စက္တင္ဘာ ၁၄ ေန႔ျဖစ္တဲ့ ဒီကေန႔ စေနေန႔ ည ၈း၃၀ နာရီမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ ဝုဗ္နဲ႔ ခ်ယ္ဆီး တို႔ဟာ ဝုဗ္အသင္း အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲအတြက္ မိုင္ကယ္အိုဝင္ကေတာ့ ” ႏွစ္သင္းလံုးက ေနာက္အပတ္မွာ ဥေရာပပြဲ ကစားဖို႔ရွိပါတယ္။ ဒါေပမယ့္ ႏွစ္သင္းလံုးက အမွတ္ေပးပြဲကို အာရံုစိုက္ဖို႔ လိုေနျပီး ခ်ယ္ဆီးက လိဂ္ဦးေဆာင္သူ လီဗာပူးနဲ႔ ၇ မွတ္ ျပတ္ေနခဲ့တာပါ။ ဝုဗ္ကလည္း ဂူဒီဆန္မွာ သြင္းဂိုးမ်ားခဲ့တဲ့ပြဲမွာ အေရးနိမ့္ခဲ့တယ္။ ဝုဗ္က အခုခ်ိန္ထိ ႏုိင္ပြဲ တစ္ပြဲမွ မရထားေသးပါဘူး။ ဒါေၾကာင့္ပဲ ေနာက္ထပ္ ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲတစ္ပြဲကို ျမင္ေတြ႔ရမွာျဖစ္ျပီး အိမ္ရွင္အသင္းက ရမွတ္ေတြကို စုေဆာင္းႏုိင္ပါလိမ့္မယ္။ ” လို႔ သံုးသပက္ခဲ့တယ္။

ဝုဗ္နဲ႔ ခ်ယ္ဆီးပြဲအတြက္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ အိမ္ရွင္ ဝုဗ္က ခ်ယ္ဆီးကို အႏိုင္ရမယ္ ဆိုျပီး ျဖစ္ပါတယ္။

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ခ်ာလီကလည္း ” ဝုဗ္က အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ေကာင္းေကာင္း ကစားတယ္။ တန္မီေအဗရာဟမ္က ပုံစံေကာင္းေတြ ရွိေနၿပီး ေမဆန္ေမာင့္ကလဲ လက္ဖ်ား ခါရေလာက္ေအာင္ ေကာင္းေကာင္း ကစားခဲ့တယ္။ ခ်ယ္ဆီးက ေနာက္တန္းမွာ အားနည္းေနဆဲ ျဖစ္ၿပီး ဒီယိုဂို ဂ်ိဳတာနဲ႔ ရာအူးလ္ဂ်င္မီနက္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြ ခံရပါလိမ့္မယ္။

ဝုဗ္က လက္စတာလိုပဲ ႀကီး၆ႀကီး ကို ပယ္ဖ်က္ႏိူင္တဲ့ အသင္းတစ္သင္း ျဖစ္ၿပီး ဒီတစ္ပတ္မွာ ခ်ယ္ဆီးကို အႏိုင္ယူသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

ဝုဗ္နဲ႔ ခ်ယ္ဆီးပြဲအတြက္ ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ ဝုဗ္က ခ်ယ္ဆီးကို ၂-၁ နဲ႔ အႏုိင္ရမယ္လုိ႔ ျဖစ္ပါတယ္။

ဝုဗ္နဲ႔ ခ်ယ္ဆီး ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ခ်ယ္ဆီးက ရလဒ္ေကာင္းေပမယ့္ မေမွ်ာ္လင့္ထားတာေတြ ျဖစ္ေနတယ္။ တိုက္စစ္ေကာင္းျပီး ခံစစ္လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ ဝုဗ္က အသင္းေကာင္းျဖစ္ေပမယ့္ ဒီပြဲေတာ့ ခ်ယ္ဆီးဘက္ကပါပဲ ” လို႔ ခ်ယ္ဆီးအႏုိင္အျဖစ္ ခန္႔မွန္းခဲ့ပါတယ္။

UNICODE

စက်တင်ဘာ ၁၄ နေ့ဖြစ်တဲ့ ဒီကနေ့ စနေနေ့ ည ၈း၃၀ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဝုဗ်နဲ့ ချယ်ဆီး တို့ဟာ ဝုဗ်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” နှစ်သင်းလုံးက နောက်အပတ်မှာ ဥရောပပွဲ ကစားဖို့ရှိပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးက အမှတ်ပေးပွဲကို အာရုံစိုက်ဖို့ လိုနေပြီး ချယ်ဆီးက လိဂ်ဦးဆောင်သူ လီဗာပူးနဲ့ ၇ မှတ် ပြတ်နေခဲ့တာပါ။ ဝုဗ်ကလည်း ဂူဒီဆန်မှာ သွင်းဂိုးများခဲ့တဲ့ပွဲမှာ အရေးနိမ့်ခဲ့တယ်။ ဝုဗ်က အခုချိန်ထိ နိုင်ပွဲ တစ်ပွဲမှ မရထားသေးပါဘူး။ ဒါကြောင့်ပဲ နောက်ထပ် ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲတစ်ပွဲကို မြင်တွေ့ရမှာဖြစ်ပြီး အိမ်ရှင်အသင်းက ရမှတ်တွေကို စုဆောင်းနိုင်ပါလိမ့်မယ်။ ” လို့ သုံးသပက်ခဲ့တယ်။

ဝုဗ်နဲ့ ချယ်ဆီးပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်ကတော့ အိမ်ရှင် ဝုဗ်က ချယ်ဆီးကို အနိုင်ရမယ် ဆိုပြီး ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ချာလီကလည်း ” ဝုဗ်က အသင်းကြီးတွေနဲ့တွေ့ရင် ကောင်းကောင်း ကစားတယ်။ တန်မီအေဗရာဟမ်က ပုံစံကောင်းတွေ ရှိနေပြီး မေဆန်မောင့်ကလဲ လက်ဖျား ခါရလောက်အောင် ကောင်းကောင်း ကစားခဲ့တယ်။ ချယ်ဆီးက နောက်တန်းမှာ အားနည်းနေဆဲ ဖြစ်ပြီး ဒီယိုဂို ဂျိုတာနဲ့ ရာအူးလ်ဂျင်မီနက်တို့ရဲ့ ခြိမ်းခြောက်မှုတွေ ခံရပါလိမ့်မယ်။

ဝုဗ်က လက်စတာလိုပဲ ကြီး၆ကြီး ကို ပယ်ဖျက်နိူင်တဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဒီတစ်ပတ်မှာ ချယ်ဆီးကို အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဝုဗ်နဲ့ ချယ်ဆီးပွဲအတွက် ချာလီ ခန့်မှန်းရလဒ်ကတော့ ဝုဗ်က ချယ်ဆီးကို ၂-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ဝုဗ်နဲ့ ချယ်ဆီး ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ချယ်ဆီးက ရလဒ်ကောင်းပေမယ့် မမျှော်လင့်ထားတာတွေ ဖြစ်နေတယ်။ တိုက်စစ်ကောင်းပြီး ခံစစ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဝုဗ်က အသင်းကောင်းဖြစ်ပေမယ့် ဒီပွဲတော့ ချယ်ဆီးဘက်ကပါပဲ ” လို့ ချယ်ဆီးအနိုင်အဖြစ် ခန့်မှန်းခဲ့ပါတယ်။