မန္စီးတီးဟာ အားထားရတဲ့ ခံစစ္မွဴး လာေပၚေတး မပါ၀င္ဘဲ လအတန္ၾကာ ခရီးဆက္ရမွာ ျဖစ္ျပီး ၂၀၂၀ ဇန္န၀ါရီ ေဖေဖာ္၀ါရီ ေလာက္မွသာ ျပန္လာနိုင္မယ္လို႔ ဂြာဒီယိုလာက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ကြန္ပနီ မရွိေတာ့တဲ့အျပင္ လာေပၚေတးလည္း ဒဏ္ရာ ရသြားတာေၾကာင့္ စီးတီးမွာ ဗဟိုခံစစ္မွဴး အျဖစ္ ေအာ္တာမန္ဒီနဲ႔ ဂ်ြန္စတုန္းတို႔ သာ က်န္ရွိေနျပီး ဖာနန္ဒင္ဟိုလည္း ၀င္ကစားနိုင္ပါတယ္။

စီးတီးနည္းျပ ဂြာဒီယိုလာကေတာ့ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ဗဟိုခံစစ္မွဴး တစ္ဦး အေလာတၾကီး ေခၚယူဖို႔ မလိုအပ္ဘူး ယူဆထားကာ ေနာ၀စ္နဲ႕ ပြဲၾကိဳမွာ သတင္းသမားမ်ားကို စီးတီးေခၚမယ့္ ကစားသမားမ်ားလို႔ ေလွ်ာက္မဖြဖို႔ သတိေပးခဲ့ပါတယ္။

စီးတီးနည္းျပ ဂြာဒီယိုလာက စတားလင္းရဲ႕ ကလပ္အသင္းနဲ႕ေရာ နုိင္ငံအသင္းနဲ႕ ေျခစြမ္းျပ ကစားေနမႈအေပၚ ေက်နပ္ေပ်ာ္ရႊင္ေၾကာင္း၊ ဒါေပမယ့္ မက္ဆီ၊ ရိုနယ္ဒိုတို႔နဲ႕ နိႈင္းယွဥ္မႈေတြကို သိပ္ေခါင္းထဲ မထည့္ဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ လက္ရွိမွာ ထိုအေနအထား မေရာက္ေသးေပမယ့္ အေကာင္းဆံုး ျဖစ္လာေအာင္ ကူညီေပးနုိ္ငတ္ဲ့ အေၾကာင္း ေျပာဆုိလိုက္ပါတယ္။

” အခုလက္ရွိေတာ့ စတားလင္းဟာ အဲ့လိုအဆင့္မ်ိဳးကို မေရာက္ေသးပါဘူး။ အနာဂတ္မွာေတာ့ ျဖစ္လာဖို႔ ဆႏၵရွိပါတယ္။ ဒါဟာလည္း သူ႔အတြက္ အိပ္မက္လိုျဖစ္ေနမွာပါ။ က်ေနာ္တို႔႔ အားလံုးအတြက္ေကာေပါ့။ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ေရာ္နယ္ဒို နဲ႔ မက္ဆီက ႏွစ္တုိင္း ဂိုး ၅၀-၆- ေလာက္သြင္းေနသူေတြပါ။ ဘယ္ေလာက္ဖန္တီးသလဲေတာ့ ကၽြန္ေတာ္မသိဘူး။

သူတို႔ဟာ မႏွစ္ကလြဲျပီး ႏွစ္တိုင္းလိုလို ေဘာလြန္းဒီေအာဆု နဲ႔ အျခားတစ္ဦးခ်င္း ဆုတံဆိပ္ေတြကို ရရွိထားတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဂႏၱ၀င္ေတြျဖစ္ျပီး ကမာၻ႕ေဘာလံုးသမိုင္းမွာ အႏိႈင္းမဲ့ကစားသမားေတြျဖစ္ၾကပါတယ္။ စတားလင္းဟာလည္း အဲ့လိုအဆင့္မ်ိဳးကို ေမွ်ာ္မွန္းလို႔ ရႏိုင္ရင္ေတာ့ အရမ္းေကာင္းသြားမွာပါ”လို႔ ေနာ္ေ၀့ခ်္ နဲ႔ကစားမည့္ပြဲမတိုင္မီ နည္းျပ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါတယ္။

ဒီည ေနာ၀စ္နဲ႕ ပြဲမွာ မန္စီးတီးအသင္းဟာ ဂိုးျပတ္နုိင္မယ္လို႔ နာမည္ေက်ာ္ သံုးသပ္သူမ်ားက အသီးသီး ခန္႔မွန္းခဲ့ၾကပါတယ္။ အို၀င္က စီးတီး နွစ္ဂိုးျပတ္၊ စကိုင္းစေပါ့မွ ခ်ာလီက စီးတီး ၆-၂ ေနာ၀စ္၊ ေလာ္ရိုးကလည္း ဂိုးျပတ္အနိုင္ပဲလို႔ အသီးသီး ရလဒ္ေတြ ၾကိဳတင္ ေျပာဆိုခဲ့ပါတယ္။

မန္စီးတီး တိုက္စစ္သမား စတားလင္းရဲ႕ တိုးတက္ျဖစ္ထြန္းလာမႈဟာ ခရစၥတီယာနို ရိုနယ္ဒိုကဲ့သို႔ ရွိျပီး စတားလင္း လက္ရွိေျခစြမ္းဟာ ေနမာထက္ သာလြန္ေကာင္းမြန္တယ္လို႔ လီဗာပူးကစားသမားေဟာင္ားာ ဂ်င္မီကာေရဂါက ခ်ီးက်ဴးလိုက္ပါတယ္။

Myan News

UNICODE – မန်စီးတီးဟာ အားထားရတဲ့ ခံစစ်မှူး လာပေါ်တေး မပါဝင်ဘဲ လအတန်ကြာ ခရီးဆက်ရမှာ ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ဖေဖော်ဝါရီ လောက်မှသာ ပြန်လာနိုင်မယ်လို့ ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။

ကွန်ပနီ မရှိတော့တဲ့အပြင် လာပေါ်တေးလည်း ဒဏ်ရာ ရသွားတာကြောင့် စီးတီးမှာ ဗဟိုခံစစ်မှူး အဖြစ် အော်တာမန်ဒီနဲ့ ဂျွန်စတုန်းတို့ သာ ကျန်ရှိနေပြီး ဖာနန်ဒင်ဟိုလည်း ဝင်ကစားနိုင်ပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး တစ်ဦး အလောတကြီး ခေါ်ယူဖို့ မလိုအပ်ဘူး ယူဆထားကာ နောဝစ်နဲ့ ပွဲကြိုမှာ သတင်းသမားများကို စီးတီးခေါ်မယ့် ကစားသမားများလို့ လျှောက်မဖွဖို့ သတိပေးခဲ့ပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာက စတားလင်းရဲ့ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ ခြေစွမ်းပြ ကစားနေမှုအပေါ် ကျေနပ်ပျော်ရွှင်ကြောင်း၊ ဒါပေမယ့် မက်ဆီ၊ ရိုနယ်ဒိုတို့နဲ့ နှိုင်းယှဉ်မှုတွေကို သိပ်ခေါင်းထဲ မထည့်ဖို့ မျှော်လင့်ကြောင်း၊ လက်ရှိမှာ ထိုအနေအထား မရောက်သေးပေမယ့် အကောင်းဆုံး ဖြစ်လာအောင် ကူညီပေးနိုငတ်ဲ့ အကြောင်း ပြောဆိုလိုက်ပါတယ်။

” အခုလက်ရှိတော့ စတားလင်းဟာ အဲ့လိုအဆင့်မျိုးကို မရောက်သေးပါဘူး။ အနာဂတ်မှာတော့ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ဒါဟာလည်း သူ့အတွက် အိပ်မက်လိုဖြစ်နေမှာပါ။ ကျနော်တို့ အားလုံးအတွက်ကောပေါ့။ ဒါပေမဲ့ အခုလောလောဆယ်တော့ ရော်နယ်ဒို နဲ့ မက်ဆီက နှစ်တိုင်း ဂိုး ၅၀-၆- လောက်သွင်းနေသူတွေပါ။ ဘယ်လောက်ဖန်တီးသလဲတော့ ကျွန်တော်မသိဘူး။

သူတို့ဟာ မနှစ်ကလွဲပြီး နှစ်တိုင်းလိုလို ဘောလွန်းဒီအောဆု နဲ့ အခြားတစ်ဦးချင်း ဆုတံဆိပ်တွေကို ရရှိထားတယ်။ သူတို့နှစ်ယောက်ဟာ ဂန္တဝင်တွေဖြစ်ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ အနှိုင်းမဲ့ကစားသမားတွေဖြစ်ကြပါတယ်။ စတားလင်းဟာလည်း အဲ့လိုအဆင့်မျိုးကို မျှော်မှန်းလို့ ရနိုင်ရင်တော့ အရမ်းကောင်းသွားမှာပါ”လို့ နော်ဝေ့ချ် နဲ့ကစားမည့်ပွဲမတိုင်မီ နည်းပြ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ဒီည နောဝစ်နဲ့ ပွဲမှာ မန်စီးတီးအသင်းဟာ ဂိုးပြတ်နိုင်မယ်လို့ နာမည်ကျော် သုံးသပ်သူများက အသီးသီး ခန့်မှန်းခဲ့ကြပါတယ်။ အိုဝင်က စီးတီး နှစ်ဂိုးပြတ်၊ စကိုင်းစပေါ့မှ ချာလီက စီးတီး ၆-၂ နောဝစ်၊ လော်ရိုးကလည်း ဂိုးပြတ်အနိုင်ပဲလို့ အသီးသီး ရလဒ်တွေ ကြိုတင် ပြောဆိုခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်သမား စတားလင်းရဲ့ တိုးတက်ဖြစ်ထွန်းလာမှုဟာ ခရစ္စတီယာနို ရိုနယ်ဒိုကဲ့သို့ ရှိပြီး စတားလင်း လက်ရှိခြေစွမ်းဟာ နေမာထက် သာလွန်ကောင်းမွန်တယ်လို့ လီဗာပူးကစားသမားဟောင်ားာ ဂျင်မီကာရေဂါက ချီးကျူးလိုက်ပါတယ်။

Myan News