စက္တင္ဘာ ၁၄ ေန႔ျဖစ္တဲ့ ဒီကေန႔ စေနေန႔ ည ၁၁း၀၀ နာရီမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ ေနာ္ဝစ္နဲ႔ မန္စီးတီး တို႔ဟာ ေနာ္ဝစ္အသင္း အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲအတြက္ မိုင္ကယ္အိုဝင္ကေတာ့ ” ဘယ္ဂ်ီယံအတြက္ ဒီဘရိုက္းက အရမ္းေကာင္းခဲ့တယ္။ ကိုယ္တိုင္ တစ္ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၇ ပြဲမွာ ဂိုးေထာက္ပံ့မႈ ၉ ၾကိမ္ထိ ပါဝင္ခဲ့တဲ့ ဒီဘရိုင္းရဲ႕ မန္စီးတီးကို ေနာ္ဝစ္အသင္း ယွဥ္ျပိဳင္ႏုိင္မွာ မဟုတ္ပါဘူး။ ” လို႔ သံုးသပက္ခဲ့တယ္။

ေနာ္ဝစ္နဲ႔ မန္စီးတီးပြဲအတြက္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ မန္စီးတီးက ေနာ္ဝစ္ကို ႏွစ္ဂိုးအသာနဲ႔ အႏိုင္ရမယ္ ဆိုျပီး ျဖစ္ပါတယ္။

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ခ်ာလီကလည္း ” လာေပၚေတးရဲ႕ ဒဏ္ရာကလြဲရင္ စီးတီးမွာ စိုးရိမ္စရာ မရွိပါဘူး။ ေနာဝစ္ခ်္ကလဲ အေကာင္းဆုံး ေရွ႕ဆက္ေနတာပါ။ Teemu Pukki နဲ႔ Todd Cantwell တို႔က ေျခစြမ္းျပေနၿပီး ေနာက္တန္းကလဲ တိုက္စစ္ကို လိုက္ပါခ်င္ေနၾကပါတယ္။ ဒါေပမယ့္ စီးတီးနဲ႔ပြဲမွာေတာ့ ဒါမ်ိဳး လုပ္မွာမဟုတ္ပါဘူး။

ဒန္နီရယ္ဖက္က Plan B ေတာင္ မရွိပါဘူး။ ရႈံးမယ္ပဲ ေမွ်ာ္လင့္ထားတာပါ။ အခုခ်ိန္ ေနာဝစ္ခ်္ ပရိသတ္ေတြကို သြားေမးၾကည့္။ 4-1 လား ဒါမွမဟုတ္ ဂိုးကန္သြင္းမႈ တစ္ႀကိမ္မွမရွိတဲ့ 1-0 လားဆိုရင္ 90%က 4-1 ကို ေ႐ြးလိမ့္မယ္။ မန္စီးတီးကို ရႈံးတာက ရွက္စရာ မဟုတ္ေပမယ့္ သူတို႔က အေကာင္းဘက္ကေန ေတြးထားဖို႔ လိုပါတယ္။ ဒါက သူတို႔ကိုယ္သူတို႔ စမ္းသပ္ဖို႔ အခြင့္အေရးပါ။ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

ေနာ္ဝစ္နဲ႔ မန္စီးတီးပြဲအတြက္ ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ မန္စီးတီးက ေနာ္ဝစ္ကို ၆-၂ နဲ႔ အႏုိင္ရမယ္လုိ႔ ျဖစ္ပါတယ္။

ေနာ္ဝစ္နဲ႔ မန္စီးတီး ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ပူကီရွိေနလို႔ ေနာ္ဝစ္က ဂိုးရဖို႔ေတာ့ မပူရပါဘူး။ ဒါေပမယ့္ ခံစစ္က ေပးဂိုး အရမ္းမ်ားေနတာက စိတ္ပူစရာပါ။ ဒါက မန္စီးတီးတိုက္စစ္ကို ခုခံဖို႔ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ က်ေနာ္ကေတာ့ ေနာ္ဝစ္က ေမွ်ာ္လင့္ခ်က္ရရွိမယ္ ထင္ပါဘူး။ မန္စီးတီး ဂိုးျပတ္ အႏုိင္ပါ ” လို႔ ခန္႔မွန္းခဲ့ပါတယ္။

UNICODE

စက်တင်ဘာ ၁၄ နေ့ဖြစ်တဲ့ ဒီကနေ့ စနေနေ့ ည ၁၁း၀၀ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် နော်ဝစ်နဲ့ မန်စီးတီး တို့ဟာ နော်ဝစ်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” ဘယ်ဂျီယံအတွက် ဒီဘရိုက်းက အရမ်းကောင်းခဲ့တယ်။ ကိုယ်တိုင် တစ်ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ဂိုးထောက်ပံ့မှု ၉ ကြိမ်ထိ ပါဝင်ခဲ့တဲ့ ဒီဘရိုင်းရဲ့ မန်စီးတီးကို နော်ဝစ်အသင်း ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ” လို့ သုံးသပက်ခဲ့တယ်။

နော်ဝစ်နဲ့ မန်စီးတီးပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်ကတော့ မန်စီးတီးက နော်ဝစ်ကို နှစ်ဂိုးအသာနဲ့ အနိုင်ရမယ် ဆိုပြီး ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ချာလီကလည်း ” လာပေါ်တေးရဲ့ ဒဏ်ရာကလွဲရင် စီးတီးမှာ စိုးရိမ်စရာ မရှိပါဘူး။ နောဝစ်ချ်ကလဲ အကောင်းဆုံး ရှေ့ဆက်နေတာပါ။ Teemu Pukki နဲ့ Todd Cantwell တို့က ခြေစွမ်းပြနေပြီး နောက်တန်းကလဲ တိုက်စစ်ကို လိုက်ပါချင်နေကြပါတယ်။ ဒါပေမယ့် စီးတီးနဲ့ပွဲမှာတော့ ဒါမျိုး လုပ်မှာမဟုတ်ပါဘူး။

ဒန်နီရယ်ဖက်က Plan B တောင် မရှိပါဘူး။ ရှုံးမယ်ပဲ မျှော်လင့်ထားတာပါ။ အခုချိန် နောဝစ်ချ် ပရိသတ်တွေကို သွားမေးကြည့်။ 4-1 လား ဒါမှမဟုတ် ဂိုးကန်သွင်းမှု တစ်ကြိမ်မှမရှိတဲ့ 1-0 လားဆိုရင် 90%က 4-1 ကို ရွေးလိမ့်မယ်။ မန်စီးတီးကို ရှုံးတာက ရှက်စရာ မဟုတ်ပေမယ့် သူတို့က အကောင်းဘက်ကနေ တွေးထားဖို့ လိုပါတယ်။ ဒါက သူတို့ကိုယ်သူတို့ စမ်းသပ်ဖို့ အခွင့်အရေးပါ။ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

နော်ဝစ်နဲ့ မန်စီးတီးပွဲအတွက် ချာလီ ခန့်မှန်းရလဒ်ကတော့ မန်စီးတီးက နော်ဝစ်ကို ၆-၂ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

လီဗာပူးနဲ့ နယူးကာဆယ် ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ပူကီရှိနေလို့ နော်ဝစ်က ဂိုးရဖို့တော့ မပူရပါဘူး။ ဒါပေမယ့် ခံစစ်က ပေးဂိုး အရမ်းများနေတာက စိတ်ပူစရာပါ။ ဒါက မန်စီးတီးတိုက်စစ်ကို ခုခံဖို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကျနော်ကတော့ နော်ဝစ်က မျှော်လင့်ချက်ရရှိမယ် ထင်ပါဘူး။ မန်စီးတီး ဂိုးပြတ် အနိုင်ပါ ” လို့ ခန့်မှန်းခဲ့ပါတယ်။