စက္တင္ဘာ ၁၄ ေန႔ျဖစ္တဲ့ ဒီကေန႔ စေနေန႔ ညေန ၆ နာရီမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ လီဗာပူးနဲ႔ နယူးကာဆယ္တို႔ဟာ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲအတြက္ မိုင္ကယ္အိုဝင္ကေတာ့ ” နယူးကာဆယ္က အန္ဖီးကြင္းမွာ ေနာက္ဆံုး အႏုိင္ရဖူးတာက ၁၉၉၄ ခုႏွစ္တုန္းကျဖစ္ပါတယ္။ လက္ရွိ လီဗာပူးက စံခ်ိန္တင္ ၁၃ ပြဲဆက္တိုက္ အႏုိင္ရမႈေတြ ရွိေနျပီး နယူးကာဆယ္တို႔ အႏုိင္ယူဖို႔ ခက္ခဲေနတာပါ။ စပါးနဲ႔ပြဲမွာ အေဝးကြင္းကို သြားေရာက္ျပီး ႏုိင္ပြဲရတယ္ဆိုေပမယ့္ စပါးက လီဗာပူးမဟုတ္သလို မာေဆးဆိုဒ္ကလပ္က ၁၄ ပြဲဆက္ အႏိုင္ယူသြားပါလိမ့္မယ္။ လီဗာပူးက တစ္ပြဲကို ႏွစ္ဂိုးေလာက္ သြင္းႏုိင္စြမ္း ရွိေနပါတယ္ ” လို႔ သံုးသပက္ခဲ့တယ္။

လီဗာပူးနဲ႔ နယူးကာဆယ္ပြဲအတြက္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၀ နဲ႔ အႏိုင္ရမယ္ ဆိုျပီး ျဖစ္ပါတယ္။

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ခ်ာလီကလည္း ” စတိဗ္ဘ႐ုစ္ရဲ႕ အသင္းဟာ ေတာ့တင္ဟမ္ နဲ႔ အေဝးကြင္းမွာ ကစားခဲ့တုန္းက အံ့ၾသစရာ ရလဒ္ ရရွိခဲ့ပါတယ္။ နယူးကာဆယ္က အိမ္ကြင္း ထက္ အေဝးကြင္းမွာ ပိုေကာင္းပါလိမ့္မယ္။ လီဗာပူး အတြက္ ဘယ္သူေတြက ႀကံ့ခိုင္မႈျပည့္ဝေနလဲ၊ ရွိန္ေလာက္တဲ့ တိုက္စစ္သုံးေယာက္နဲ႔ ကစားသြားမလားဆိုတာ က်ေနာ္ မသိဘူး။

ဒါေပမယ့္ အခုခ်ိန္မွာ လီဗာပူးဟာ အသင္းအမ်ားစုကို အျပတ္အသတ္ အႏိုင္ရႏိုင္ပါတယ္။သူတို႔ကို တိုက္စစ္ဖြင့္ ရင္ဆိူင္လို႔ မရပါဘူး။ ဂ်ိဳးလင္တန္ အေနနဲ႔ အခ်ိန္လိုအပ္ၿပီး ဘာေထာက္ပံ့မႈမွ ရမွာမဟုတ္ပါဘူး။ ေနာက္တန္းအတြက္ နယူးကာဆယ္ ဘယ္လိုျပင္ဆင္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ခံစစ္ကို အဓိကအားျပဳၿပီး ကစားပါလိမ့္မယ္ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

လီဗာပူးနဲ႔ နယူးကာဆယ္ပြဲအတြက္ ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက နယူးကာဆယ္ကို ၂-၀ နဲ႔ အႏုိင္ရမယ္လုိ႔ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ နယူးကာဆယ္ ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” လီဗာပူးရဲ႕ ေျခစြမ္းဟာ အရမ္းကို ေကာင္းမြန္ေနျပီး နယူးကာဆယ္ ရင္ဆိုင္ထားရသမွ် အသင္းေတြထက္ တိုက္စစ္ပိုင္း ပိုထက္ျမက္မွဳရွိပါတယ္။ ဒီပြဲကို အိမ္ရွင္တို႔ပဲ ဂိုးျပန္ရလဒ္နဲ႔ အႏိုင္ရသြားမွာပါ ” လို႔ ခန္႔မွန္းခဲ့ပါတယ္။

UNICODE

စက်တင်ဘာ ၁၄ နေ့ဖြစ်တဲ့ ဒီကနေ့ စနေနေ့ ညနေ ၆ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် လီဗာပူးနဲ့ နယူးကာဆယ်တို့ဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” နယူးကာဆယ်က အန်ဖီးကွင်းမှာ နောက်ဆုံး အနိုင်ရဖူးတာက ၁၉၉၄ ခုနှစ်တုန်းကဖြစ်ပါတယ်။ လက်ရှိ လီဗာပူးက စံချိန်တင် ၁၃ ပွဲဆက်တိုက် အနိုင်ရမှုတွေ ရှိနေပြီး နယူးကာဆယ်တို့ အနိုင်ယူဖို့ ခက်ခဲနေတာပါ။ စပါးနဲ့ပွဲမှာ အဝေးကွင်းကို သွားရောက်ပြီး နိုင်ပွဲရတယ်ဆိုပေမယ့် စပါးက လီဗာပူးမဟုတ်သလို မာဆေးဆိုဒ်ကလပ်က ၁၄ ပွဲဆက် အနိုင်ယူသွားပါလိမ့်မယ်။ လီဗာပူးက တစ်ပွဲကို နှစ်ဂိုးလောက် သွင်းနိုင်စွမ်း ရှိနေပါတယ် ” လို့ သုံးသပက်ခဲ့တယ်။

လီဗာပူးနဲ့ နယူးကာဆယ်ပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၀ နဲ့ အနိုင်ရမယ် ဆိုပြီး ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ချာလီကလည်း ” စတိဗ်ဘရုစ်ရဲ့ အသင်းဟာ တော့တင်ဟမ် နဲ့ အဝေးကွင်းမှာ ကစားခဲ့တုန်းက အံ့သြစရာ ရလဒ် ရရှိခဲ့ပါတယ်။ နယူးကာဆယ်က အိမ်ကွင်း ထက် အဝေးကွင်းမှာ ပိုကောင်းပါလိမ့်မယ်။ လီဗာပူး အတွက် ဘယ်သူတွေက ကြံ့ခိုင်မှုပြည့်ဝနေလဲ၊ ရှိန်လောက်တဲ့ တိုက်စစ်သုံးယောက်နဲ့ ကစားသွားမလားဆိုတာ ကျနော် မသိဘူး။

ဒါပေမယ့် အခုချိန်မှာ လီဗာပူးဟာ အသင်းအများစုကို အပြတ်အသတ် အနိုင်ရနိုင်ပါတယ်။သူတို့ကို တိုက်စစ်ဖွင့် ရင်ဆိူင်လို့ မရပါဘူး။ ဂျိုးလင်တန် အနေနဲ့ အချိန်လိုအပ်ပြီး ဘာထောက်ပံ့မှုမှ ရမှာမဟုတ်ပါဘူး။ နောက်တန်းအတွက် နယူးကာဆယ် ဘယ်လိုပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ခံစစ်ကို အဓိကအားပြုပြီး ကစားပါလိမ့်မယ် ” လို့ သုံးသပ်သွားခဲ့ပါတယ်။

လီဗာပူးနဲ့ နယူးကာဆယ်ပွဲအတွက် ချာလီ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

လီဗာပူးနဲ့ နယူးကာဆယ် ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” လီဗာပူးရဲ့ ခြေစွမ်းဟာ အရမ်းကို ကောင်းမွန်နေပြီး နယူးကာဆယ် ရင်ဆိုင်ထားရသမျှ အသင်းတွေထက် တိုက်စစ်ပိုင်း ပိုထက်မြက်မှုရှိပါတယ်။ ဒီပွဲကို အိမ်ရှင်တို့ပဲ ဂိုးပြန်ရလဒ်နဲ့ အနိုင်ရသွားမှာပါ ” လို့ ခန့်မှန်းခဲ့ပါတယ်။