အာဆင္နယ္အသင္းမွာ ျပန္လည္ထူေထာင္ေရး လုပ္ငန္စဥ္းေတြ လုပ္ေဆာင္ဖို႔ ကိုေနး ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္ေနတဲ့ ဆာလီဘာဟာ ေက်ာနံပါတ္ ၁၇ ကို ဝတ္ဆင္ေနလို႔ လာမယ့္ရာသီ သူဝတ္ဆင္မယ့္ ေက်ာနံပါတ္ကို ေရြးခ်ယ္ထားျခင္းလား ေမးခြန္းထုတ္ခံေနရပါတယ္။

အာဆင္နယ္ နည္းျပ အမ္မရီက ေႏြအေျပာင္းအေရႊ႕မွာ ဗဟိုခံစစ္မွဴး မူစတာဖီကို ထုတ္ေရာင္းဖို႔ စီစဥ္ခဲ့ေပမယ့္ ကမ္းလွမ္းမယ့္အသင္း မရွိသလို ကစားသမားကလည္း အသင္းမွာ ဆက္ရွိေနခ်င္တာေၾကာင့္ အေျပာင္းအေရႊ႔ မျဖစ္ခဲ့ေၾကာင္း ထုတ္ေျပာခဲ့သလို မူစတာဖီကို အခြင့္အေရးေပးမယ္လုိ႔ ဆိုပါတယ္။

ေသာၾကာေန႔က မီဒီယာေတြ႔ဆံုမွာ အမ္မရီက အဆိုပါ ကိစၥနဲ႔ ပက္သက္ျပီး စကားေျပပာာခဲ့ပါတယ္။ သူကေတာ့ အာဆင္နယ္အသင္းရဲ႕ အျမဲတမ္း အသင္းေခါင္းေဆာင္ကို လာမယ့္အပတ္မွာ အတည္ျပဳေပးပါမယ္လို႔ ဆိုခဲ့တယ္။

ကီအုန္းက ” အာဆင္နယ္ ခံစစ္က ေမးခြန္းထုတ္စရာပဲ။ သူတို႔ရဲ႕ တိုက္စစ္အင္အားေတာ့ သိပါတယ္။ ပီပီေရာက္လာေတာ့ ပိုေတာင္ေကာင္းသြားေသးတယ္။ ဒါေပမယ့္ ေနာက္တန္းက ျပသနာရွိေနဆဲ ” လို႔ သံုးသပ္ခဲ့ပါတယ္။

အာဆင္နယ္ ဒုတိယဂိုးသမား မာတီနက္ဇ္က လီနို ဟာ အေတြ႕အၾကဳံ ပိုမ်ားတဲ့ ဂိုးသမားျဖစ္ေၾကာင္း ဝန္ခံေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာ သူဟာ လီႏိုထက္ မညံ့ပဲ တန္းတူလိုက္ႏိုင္စြမ္းရွိေၾကာင္းနဲ႔ ပထမဂိုးသမားေနရာကို ဖိအားေပးမယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ သြင္းဂိုးအမ်ားဆံုး တိုက္စစ္သမားမ်ားစာရင္းမွာ မန္စီးတီးမွ အဂြယ္ရိုနဲ႔ လီဗာပူးမွ မာေနးတို႔က သြင္းဂိုး ၆ ဂိုးစီနဲ႔ ဦးေဆာင္ေနျပီး အာဆင္နယ္မွ အူဘာမီယန္က သြင္းဂိုး ၃ ဂိုး ရထားပါတယ္။ ဒဏ္ရာရေနတဲ့ လာကာဇက္တီကေတာ့ သြင္းဂိုး ၂ ဂိုး ရထားတာ ျဖစ္ပါတယ္။

ၾသဂုတ္လအျပီး အာဆင္နယ္အသင္းသားေတြထဲက စြမ္းေဆာင္ရည္ အေကာင္းဆံုးေတြအျဖစ္ မဲေပးခံထားရသူေတြကေတာ့ အူဘာမီယန္၊ ဆီးဘယ္ေလာ့နဲ႔ လာကာဇက္တီတို႔ပဲ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်အသင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်စဉ်းတွေ လုပ်ဆောင်ဖို့ ကိုနေး လေ့ကျင့်ရေးကွင်းကို ပြန်ရောက်နေတဲ့ ဆာလီဘာဟာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်နေလို့ လာမယ့်ရာသီ သူဝတ်ဆင်မယ့် ကျောနံပါတ်ကို ရွေးချယ်ထားခြင်းလား မေးခွန်းထုတ်ခံနေရပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီက နွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး မူစတာဖီကို ထုတ်ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် ကမ်းလှမ်းမယ့်အသင်း မရှိသလို ကစားသမားကလည်း အသင်းမှာ ဆက်ရှိနေချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ကြောင်း ထုတ်ပြောခဲ့သလို မူစတာဖီကို အခွင့်အရေးပေးမယ်လို့ ဆိုပါတယ်။

သောကြာနေ့က မီဒီယာတွေ့ဆုံမှာ အမ်မရီက အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး စကားပြေပာာခဲ့ပါတယ်။ သူကတော့ အာဆင်နယ်အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်ကို လာမယ့်အပတ်မှာ အတည်ပြုပေးပါမယ်လို့ ဆိုခဲ့တယ်။

ကီအုန်းက ” အာဆင်နယ် ခံစစ်က မေးခွန်းထုတ်စရာပဲ။ သူတို့ရဲ့ တိုက်စစ်အင်အားတော့ သိပါတယ်။ ပီပီရောက်လာတော့ ပိုတောင်ကောင်းသွားသေးတယ်။ ဒါပေမယ့် နောက်တန်းက ပြသနာရှိနေဆဲ ” လို့ သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ် ဒုတိယဂိုးသမား မာတီနက်ဇ်က လီနို ဟာ အတွေ့အကြုံ ပိုများတဲ့ ဂိုးသမားဖြစ်ကြောင်း ဝန်ခံပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ သူဟာ လီနိုထက် မညံ့ပဲ တန်းတူလိုက်နိုင်စွမ်းရှိကြောင်းနဲ့ ပထမဂိုးသမားနေရာကို ဖိအားပေးမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး တိုက်စစ်သမားများစာရင်းမှာ မန်စီးတီးမှ အဂွယ်ရိုနဲ့ လီဗာပူးမှ မာနေးတို့က သွင်းဂိုး ၆ ဂိုးစီနဲ့ ဦးဆောင်နေပြီး အာဆင်နယ်မှ အူဘာမီယန်က သွင်းဂိုး ၃ ဂိုး ရထားပါတယ်။ ဒဏ်ရာရနေတဲ့ လာကာဇက်တီကတော့ သွင်းဂိုး ၂ ဂိုး ရထားတာ ဖြစ်ပါတယ်။

သြဂုတ်လအပြီး အာဆင်နယ်အသင်းသားတွေထဲက စွမ်းဆောင်ရည် အကောင်းဆုံးတွေအဖြစ် မဲပေးခံထားရသူတွေကတော့ အူဘာမီယန်၊ ဆီးဘယ်လော့နဲ့ လာကာဇက်တီတို့ပဲ ဖြစ်ပါတယ်။