ႏိုင္ငံတကာ သီတင္းပတ္အတြင္း ကာလေတြက မန္ယူအသင္းကို ထိုးႏွက္မႈေတြ ေပးခဲ့ျပီး အဓိက ကြင္းလယ္လူ ေပါ့ဘာကိုလည္း မာရွယ္၊ လုေရွာနည္းတူ လက္လြတ္ခဲ့ရျပီျဖစ္တယ္။

အဖြင့္ပြဲမွာ ခ်ယ္ဆီးအသင္းကို ၄-၀ နဲ႔ အႏုိင္ရျပီးေနာက္ပိုင္း ရလဒ္ေကာင္းေတြ မရျဖစ္ေနတဲ့ မန္ယူဟာ ဒီကေန႔ ယွဥ္ျပိဳင္ရမယ့္ လက္စတာနဲ႔ပြဲကို အႏုိင္ရမ်သာလွ်င္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ထိပ္ဆံုးအသင္းေတြနဲ႔ ရမွတ္ မကြာမွာျဖစ္လို႔ အေတာ္ေလး အာရံုစိုက္ရမယ့္ အေနအထားျဖစ္တယ္။

ဒီကေန႔ ယွဥ္ျပိဳင္ရမယ့္ လက္စတာဟာ ထိပ္သီး ၆ သင္းကို အံတုႏုိင္မယ့္ ကလပ္အသင္းအျဖစ္ မွတ္ခ်က္ေတြ ရေနျပီး ဒီရာသီ ရံွဴးပြဲမေတြ႔ေသးတဲ့ အသင္းလည္းျဖစ္ပါတယ္။ ငယ္ရြယ္တဲ့ လူငယ္ကစားသမားေတြကို အဓိက အားျပဳတဲ့ လက္စတာကိုေတာ့ လီဗာပူးမန္ေနဂ်ာေဟာငး္ ေရာ္ဂ်ာက ကိုင္တြယ္ေနတာလည္း ျဖစ္ပါတယ္။

လက္စတာနဲ႔ပြဲၾကိဳ မန္ယူအသင္း လူစာရင္းမွာေတာ့ ႏိုင္ငံတကာသီတင္းပတ္မွာ ဒဏ္ရာရခဲ့တဲ့ ဘစ္ဆာကာ ျပန္ပါေနတာကို ေတြ႔ရသလို ဒဏ္ရာက ျပန္သက္သာလာတဲ့ တြမ္ဇီဘီနဲ႔ ဖရတ္လို ကစားသမားေတြလည္း ပါဝင္လာတာကို ျမင္ထားရတယ္။ ဒါ့အျပင္ လူငယ္ေတြျဖစ္တဲ့ ဂိုးမက္စ္၊ တာဟစ္ေခ်ာင္နဲ႔ ဂရင္းဝုဒ္တို႔လည္း ပါဝင္ေနပါတယ္။

မန္ေနဂ်ာဆိုးရွားဟာ ၄-၂-၃-၁ ကစားကြက္ အသံုးျပဳမယ္လို႔ သတင္းထြက္ေနသလို ခံစစ္အထိုင္ သံုးဦးထားျပီး ပြဲထြက္မယ္လို႔လည္း သတင္းေတြ ထြက္ေနတယ္။ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ ဒီပြဲမွာေတာ့ မန္ယူဘက္က အႏုိင္ရမယ္ဆိုတဲ့အေပၚ ဘြန္ကီဒိုင္ေတြက ေၾကးဖြင့္ေနၾကတာလည္း ျဖစ္ပါတယ္။

Confirmed United squad members

De Gea, Romero, Grant

Wan-Bissaka, Lindelof, Maguire, Tuanzebe, Jones, Young

McTominay, Matic, Pereira, Fred, Mata, Gomes

Chong, Greenwood, Rashford, James

UNICODE

နိုင်ငံတကာ သီတင်းပတ်အတွင်း ကာလတွေက မန်ယူအသင်းကို ထိုးနှက်မှုတွေ ပေးခဲ့ပြီး အဓိက ကွင်းလယ်လူ ပေါ့ဘာကိုလည်း မာရှယ်၊ လုရှောနည်းတူ လက်လွတ်ခဲ့ရပြီဖြစ်တယ်။

အဖွင့်ပွဲမှာ ချယ်ဆီးအသင်းကို ၄-၀ နဲ့ အနိုင်ရပြီးနောက်ပိုင်း ရလဒ်ကောင်းတွေ မရဖြစ်နေတဲ့ မန်ယူဟာ ဒီကနေ့ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲကို အနိုင်ရမျသာလျှင် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ထိပ်ဆုံးအသင်းတွေနဲ့ ရမှတ် မကွာမှာဖြစ်လို့ အတော်လေး အာရုံစိုက်ရမယ့် အနေအထားဖြစ်တယ်။

ဒီကနေ့ ယှဉ်ပြိုင်ရမယ့် လက်စတာဟာ ထိပ်သီး ၆ သင်းကို အံတုနိုင်မယ့် ကလပ်အသင်းအဖြစ် မှတ်ချက်တွေ ရနေပြီး ဒီရာသီ ရံှူးပွဲမတွေ့သေးတဲ့ အသင်းလည်းဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ လူငယ်ကစားသမားတွေကို အဓိက အားပြုတဲ့ လက်စတာကိုတော့ လီဗာပူးမန်နေဂျာဟောင်း ရော်ဂျာက ကိုင်တွယ်နေတာလည်း ဖြစ်ပါတယ်။

လက်စတာနဲ့ပွဲကြို မန်ယူအသင်း လူစာရင်းမှာတော့ နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာရခဲ့တဲ့ ဘစ်ဆာကာ ပြန်ပါနေတာကို တွေ့ရသလို ဒဏ်ရာက ပြန်သက်သာလာတဲ့ တွမ်ဇီဘီနဲ့ ဖရတ်လို ကစားသမားတွေလည်း ပါဝင်လာတာကို မြင်ထားရတယ်။ ဒါ့အပြင် လူငယ်တွေဖြစ်တဲ့ ဂိုးမက်စ်၊ တာဟစ်ချောင်နဲ့ ဂရင်းဝုဒ်တို့လည်း ပါဝင်နေပါတယ်။

မန်နေဂျာဆိုးရှားဟာ ၄-၂-၃-၁ ကစားကွက် အသုံးပြုမယ်လို့ သတင်းထွက်နေသလို ခံစစ်အထိုင် သုံးဦးထားပြီး ပွဲထွက်မယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဒီပွဲမှာတော့ မန်ယူဘက်က အနိုင်ရမယ်ဆိုတဲ့အပေါ် ဘွန်ကီဒိုင်တွေက ကြေးဖွင့်နေကြတာလည်း ဖြစ်ပါတယ်။

Confirmed United squad members

De Gea, Romero, Grant

Wan-Bissaka, Lindelof, Maguire, Tuanzebe, Jones, Young

McTominay, Matic, Pereira, Fred, Mata, Gomes

Chong, Greenwood, Rashford, James