အာဆင္နယ္မန္ေနဂ်ာ အမ္မရီက သူကလပ္အသင္းကို ေရာက္လာျပီးေနာက္ပိုင္း ကစားသမား ၅ ဦးကို အသင္းေခါင္းေဆာင္အျဖစ္ လ်ာထားခဲ့ကာ ကိုစီရယ္နီကိုေတာ့ တရားဝင္ အသင္းေခါင္းေဆာင္အျဖစ္ မႏွစ္တုန္းက တာဝန္ေပးခဲ့ပါတယ္။

ျပင္သစ္သားခံစစ္မွဴးဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာသြားသလို ရမ္ေဆးလည္း ထြက္ခြာသြားးျပီျဖစ္ေပမယ့္ အာဆင္နယ္မွာ ေခါင္းေဆာင္ေတြ က်န္ရွိေနေသးတာျဖစ္တယ္။ ေဘာလံုးရာသီ စတင္လာတာက တစ္လေက်ာ္ခဲ့ျပီျဖစ္ေပမယ့္ အာဆင္နယ္ရဲ႕ အျမဲတမ္း ေခါင္းေဆာင္ကို တရားဝင္ ထုတ္ေျပာျခင္း မရွိေသးတာျဖစ္ပါတယ္။

အာဆင္နယ္ကို ရွာခါနဲ႔ အိုေဇးတို႔က ဦးေဆာင္လာေနခဲ့တာျဖစ္ျပီး သူတို႔ႏွစ္ဦးကပဲ ကလပ္အသင္းကို ဦးေဆာင္မယ့္ သူေတြလို႔ မွတ္ယူထား၇တာျဖစ္တယ္။ အိုေဇး မပါခ်ိန္မွာ ရွာခါက အသင္းေခါင္းေဆာင္တာဝန္ကို ယူခဲ့ေပမယ့္ သူကိုယ္တိုင္လည္း မပါႏုိင္ခ်ိန္မွာ အျမဲတမ္း အသင္းေခါင္းေဆာင္ရာထူးက စကားေျပာစရာ ျဖစ္လာခဲ့ပါတယ္။

ေသာၾကာေန႔က မီဒီယာေတြ႔ဆံုမွာ အမ္မရီက အဆိုပါ ကိစၥနဲ႔ ပက္သက္ျပီး စကားေျပပာာခဲ့ပါတယ္။ သူကေတာ့ အာဆင္နယ္အသင္းရဲ႕ အျမဲတမ္း အသင္းေခါင္းေဆာင္ကို လာမယ့္အပတ္မွာ အတည္ျပဳေပးပါမယ္လို႔ ဆိုခဲ့တယ္။

စပိန္သားမန္ေနဂ်ာၾကီးက “ ဒီမနက္မွာပဲ က်ေနာ္တုိ႔ အသင္းေခါင္းေဆာင္ကိစၥ စကားေျပာျဖစ္ခဲ့ျပီး ေနာက္အပတ္မွာ အတည္ျပဳေပးသြားပါမယ္။ ေခါင္းေဆာင္ ငါးဦးထဲကမွ က်ေနာ္ ဆံုးျဖတ္ခ်က္ ျပဳလုပ္မွာျဖစ္တယ္။ အသင္းနဲ႔ စကားေျပာခဲ့ျပီး ေနာက္အပတ္မွာေတာ့ အသင္းေခါင္းေဆာင္ကို တရားဝင္ ေၾကညာပါမယ္။ က်ေန္ာတို႔မွာ အသင္းေခါင္းေဆာင္ ရွိေနပါျပီ ” လို႔ ဆိုခဲ့တာပါ။

အာဆင္နယ္အသင္းေခါင္းေဆာင္ေနရာကိုေတာ့ အိုေဇး၊ ရွာခါအျပင္ ခံစစ္မွဴး ဆိုကေရးတစ္၊ လူးဝစ္နဲ႔ တိုက္စစ္မွဴး အူဘာမီယန္၊ လာကာဇက္တီတို႔က ေရပန္းစားေနတာျဖစ္ပါတယ္။ ဒါ့အျပင္ လီႏိုနဲ႔ ဘယ္လာရင္အေပး မွတ္ခ်က္ေပးမႈေတြလည္း ရွိေနပါတယ္။

UNICODE

အာဆင်နယ်မန်နေဂျာ အမ်မရီက သူကလပ်အသင်းကို ရောက်လာပြီးနောက်ပိုင်း ကစားသမား ၅ ဦးကို အသင်းခေါင်းဆောင်အဖြစ် လျာထားခဲ့ကာ ကိုစီရယ်နီကိုတော့ တရားဝင် အသင်းခေါင်းဆောင်အဖြစ် မနှစ်တုန်းက တာဝန်ပေးခဲ့ပါတယ်။

ပြင်သစ်သားခံစစ်မှူးဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားသလို ရမ်ဆေးလည်း ထွက်ခွာသွားးပြီဖြစ်ပေမယ့် အာဆင်နယ်မှာ ခေါင်းဆောင်တွေ ကျန်ရှိနေသေးတာဖြစ်တယ်။ ဘောလုံးရာသီ စတင်လာတာက တစ်လကျော်ခဲ့ပြီဖြစ်ပေမယ့် အာဆင်နယ်ရဲ့ အမြဲတမ်း ခေါင်းဆောင်ကို တရားဝင် ထုတ်ပြောခြင်း မရှိသေးတာဖြစ်ပါတယ်။

အာဆင်နယ်ကို ရှာခါနဲ့ အိုဇေးတို့က ဦးဆောင်လာနေခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကပဲ ကလပ်အသင်းကို ဦးဆောင်မယ့် သူတွေလို့ မှတ်ယူထား၇တာဖြစ်တယ်။ အိုဇေး မပါချိန်မှာ ရှာခါက အသင်းခေါင်းဆောင်တာဝန်ကို ယူခဲ့ပေမယ့် သူကိုယ်တိုင်လည်း မပါနိုင်ချိန်မှာ အမြဲတမ်း အသင်းခေါင်းဆောင်ရာထူးက စကားပြောစရာ ဖြစ်လာခဲ့ပါတယ်။

သောကြာနေ့က မီဒီယာတွေ့ဆုံမှာ အမ်မရီက အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး စကားပြေပာာခဲ့ပါတယ်။ သူကတော့ အာဆင်နယ်အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်ကို လာမယ့်အပတ်မှာ အတည်ပြုပေးပါမယ်လို့ ဆိုခဲ့တယ်။

စပိန်သားမန်နေဂျာကြီးက “ ဒီမနက်မှာပဲ ကျနော်တို့ အသင်းခေါင်းဆောင်ကိစ္စ စကားပြောဖြစ်ခဲ့ပြီး နောက်အပတ်မှာ အတည်ပြုပေးသွားပါမယ်။ ခေါင်းဆောင် ငါးဦးထဲကမှ ကျနော် ဆုံးဖြတ်ချက် ပြုလုပ်မှာဖြစ်တယ်။ အသင်းနဲ့ စကားပြောခဲ့ပြီး နောက်အပတ်မှာတော့ အသင်းခေါင်းဆောင်ကို တရားဝင် ကြေညာပါမယ်။ ကျနေ်ာတို့မှာ အသင်းခေါင်းဆောင် ရှိနေပါပြီ ” လို့ ဆိုခဲ့တာပါ။

အာဆင်နယ်အသင်းခေါင်းဆောင်နေရာကိုတော့ အိုဇေး၊ ရှာခါအပြင် ခံစစ်မှူး ဆိုကရေးတစ်၊ လူးဝစ်နဲ့ တိုက်စစ်မှူး အူဘာမီယန်၊ လာကာဇက်တီတို့က ရေပန်းစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် လီနိုနဲ့ ဘယ်လာရင်အပေး မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။