လက္စတာမန္ေနဂ်ာ ေရာ္ဂ်ာက သူဟာ လီဗာပူးအသင္းကို ကိုင္တြယ္ခဲ့ဖူးလို႔ မဟာျပိဳင္ဘက္ မန္ယူအသင္းရဲ႕ ကစားသမား ေကာင္းေတြကို ဆြဲေဆာင္မႈနဲ႔ လုပ္ခလစာ ေတာင္းဆိုခံရမႈေတြကို နားလည္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သမိုင္းေၾကာင္းရွိတဲ့ မန္ယူလိုအသင္းက ကမ္းလွမ္းလာရင္ မက္ဂိြဳင္းရားက ျငင္းဆန္ဖို႔ ခက္ခဲမွာပဲလို႔ ေထာက္ခံခဲ့ပါတယ္။

လက္စတာနဲ႔ပြဲၾကိဳ မန္ယူအသင္း လူစာရင္းမွာ ပါဝင္လာတဲ့ တြမ္ဇီဘီ၊ ဂရင္းဝုဒ္ ၊ တာဟစ္ ေခ်ာင္ နဲ့ ဂ်ိမ္းစ္ ဂါနာ တို႔ထဲက တစ္ဦးဟာ ပြဲထြက္လူစာရင္းကေန ပါဝင္လာႏုိင္တယ္လို႔ မန္ေနဂ်ာဆိုးရွားက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ကြင္းလယ္လူမာတစ္က ကစားသမား စိတ္ၾကိဳက္ ေရြးခ်ယ္မွဳကို မန္ေနဂ်ာျဖစ္သူက လုပ္ေဆာင္ျခင္းျဖစ္လို႔ ရလဒ္ ဆုိးရြားခဲ့ရင္ မန္ေနဂ်ာမွာ တာဝန္ရွိတယ္လို႔ ေျပာဆိုမႈကို ဆိုးရွားက နုိင္ပြဲေတြဆက္ဖုိ႔ ၊ ရလဒ္ေကာင္းေတြ ဆက္တုိက္ ပိုင္ဆုိင္နုိင္ဖုိ႔ ၾကိဳးစားရမယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

မန္ယူယူးရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ဒီေႏြမွာ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားတဲ့ ဗဟိုခံစစ္ကစားသမား မက္ဂြိဳင္းရားက တာဝန္ယူသြားႏိုင္ေျခရွိေနေၾကာင္း သိရပါတယ္။

ဒီကေန႔ပြဲကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစလို႔ ဖရတ္က အင္စတာဂရမ္ကေန ေဖာ္ျပခဲ့တဲ့ေနာက္ ပြဲထြက္လူစာရင္းကေန ပါဝင္လာမယ္လို႔ ယူူဆခံရမႈေတြ တိုးပြားလာေနပါတယ္။

ေမာ္ရင္ညိဳ မရွိေတာ့တဲ့ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ တိုက္စစ္သမား ရပ္ဖို႔က လက္ရွိ မန္ေနဂ်ာဆိုးရွားမွာ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳမွာ မရွိတဲ့ အရည္အခ်င္းေကာင္းေတြ ပိုင္ဆိုင္ထားပါေၾကာင္း ထုုတ္ေဖာ္ေျပာဆိုပါတယ္။

မန္ယူနဲ႔ လက္စတာတို႔ ယွဥ္ျပိဳင္ကစာမယ့္ ဒီကေန႔ပြဲမွာ မန္ယူအသင္းကင္းေထာက္ေတြက လက္စတာကြင္းလယ္လူ မတ္ဒီဆန္ကို ေစာင့္ၾကည့့္မႈေတြ လုပ္သြားမယ္လုိ႔ သတင္းထြက္ေနပါတယ္။ မန္ယူဟာ ကြင္းလယ္ကို အင္အားျဖည့္ဖို႔ အဂၤလန္သား ကြင္းလယ္လူကို ေစာင့္ၾကည့္မႈေတြ လုပ္ေနတာျဖစ္ပါတယ္။

မန္ယူအသင္း လူငယ္ကစားသမားေလး Hannibal Mejbri ဟာ မန္ခ်က္စတာကလပ္ကို ေရာက္လာျပီးေနာက္ ပထမဆံုး ပြဲထြက္မႈအျဖစ္ ဒီကေန႔မွာ ဒါဘီအသင္းနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ မန္ယူ ယူ-၁၈ အသင္းအတြက္ ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ပါတယ္။

UNICODE

လက်စတာမန်နေဂျာ ရော်ဂျာက သူဟာ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့ဖူးလို့ မဟာပြိုင်ဘက် မန်ယူအသင်းရဲ့ ကစားသမား ကောင်းတွေကို ဆွဲဆောင်မှုနဲ့ လုပ်ခလစာ တောင်းဆိုခံရမှုတွေကို နားလည်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမိုင်းကြောင်းရှိတဲ့ မန်ယူလိုအသင်းက ကမ်းလှမ်းလာရင် မက်ဂွိုင်းရားက ငြင်းဆန်ဖို့ ခက်ခဲမှာပဲလို့ ထောက်ခံခဲ့ပါတယ်။

လက်စတာနဲ့ပွဲကြို မန်ယူအသင်း လူစာရင်းမှာ ပါဝင်လာတဲ့ တွမ်ဇီဘီ၊ ဂရင်းဝုဒ် ၊ တာဟစ် ချောင် နဲ့ ဂျိမ်းစ် ဂါနာ တို့ထဲက တစ်ဦးဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်တယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ဖော်ပြောဆိုထားပါတယ်။

ကွင်းလယ်လူမာတစ်က ကစားသမား စိတ်ကြိုက် ရွေးချယ်မှုကို မန်နေဂျာဖြစ်သူက လုပ်ဆောင်ခြင်းဖြစ်လို့ ရလဒ် ဆိုးရွားခဲ့ရင် မန်နေဂျာမှာ တာဝန်ရှိတယ်လို့ ပြောဆိုမှုကို ဆိုးရှားက နိုင်ပွဲတွေဆက်ဖို့ ၊ ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

မန်ယူယူးရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဒီနွေမှာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဗဟိုခံစစ်ကစားသမား မက်ဂွိုင်းရားက တာဝန်ယူသွားနိုင်ခြေရှိနေကြောင်း သိရပါတယ်။

ဒီကနေ့ပွဲကို ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဖရတ်က အင်စတာဂရမ်ကနေ ဖော်ပြခဲ့တဲ့နောက် ပွဲထွက်လူစာရင်းကနေ ပါဝင်လာမယ်လို့ ယူူဆခံရမှုတွေ တိုးပွားလာနေပါတယ်။

မော်ရင်ညို မရှိတော့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်စစ်သမား ရပ်ဖို့က လက်ရှိ မန်နေဂျာဆိုးရှားမှာ မန်နေဂျာဟောင်း မော်ရင်ညိုမှာ မရှိတဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားပါကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

မန်ယူနဲ့ လက်စတာတို့ ယှဉ်ပြိုင်ကစာမယ့် ဒီကနေ့ပွဲမှာ မန်ယူအသင်းကင်းထောက်တွေက လက်စတာကွင်းလယ်လူ မတ်ဒီဆန်ကို စောင့်ကြည့်မှုတွေ လုပ်သွားမယ်လို့ သတင်းထွက်နေပါတယ်။ မန်ယူဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့ အင်္ဂလန်သား ကွင်းလယ်လူကို စောင့်ကြည့်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

မန်ယူအသင်း လူငယ်ကစားသမားလေး Hannibal Mejbri ဟာ မန်ချက်စတာကလပ်ကို ရောက်လာပြီးနောက် ပထမဆုံး ပွဲထွက်မှုအဖြစ် ဒီကနေ့မှာ ဒါဘီအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ မန်ယူ ယူ-၁၈ အသင်းအတွက် ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ပါတယ်။