စက္တင္ဘာ ၁၄ ေန႔ျဖစ္တဲ့ ဒီကေန႔ စေနေန႔ ည ၈း၃၀ နာရီမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ မန္ယူနဲ႔ လက္စတာတို႔ဟာ အိုထရတ္ဖို႔ကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲအတြက္ မိုင္ကယ္အိုဝင္ကေတာ့ ” ဘရန္ဒန္ေရာ္ဂ်ာ တာဝန္ယူျပီးကတည္းက ဗာဒီဟာ လိဂ္ပြဲ ၁၄ ပြဲမွာ ၁၄ ဂိုး သြင္းယူထားခဲ့တယ္။ အိုထရတ္ဖိုဒ့္မွာလည္း လက္စတာက ရမွတ္တစ္မွတ္ ခြဲယူႏုိင္မယ္လို႔ ထင္ပါတယ္။ အဖြင့္ပြဲေနာက္ပိုင္း ယူႏုိက္တက္က တစ္ပြဲမွ အႏုိင္ရထားျခင္း မရွိသလို အိမ္ကြင္းမွာ ပဲေလစ့္ကို ၂-၁ နဲ႔ အေရးနိမ့္ခဲ့တာကေတာ့ စိတ္ပ်က္စရာပါပဲ။

လက္စတာက အခုခ်ိန္ထိ ရံွဴးပြဲမရွိေသးပဲ အမွတ္ေပးဇယား ထိပ္ဆံုးနားမွာ ရွိေနတယ္။ ေႏြတုန္းက စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခဲ့တဲ့ မက္ဂြဲရားဟာ အသင္းေဟာင္းနဲ႔ ျပန္လည္ ရင္ဆိုင္ရမွာျဖစ္ျပီး ေျမေခြးေတြ ရမွတ္ ခြဲယူႏုိင္ပါတယ္။ ” လို႔ သံုးသပ္ခဲ့တယ္။

မန္ယူနဲ႔ လက္စတာပြဲအတြက္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ႏွစ္သင္းးလံုး ဂိုးေတြသြင္းယူျပီး သေရက်မယ္ ဆိုျပီး ျဖစ္ပါတယ္။

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ခ်ာလီကလည္း ” လက္စတာက ေလွ်ာ့တြက္လို႔မရတဲ့ ဧည့္သည္အသင္းပါ။ သူတို႔ဟာ ရာသီကို ေကာင္းေကာင္း စတင္ခဲ့ၿပီး ဒါက သူတို႔ ဖြင့္ေဆာ့ၿပီး ယူႏိုက္တက္ ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ပြဲပါ။ တိုက္စစ္ဖြင့္ေဆာ့ရမွ သူတို႔ ေက်နပ္ပါလိမ့္မယ္။ဘရန္ဒန္ေရာ္ဂ်ာရဲ႕ အသင္းက ပုံစံတစ္ခု ရွိေပမယ့္ တန္ျပန္တိုက္စစ္ ေဆာ့ႏိုင္ၿပီး ေဘာလုံးကိုလဲ ေကာင္းေကာင္း ထိန္းႏိုင္တယ္။ မာရွယ္တစ္ယာက္ ႀကံ့ခိုင္မႈ ျပည့္ဝပါ့မလား က်ေနာ္မသိဘူး။ ရက္ရွ္ဖို႔ဒ္က ကြင္းလယ္ ကို ျဖတ္ၿပီး ကစားမွာ ျဖစ္ေပမယ့္ ဆိုးရွားရဲ႕ အသင္းက ခံစစ္မွာ အားနည္းခ်က္ရွိေနဆဲ ျဖစ္ပါလိမ့္မယ္။ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

မန္ယူနဲ႔ လက္စတာပြဲအတြက္ ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ မန္ယူနဲ႔ လက္စတာဟာ တစ္ဘက္ကို တစ္ဂိုးစီနဲ႔ သေရက်မယ္လုိ႔ ျဖစ္ပါတယ္။

မန္ယူနဲ႔ လက္စတာပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” မန္ယူအသင္း ဒီရာသီ ေျခစြမ္း အတက္အက် မ်ားေနေပမယ့္ လက္စတာဟာ ေနာက္တန္း ပိတ္ျပီးကစားမွာ မဟုတ္လို႔ ယူႏုိက္တက္ တိုက္စစ္သမားေတြ ေနရာလြတ္ရွာဖို႔ ပိုလြယ္ေစမွာပါ။ ေျခစြမ္းပိုင္းက ဘယ္လိုျဖစ္ေနပါေစ ဒီပြဲကိုေတာ့ မန္ယူအသင္း အႏုိင္ရမယ္လို႔ ထင္ပါတယ္ ” လို႔ ခန္႔မွန္းခဲ့ပါတယ္။

UNICODE

စက်တင်ဘာ ၁၄ နေ့ဖြစ်တဲ့ ဒီကနေ့ စနေနေ့ ည ၈း၃၀ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် မန်ယူနဲ့ လက်စတာတို့ဟာ အိုထရတ်ဖို့ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” ဘရန်ဒန်ရော်ဂျာ တာဝန်ယူပြီးကတည်းက ဗာဒီဟာ လိဂ်ပွဲ ၁၄ ပွဲမှာ ၁၄ ဂိုး သွင်းယူထားခဲ့တယ်။ အိုထရတ်ဖိုဒ့်မှာလည်း လက်စတာက ရမှတ်တစ်မှတ် ခွဲယူနိုင်မယ်လို့ ထင်ပါတယ်။ အဖွင့်ပွဲနောက်ပိုင်း ယူနိုက်တက်က တစ်ပွဲမှ အနိုင်ရထားခြင်း မရှိသလို အိမ်ကွင်းမှာ ပဲလေစ့်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။

လက်စတာက အခုချိန်ထိ ရံှူးပွဲမရှိသေးပဲ အမှတ်ပေးဇယား ထိပ်ဆုံးနားမှာ ရှိနေတယ်။ နွေတုန်းက စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တဲ့ မက်ဂွဲရားဟာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာဖြစ်ပြီး မြေခွေးတွေ ရမှတ် ခွဲယူနိုင်ပါတယ်။ ” လို့ သုံးသပ်ခဲ့တယ်။

မန်ယူနဲ့ လက်စတာပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းးလုံး ဂိုးတွေသွင်းယူပြီး သရေကျမယ် ဆိုပြီး ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ချာလီကလည်း ” လက်စတာက လျှော့တွက်လို့မရတဲ့ ဧည့်သည်အသင်းပါ။ သူတို့ဟာ ရာသီကို ကောင်းကောင်း စတင်ခဲ့ပြီး ဒါက သူတို့ ဖွင့်ဆော့ပြီး ယူနိုက်တက် ကို ခြိမ်းခြောက်နိုင်တဲ့ ပွဲပါ။ တိုက်စစ်ဖွင့်ဆော့ရမှ သူတို့ ကျေနပ်ပါလိမ့်မယ်။ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက ပုံစံတစ်ခု ရှိပေမယ့် တန်ပြန်တိုက်စစ် ဆော့နိုင်ပြီး ဘောလုံးကိုလဲ ကောင်းကောင်း ထိန်းနိုင်တယ်။ မာရှယ်တစ်ယာက် ကြံ့ခိုင်မှု ပြည့်ဝပါ့မလား ကျနော်မသိဘူး။ ရက်ရှ်ဖို့ဒ်က ကွင်းလယ် ကို ဖြတ်ပြီး ကစားမှာ ဖြစ်ပေမယ့် ဆိုးရှားရဲ့ အသင်းက ခံစစ်မှာ အားနည်းချက်ရှိနေဆဲ ဖြစ်ပါလိမ့်မယ်။ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

မန်ယူနဲ့ လက်စတာပွဲအတွက် ချာလီ ခန့်မှန်းရလဒ်ကတော့ မန်ယူနဲ့ လက်စတာဟာ တစ်ဘက်ကို တစ်ဂိုးစီနဲ့ သရေကျမယ်လို့ ဖြစ်ပါတယ်။

မန်ယူနဲ့ လက်စတာပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” မန်ယူအသင်း ဒီရာသီ ခြေစွမ်း အတက်အကျ များနေပေမယ့် လက်စတာဟာ နောက်တန်း ပိတ်ပြီးကစားမှာ မဟုတ်လို့ ယူနိုက်တက် တိုက်စစ်သမားတွေ နေရာလွတ်ရှာဖို့ ပိုလွယ်စေမှာပါ။ ခြေစွမ်းပိုင်းက ဘယ်လိုဖြစ်နေပါစေ ဒီပွဲကိုတော့ မန်ယူအသင်း အနိုင်ရမယ်လို့ ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့ပါတယ်။