ခ်ယ္ဆီးအတြက္ အားတက္စရာ အေနနဲ႕ ဗဟိုခံစစ္မွဴး ရူဒီဂါဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္ ပါ၀င္ကစားဖို႔ အသင့္ ျဖစ္ေနျပီလို႔ လမ္းပတ္က ၀ုဗ္နဲ႕ ပြဲၾကိဳမွာ အသိေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၀ုဗ္ကို ျပီးခဲ့တဲ့ရာသီက အိမ္ကြင္းေရာ အေ၀းကြင္းမွာပါ အနိုင္ရမထားတာေၾကာင့္ ဒီည နုိင္ပြဲရဖို႔ ဖိအားရွိေနပါတယ္။ ၀ုဗ္ကို ခ်ယ္ဆီး ေနာက္ဆံုး နုိင္ခဲ့တာက ၂၀၁၂ က စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ၂-၁ နဲ႕ နိုင္ခဲ့တာ ျဖစ္ျပီး ထိုပြဲမွာ လမ္းပတ္က ေနာက္က် အနုိင္ဂိုး သြင္းခဲ့တာပါ။

ဘီဘီစီမွာ နာမည္ေက်ာ္ ေဘာလံုးသံုးသပ္သူ ေလာ္ရိုးကေတာ့ ခ်ယ္ဆီးအသင္းဟာ ၀ုဗ္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္ နိုင္ယူနိုင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ခ်ယ္ဆီး ညာစြန္ ခံစစ္မွဴး ဇက္ပါေကာ္စတာက လက္ရွိ အငွားကစားေနတဲ့ ရိုးမားအသင္းထံ ရာသီကုန္မွာ အျပီးသတ္ ေျပာင္းေရႊ႕လိုေနေၾကာင္း အီတလီသတင္းမ်ားမွာ ေဖာ္ျပေနပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ ဒီစေန ၀ုဗ္နဲ႕ ပြဲစဥ္မွာ ပါ၀င္နိုင္မွာ မဟုတ္ေၾကာင္း နည္းျပ ဖရန္႔ လမ္းပတ္က အတည္ျပဳ သြားပါတယ္။ ျပင္သစ္သားဟာ ဒီရာသီ ခ်ယ္ဆီးအတြက္ ၂ ပြဲသာ ကစားထားရျပီး ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ျပီးခဲ့တဲ့ ေနာ၀စ္၊ ရွက္ဖီးတို႕နဲ႕ ပြဲေတြမွာ လြဲေခ်ာ္ထားပါတယ္။

အိုဒြိဳင္းကို အဂၤလန္အသင္းက ေနရာေပးခဲ့သည့္ နည္းတူ စေကာ့တလန္ အသင္းကလည္း ခ်ယ္ဆီး ဆယ္ေက်ာ္သက္ ကြင္းလယ္လူငယ္ေလး Billy Gilmour ဟာ စီနီယာအသင္း လူစာရင္းထဲ ထည့္သြင္း ေရြးခ်ယ္သင့္ျပီလို႔ စေကာ့သား တိုက္စစ္သမားေဟာင္း ေမလာက တိုက္တြန္းလိုက္ပါတယ္။

ညက ကစားခဲ့တဲ့ PL2 လူငယ္ပြဲမွာ ခ်ယ္ဆီး U23 အသင္းက ဘရိုုက္တန္U23 ကို ၂ဂိုး ၁ နဲ႕ အနိုင္ရခဲ့ပါတယ္။ ထိုပြဲမွာ ဒဏ္ရာကေန ျပန္လည္ သက္သာလာတဲ့ အိုဒြိဳင္းနဲ႕ ရစ္ဆီ ဂ်ိမ္းစ္တို႔ ပါ၀င္ ကစားသြားခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီးအတွက် အားတက်စရာ အနေနဲ့ ဗဟိုခံစစ်မှူး ရူဒီဂါဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် ပါဝင်ကစားဖို့ အသင့် ဖြစ်နေပြီလို့ လမ်းပတ်က ဝုဗ်နဲ့ ပွဲကြိုမှာ အသိပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဝုဗ်ကို ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ရမထားတာကြောင့် ဒီည နိုင်ပွဲရဖို့ ဖိအားရှိနေပါတယ်။ ဝုဗ်ကို ချယ်ဆီး နောက်ဆုံး နိုင်ခဲ့တာက ၂၀၁၂ က စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂-၁ နဲ့ နိုင်ခဲ့တာ ဖြစ်ပြီး ထိုပွဲမှာ လမ်းပတ်က နောက်ကျ အနိုင်ဂိုး သွင်းခဲ့တာပါ။

ဘီဘီစီမှာ နာမည်ကျော် ဘောလုံးသုံးသပ်သူ လော်ရိုးကတော့ ချယ်ဆီးအသင်းဟာ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် နိုင်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ချယ်ဆီး ညာစွန် ခံစစ်မှူး ဇက်ပါကော်စတာက လက်ရှိ အငှားကစားနေတဲ့ ရိုးမားအသင်းထံ ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့လိုနေကြောင်း အီတလီသတင်းများမှာ ဖော်ပြနေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ဒီစနေ ဝုဗ်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ ဖရန့် လမ်းပတ်က အတည်ပြု သွားပါတယ်။ ပြင်သစ်သားဟာ ဒီရာသီ ချယ်ဆီးအတွက် ၂ ပွဲသာ ကစားထားရပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နောဝစ်၊ ရှက်ဖီးတို့နဲ့ ပွဲတွေမှာ လွဲချော်ထားပါတယ်။

အိုဒွိုင်းကို အင်္ဂလန်အသင်းက နေရာပေးခဲ့သည့် နည်းတူ စကော့တလန် အသင်းကလည်း ချယ်ဆီး ဆယ်ကျော်သက် ကွင်းလယ်လူငယ်လေး Billy Gilmour ဟာ စီနီယာအသင်း လူစာရင်းထဲ ထည့်သွင်း ရွေးချယ်သင့်ပြီလို့ စကော့သား တိုက်စစ်သမားဟောင်း မေလာက တိုက်တွန်းလိုက်ပါတယ်။

ညက ကစားခဲ့တဲ့ PL2 လူငယ်ပွဲမှာ ချယ်ဆီး U23 အသင်းက ဘရိုက်တန်U23 ကို ၂ဂိုး ၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုပွဲမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အိုဒွိုင်းနဲ့ ရစ်ဆီ ဂျိမ်းစ်တို့ ပါဝင် ကစားသွားခဲ့ပါတယ်။

Myan News