာ အျမင့္ဆံုးအျဖစ္ ရွိေနတာျဖစ္ပါတယ္။

UEFA club rankings 2019/20

  • 1/ Real Madrid
  • 2/ Atletico Madrid
  • 3/ Barcelona
  • 4/ Bayern Munich
  • 5/ Juventus
  • 6/ Man City
  • 7/ PSG
  • 8/ Liverpool
  • 9/ Arsenal
  • 10/ Man United

UNICODE

မနှစ်ကရာသီမှာ ဥရောပချန်ပီယံဖြစ်ခဲ့ပြီး ကလပ်အသင်းသမိုင်းမှာ ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဗိုလ်ဆွဲခဲ့တဲ့ လီဗာပူးဟာ ဥရောပ အဆင့်သက်မှတ်ချက်မှာ ထိပ်တန်းအဆင့်တွေကို ပြန်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်တယ်။

ဆာလက်၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေနဲ့ မက်ဒရစ်မြေမှာ စပါးကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ အရင်နှစ်က ဥရောပအဆင့်သက်မှတ်ချက် အဆင့် ၁၁ နေရာကနေ အဆင့် ၈ ကို ခုန်တက်လာနိုင်ခဲ့ပါတယ်။ ဥရောပ အောင်မြင်မှုအရ လီဗာပူးရဲ့ အဆင့်သက်မှတ်ချက် ပပိုကောင်းလာခဲ့ခြင်းဖြစ်တယ်။

ဒါပေမယ့်လည်း UEFA အဆင့် သက်မှတ်ချက်က ကုန်ခဲ့တဲ့ ၅ နှစ်အတွင်း ကစားတဲ့ပွဲတွေမှာ အနိုင်ရမှု၊ အခြားသော အပိုထပ်ဆောင်းပေးတဲ့ အမှတ်တွေကို ထည့်တွက်ခြင်းဖြစ်ကာ ထိပ်ဆုံးနေရာမှာ ရီးရဲလ်မက်ဒရစ်က ဆက်လက် ဦးဆောင်ဆဲဖြစ်တယ်။ ထိပ်ဆုံး သုံးသင်းမှာတော့ ရီးရဲလ်မက်ဒရစ်၊ တီကိုနဲ့ ဘာစီလိုနာတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲက ထိပ်ဆုံး ၁၀ သင်းစာရင်းကို ဝင်လာခဲ့တဲ့ ကလပ်အသင်း ၄ သင်းရှိပြီး မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား မန်စီးတီးက အဆင့် ၆ နေရာကနေပြီး အင်္ဂလန်အသင်းတွေထဲမှာ အမြင့်ဆုံးအဖြစ် ရှိနေတာဖြစ်ပါတယ်။

UEFA club rankings 2019/20

  • 1/ Real Madrid
  • 2/ Atletico Madrid
  • 3/ Barcelona
  • 4/ Bayern Munich
  • 5/ Juventus
  • 6/ Man City
  • 7/ PSG
  • 8/ Liverpool
  • 9/ Arsenal
  • 10/ Man United