ျပီးခဲ့တဲ့အပတ္မွာ ထိပ္တိုက္ေတြ႔ခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲ အာဆင္နယ္ vs စပါးပြဲက ​ဘာေတြ သင္ယူခဲ့ႏုိင္သလဲဆိုတဲ့အေပၚ ဘီဘီစီ သံုးသပ္သူေတြျဖစ္တဲ့ ကီအုန္းနဲ႔ ဆက္တန္တို႔က ေဆြးေႏြးေပးခဲ့ၾကတာျဖစ္ပါတယ္။

ကီအုန္းက ” အာဆင္နယ္ ခံစစ္က ေမးခြန္းထုတ္စရာပဲ။ သူတို႔ရဲ႕ တိုက္စစ္အင္အားေတာ့ သိပါတယ္။ ပီပီေရာက္လာေတာ့ ပိုေတာင္ေကာင္းသြားေသးတယ္။ ဒါေပမယ့္ ေနာက္တန္းက ျပသနာရွိေနဆဲ။ ေဒးဗစ္လူးဝစ္က ​ေနရာလြတ္ေတြ ျဖစ္ေစတာေတြ႕ရတယ္။ အဲ့လိုလုပ္လို႔ မရဘူးဗ်။

ဆိုကေရးတစ္က အျမင့္ေဘာ ရယူဖို႔ ေရွ႕ကို သြားတဲ့အခါ အဲရစ္ဆင္ရဲ႕ အဖြင့္ဂိုး အတြက္ ေနရာလပ္ႀကီး ျဖစ္ေစခဲ့တယ္။ ကြင္းထဲမွာ ခံစစ္ကာကြယ္မႈအပိုင္း အေကာင္းဆံုးက လာကာဇက္တီပဲ။ စပါးကေတာ့ ခ်န္ပီယံလိဂ္ ဖိုင္နယ္ အရံွဴးရလဒ္အေပၚ အခုခ်ိန္ထိ ခံစားေနရဆဲလားမသိဘူး။ ” လို႔ သံုးသပ္ခဲ့တယ္။

ဆက္တန္က ” အာဆင္နယ္က တိုက္စစ္ေကာင္းေပမယ့္ ခံစစ္က အားနည္းခ်က္ျဖစ္ေနတာ။ ေဒးဗစ္လူးဝစ္က အံမဝင္ေသးဘူး။​​ ေတာ့တင္ဟမ္မွာ ပိုခ်က္တီႏိုက အသင္းအတြက္ မလိုအပ္တဲ့ အာ႐ုံစူးစိုက္မႈ အမ်ားႀကီး ယူခဲ့တာပဲ။ အ​ေျပာင္းအေ႐ႊ႕ ေစ်းကြက္မွာ ေပါင္သန္း ၁၀၀ ေက်ာ္ သုံးခဲ့တယ္။ သူက မကူညီႏိုင္ေပမယ့္ အသိရခက္တဲ့ သတင္းစာ ရွင္းလင္းပြဲေတြ လုပ္တယ္။ ဒါက စပါးမွာ အထိုင္မက်ေသးတဲ့ အရာပါ။ ” လို႔ သံုးသပ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ မန္စီးတီးနဲ႔ လီဗာပူးကို ယွဥ္ျပိဳင္နုိင္မယ့္ ကလပ္အသင္းအျဖစ္ ဒီရာသီမွာ အထင္ၾကီးခံေနရျပီး မနက္ျဖန္မွာ ယွဥ္ျပိဳင္ရမယ့္ ဝတ္ဖို႔နဲ႔ပြဲကို အႏုိင္ယူျခင္းနဲ႔အတူ ကလပ္အသင္းရဲ႕ ယံုၾကည္မႈေတြကို ျမင့္တင္ဖို႔ လိုအပ္ေနတာပဲ ျဖစ္ပါတယ္။

UNICODE

ပြီးခဲ့တဲ့အပတ်မှာ ထိပ်တိုက်တွေ့ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲ အာဆင်နယ် vs စပါးပွဲက ဘာတွေ သင်ယူခဲ့နိုင်သလဲဆိုတဲ့အပေါ် ဘီဘီစီ သုံးသပ်သူတွေဖြစ်တဲ့ ကီအုန်းနဲ့ ဆက်တန်တို့က ဆွေးနွေးပေးခဲ့ကြတာဖြစ်ပါတယ်။

ကီအုန်းက ” အာဆင်နယ် ခံစစ်က မေးခွန်းထုတ်စရာပဲ။ သူတို့ရဲ့ တိုက်စစ်အင်အားတော့ သိပါတယ်။ ပီပီရောက်လာတော့ ပိုတောင်ကောင်းသွားသေးတယ်။ ဒါပေမယ့် နောက်တန်းက ပြသနာရှိနေဆဲ။ ဒေးဗစ်လူးဝစ်က နေရာလွတ်တွေ ဖြစ်စေတာတွေ့ရတယ်။ အဲ့လိုလုပ်လို့ မရဘူးဗျ။

ဆိုကရေးတစ်က အမြင့်ဘော ရယူဖို့ ရှေ့ကို သွားတဲ့အခါ အဲရစ်ဆင်ရဲ့ အဖွင့်ဂိုး အတွက် နေရာလပ်ကြီး ဖြစ်စေခဲ့တယ်။ ကွင်းထဲမှာ ခံစစ်ကာကွယ်မှုအပိုင်း အကောင်းဆုံးက လာကာဇက်တီပဲ။ စပါးကတော့ ချန်ပီယံလိဂ် ဖိုင်နယ် အရံှူးရလဒ်အပေါ် အခုချိန်ထိ ခံစားနေရဆဲလားမသိဘူး။ ” လို့ သုံးသပ်ခဲ့တယ်။

ဆက်တန်က ” အာဆင်နယ်က တိုက်စစ်ကောင်းပေမယ့် ခံစစ်က အားနည်းချက်ဖြစ်နေတာ။ ဒေးဗစ်လူးဝစ်က အံမဝင်သေးဘူး။ တော့တင်ဟမ်မှာ ပိုချက်တီနိုက အသင်းအတွက် မလိုအပ်တဲ့ အာရုံစူးစိုက်မှု အများကြီး ယူခဲ့တာပဲ။ အပြောင်းအရွှေ့ ဈေးကွက်မှာ ပေါင်သန်း ၁၀၀ ကျော် သုံးခဲ့တယ်။ သူက မကူညီနိုင်ပေမယ့် အသိရခက်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တယ်။ ဒါက စပါးမှာ အထိုင်မကျသေးတဲ့ အရာပါ။ ” လို့ သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးနဲ့ လီဗာပူးကို ယှဉ်ပြိုင်နိုင်မယ့် ကလပ်အသင်းအဖြစ် ဒီရာသီမှာ အထင်ကြီးခံနေရပြီး မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် ဝတ်ဖို့နဲ့ပွဲကို အနိုင်ယူခြင်းနဲ့အတူ ကလပ်အသင်းရဲ့ ယုံကြည်မှုတွေကို မြင့်တင်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။