မႏွစ္က ေဘာလံုးရာသီဟာ လူအမ်ားထင္မွတ္ထားသလို ကလပ္အသင္း ၆ သင္းက ထိပ္ဆံုး ေလးေနရာကို ျပိဳင္ဆိုင္မႈအစား မန္စီးတီးနဲ႔ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ အျပင္းအထန္ ယွဥ္ျပိဳင္ခဲ့ၾကျပီး က်န္ေလးသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ လက္က်န္ ၂ ေနရာစာအတြက္ ယွဥ္ျပိဳင္ျခင္း ျဖစ္ခဲ့ပါတယ္။

ဒီရာသီ အစမွာကတည္းက မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ အတည္ျငိမ္ဆံုး ေျခစြမ္းေတြကို ျပသေနကာ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးက ေလးပြဲကစား ေလးပြဲႏုိင္ ရာႏႈန္းျပည့္ အႏုိင္ရလဒ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီး မန္စီးတီးက ဒုတိယေနရာကေန အမွီလိုက္ေနဆဲပါ။

အဂၤလန္အေနာက္ေျမာက္က ကလပ္ႏွစ္သင္းဟာ အဂၤလန္သမိုင္းမွာ စံခ်ိန္တင္ရမွတ္ေတြ ရယူႏုိင္ခ့ဲတာျဖစ္ျပီး ယာဂင္ကေလာ့ပ္နဲ႔ ဂြာဒီယိုလာ ဦးေဆာင္တဲ့ အသင္းႏွစ္သင္းက ဒီရာသီမွာေကာ အမွတ္ ၉၀ ထပ္ရဦးမွာလားဆိုတဲ့အေပၚ ဘီဘီစီ နာမည္ေက်ာ္ သံုးသပ္သူေတြက အခုလို ဆိုခဲ့ပါတယ္။

မာတင္ကီအုန္း ” အႏိုင္ရလဒ္ထက္ ကိုယ့္ကို စိတ္ေက်နပ္မႈေပးႏိုင္တဲ့အရာ မရွိပါဘူး။ ဒါက လီဗာပူး၊ စီးတီးတို႔နဲ႔ က်ေနာ္တို႔ ျမင္ေနရတဲ့အရာပါ။ ေရာ္နယ္ဒို နဲ႔ မက္ဆီလိုပါပဲ။ သူတို႔ရဲ႕ ၿပိဳင္ဆိုင္မႈေတြက သူတို႔ကို ထိပ္တန္းေရာက္ေစတာပါ။ အခု က်ေနာ္တို႔ဟာ ႀကီးက်ယ္တဲ့ အသင္းႏွစ္သင္းရဲ႕ ၿပိဳင္ဆိုင္မႈကို ေတြ႕ေနရပါတယ္။

လီဗာပူးရဲ႕ ကစားပုံက အရွိန္ျပင္းတယ္။ ကေလာ့ပ္က သူ႔ရဲ႕ ကစားသမားေတြကို အရွိန္ျမႇင့္ေအာင္ ေမာင္းတယ္။ဂြ ာဒီယိုလာရဲ႕ စီးတီးက ပိုၿပီး အႏုပညာဆန္တယ္ေပါ့။ ကစားပုံႏွစ္မ်ိဳးလုံးက မႏွစ္က အမွတ္ ၉၀ ေက်ာ္ ရခဲ့တာပဲ။ ဒီႏွစ္လဲ အဲ့ထက္ ​ေလ်ာ့မယ္မထင္ဘူး။ ႏိုင္ငံတကာပြဲေတြအၿပီး ပထမဆုံးပြဲက အေရးႀကီးတယ္။ သူတို႔ အႏိုင္ရဖို႔ လိုပါတယ္။ ” လို႔ ထင္ျမင္ခ်က္ေပးခဲ့တယ္။

ခရစ္ဆက္တန္ ” ဒါက ႏွစ္ေကာင္တည္းေျပးေနတဲ့ ပြဲပါ။ ႏွစ္သင္းလံုး ထပ္ၿပီး အမွတ္ ၉၀ ေက်ာ္သင့္ပါတယ္။ ေတာ့တင္ဟမ္ ဒါမွမဟုတ္ တျခား ဘယ္အသင္းကမွ သူတို႔ကို ဒုကၡေပးႏိုင္မယ္မထင္ဘူး။ ခ်ယ္ဆီးနဲ႔ ယူႏိုက္တက္ကသာ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္စတာက ထိပ္သီး ၆ သင္းထဲက တစ္သင္းရဲ႕ ျဖဳတ္ခ်ခံရမွာကို စိုးရိမ္သင့္ပါတယ္။ ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

UNICODE

မနှစ်က ဘောလုံးရာသီဟာ လူအများထင်မှတ်ထားသလို ကလပ်အသင်း ၆ သင်းက ထိပ်ဆုံး လေးနေရာကို ပြိုင်ဆိုင်မှုအစား မန်စီးတီးနဲ့ လီဗာပူးက ချန်ပီယံဖြစ်ဖို့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြပြီး ကျန်လေးသင်းက ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၂ နေရာစာအတွက် ယှဉ်ပြိုင်ခြင်း ဖြစ်ခဲ့ပါတယ်။

ဒီရာသီ အစမှာကတည်းက မန်စီးတီးနဲ့ လီဗာပူးတို့ဟာ အတည်ငြိမ်ဆုံး ခြေစွမ်းတွေကို ပြသနေကာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက လေးပွဲကစား လေးပွဲနိုင် ရာနှုန်းပြည့် အနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးက ဒုတိယနေရာကနေ အမှီလိုက်နေဆဲပါ။

အင်္ဂလန်အနောက်မြောက်က ကလပ်နှစ်သင်းဟာ အင်္ဂလန်သမိုင်းမှာ စံချိန်တင်ရမှတ်တွေ ရယူနိုင်ခဲ့တာဖြစ်ပြီး ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာ ဦးဆောင်တဲ့ အသင်းနှစ်သင်းက ဒီရာသီမှာကော အမှတ် ၉၀ ထပ်ရဦးမှာလားဆိုတဲ့အပေါ် ဘီဘီစီ နာမည်ကျော် သုံးသပ်သူတွေက အခုလို ဆိုခဲ့ပါတယ်။

မာတင်ကီအုန်း ” အနိုင်ရလဒ်ထက် ကိုယ့်ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့အရာ မရှိပါဘူး။ ဒါက လီဗာပူး၊ စီးတီးတို့နဲ့ ကျနော်တို့ မြင်နေရတဲ့အရာပါ။ ရော်နယ်ဒို နဲ့ မက်ဆီလိုပါပဲ။ သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေက သူတို့ကို ထိပ်တန်းရောက်စေတာပါ။ အခု ကျနော်တို့ဟာ ကြီးကျယ်တဲ့ အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကို တွေ့နေရပါတယ်။

လီဗာပူးရဲ့ ကစားပုံက အရှိန်ပြင်းတယ်။ ကလော့ပ်က သူ့ရဲ့ ကစားသမားတွေကို အရှိန်မြှင့်အောင် မောင်းတယ်။ဂွ ာဒီယိုလာရဲ့ စီးတီးက ပိုပြီး အနုပညာဆန်တယ်ပေါ့။ ကစားပုံနှစ်မျိုးလုံးက မနှစ်က အမှတ် ၉၀ ကျော် ရခဲ့တာပဲ။ ဒီနှစ်လဲ အဲ့ထက် လျော့မယ်မထင်ဘူး။ နိုင်ငံတကာပွဲတွေအပြီး ပထမဆုံးပွဲက အရေးကြီးတယ်။ သူတို့ အနိုင်ရဖို့ လိုပါတယ်။ ” လို့ ထင်မြင်ချက်ပေးခဲ့တယ်။

ခရစ်ဆက်တန် ” ဒါက နှစ်ကောင်တည်းပြေးနေတဲ့ ပွဲပါ။ နှစ်သင်းလုံး ထပ်ပြီး အမှတ် ၉၀ ကျော်သင့်ပါတယ်။ တော့တင်ဟမ် ဒါမှမဟုတ် တခြား ဘယ်အသင်းကမှ သူတို့ကို ဒုက္ခပေးနိုင်မယ်မထင်ဘူး။ ချယ်ဆီးနဲ့ ယူနိုက်တက်ကသာ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာက ထိပ်သီး ၆ သင်းထဲက တစ်သင်းရဲ့ ဖြုတ်ချခံရမှာကို စိုးရိမ်သင့်ပါတယ်။ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။