ဒဏ္ရာကေန ျပန္လည္သက္သာ ေကာင္းမြန္လာၾကတဲ့ အိုဒြိဳင္းနဲ႕ ရစ္ဆီ ဂ်ိမ္းစ္တို႔ဟာ ေသာၾကာေန႔မွာ ခ်ယ္ဆီး U-23 အသင္းနဲ႔ အတူ ဘရိုက္တန္ U-23 ကို ရင္ဆိုင္မယ့္ ပြဲစဥ္မွာ ပါ၀င္ကစား ႏုိင္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ပြဲၾကီးေန႔မွာ ပါဝင္ႏုိင္ဖြယ္ မရွိေသးပါဘူး။

သူတို႔ႏွစ္ဦးဟာ မႏွစ္ကရာသီမွာ ရခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ မန္ေနဂ်ာလမ္းပတ္ရဲ႕ ရာသီၾကိဳ ျပင္ဆင္မႈေတြမွာ ပါဝင္ႏုိင္ျခင္း မရွိသလို ျပန္လည္ထူေထာင္ေရး ေလ့က်င့္ေရးေတြကို ျပီးခဲ့တဲ့ တစ္လလံုး လုပ္ေနခဲ့ရတာပါ။ ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ ၾကံ႕ခိုင္မႈေတြ ျပန္ေကာင္းလာမႈက တိုးတက္လာျပီး ပထမဆံုး ျပိဳင္ပြဲကို မေန႔က ပါဝင္ကစားခဲ့ၾကတာျဖစ္ပါတယ္။

အိုးဒိြဳင္းက ” ကြင္းထဲကို ေျခခ်ခြင့္ရခဲ့တာအတြက္ အရမ္းေကာင္းတယ္လို႔ ခံစားရပါတယ္။ ပြဲကစားခြင့္ရတဲ့ မိနစ္ ၆၀ အတြင္း လုပ္ႏုိင္ခဲ့တဲ့ ဂိုးေထာက္ပံ့မႈနဲ႔ ႏုိင္ပြဲအတြက္ ေက်နပ္မႈ ရွိပါတယ္ ” လို႔ တြစ္တာကေန ယူ-၂၃ ပြဲအျပီးမွာ ထုတ္ေျပာခဲ့တယ္။

ဘရိုက္တန္ကို ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲအျပီး ညာအစြန္လူ ရိစ္ကလည္း ” ေလးေလအတြင္း ပထမဆံုး ျပန္ကစားရတဲ့ ၄၅ မိနစ္ပါပဲ။ ကြင္းထဲကို ေျချပန္ခ်ႏုိင္တာက အရမ္းေကာင္းပါတယ္ဗ်ာ။ အားေပးၾကတာအတြက္လည္း ေက်းဇူးတင္ပါတယ္ ” လို႔ အိုဒိြဳင္းနည္းတူ တြစ္တာကေန ေဖာ္ျပသြားခဲ့တာပါ။

သူတို႔ႏွစ္ဦးလံုးဟာ ကာလရွည္ ဒဏ္ရာကေန ျပန္သက္သာလာခဲ့တာျဖစ္လုိ႔ လူငယ္ပြဲမွာ မိစန္ ၉၀ ေတာ့ ပါဝင္ကစားခြင့္ မရခဲ့ပါဘူး။ ပြဲကစားခ်ိန္ တစ္ဝက္နဲ႔ တစ္ဝက္ထက္ ပိုစြာ ကစားခဲ့ၾကတာျဖစ္ျပီး ဒီအပတ္ ခ်န္ပီယံလိဂ္ပြဲမွာလည္း စီနီးယာလူစာရင္းထဲ မထည့္ပဲ ခ်န္လွပ္ထားကာ လာမယ့္ အပတ္ကစလို႔ ပြဲကစားခြင့္အတြက္ စတင္ကာ ေရြးခ်ယ္ခံလာႏုိင္ေတာ့မွာပဲ ျဖစ္ပါတယ္။

UNICODE

ဒဏ်ရာကနေ ပြန်လည်သက်သာ ကောင်းမွန်လာကြတဲ့ အိုဒွိုင်းနဲ့ ရစ်ဆီ ဂျိမ်းစ်တို့ဟာ သောကြာနေ့မှာ ချယ်ဆီး U-23 အသင်းနဲ့ အတူ ဘရိုက်တန် U-23 ကို ရင်ဆိုင်မယ့် ပွဲစဉ်မှာ ပါဝင်ကစား နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ပွဲကြီးနေ့မှာ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။

သူတို့နှစ်ဦးဟာ မနှစ်ကရာသီမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် မန်နေဂျာလမ်းပတ်ရဲ့ ရာသီကြို ပြင်ဆင်မှုတွေမှာ ပါဝင်နိုင်ခြင်း မရှိသလို ပြန်လည်ထူထောင်ရေး လေ့ကျင့်ရေးတွေကို ပြီးခဲ့တဲ့ တစ်လလုံး လုပ်နေခဲ့ရတာပါ။ နိုင်ငံတကာ သီတင်းပတ်မှာတော့ ကြံ့ခိုင်မှုတွေ ပြန်ကောင်းလာမှုက တိုးတက်လာပြီး ပထမဆုံး ပြိုင်ပွဲကို မနေ့က ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။

အိုးဒွိုင်းက ” ကွင်းထဲကို ခြေချခွင့်ရခဲ့တာအတွက် အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ ပွဲကစားခွင့်ရတဲ့ မိနစ် ၆၀ အတွင်း လုပ်နိုင်ခဲ့တဲ့ ဂိုးထောက်ပံ့မှုနဲ့ နိုင်ပွဲအတွက် ကျေနပ်မှု ရှိပါတယ် ” လို့ တွစ်တာကနေ ယူ-၂၃ ပွဲအပြီးမှာ ထုတ်ပြောခဲ့တယ်။

ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲအပြီး ညာအစွန်လူ ရိစ်ကလည်း ” လေးလေအတွင်း ပထမဆုံး ပြန်ကစားရတဲ့ ၄၅ မိနစ်ပါပဲ။ ကွင်းထဲကို ခြေပြန်ချနိုင်တာက အရမ်းကောင်းပါတယ်ဗျာ။ အားပေးကြတာအတွက်လည်း ကျေးဇူးတင်ပါတယ် ” လို့ အိုဒွိုင်းနည်းတူ တွစ်တာကနေ ဖော်ပြသွားခဲ့တာပါ။

သူတို့နှစ်ဦးလုံးဟာ ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာခဲ့တာဖြစ်လို့ လူငယ်ပွဲမှာ မိစန် ၉၀ တော့ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ ပွဲကစားချိန် တစ်ဝက်နဲ့ တစ်ဝက်ထက် ပိုစွာ ကစားခဲ့ကြတာဖြစ်ပြီး ဒီအပတ် ချန်ပီယံလိဂ်ပွဲမှာလည်း စီနီးယာလူစာရင်းထဲ မထည့်ပဲ ချန်လှပ်ထားကာ လာမယ့် အပတ်ကစလို့ ပွဲကစားခွင့်အတွက် စတင်ကာ ရွေးချယ်ခံလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။