နယူးကာဆယ္ကို အိမ္ကြင္းမွာ အႏုိင္ရခဲ့ျခင္းေၾကာင့္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ၂၂ ပြဲဆက္တိုက္ အေရးမနိမ့္ပဲ ၁၈ ပြဲ အႏုိင္ရကာ ၄ ပြဲသေရက်တဲ့ ကလပ္အသင္းရဲ႕ ပရီးမီးယားလိဂ္မွတ္တမ္းသစ္ကို ေရးထိုးခဲ့ျပီျဖစ္တယ္။

ဒီမတိုင္ခင္ မွတ္တမ္းကေတာ့ ၂၀၁၈ ခုႏွစ္ ေမလကေန ဒီဇင္ဘာလအတြင္း ပရီးမီးယားလိဂ္ပြဲ ၂၁ ပြဲဆက္ အေရးမနိမ့္တဲ့ စံခ်ိန္ျဖစ္တယ္။ လီဗာပူးဟာ ကလပ္အသင္းသမိုင္း အျမင့္ဆံုးျဖစ္တဲ့ ၁၉၉၀ ခုႏွစ္ မတ္လကေန ႏိုဝင္ဘာလအတြင္း ၂၃ ပြဲဆက္ အေရးမနိမ့္တဲ့ စံခ်ိန္ျပီးေနာက္ အေကာင္းဆံုး စံခ်ိန္တစ္ခုကို ရလာျခင္း ျဖစ္ပါတယ္။

လီဗာပူးဟာ အဆင့္ျမင့္တန္းသမိုင္းမွာ ၁၄ ပြဲဆက္တိုက္ သြင္းဂိုး တစ္ဂိုးထက္ ပိုသြင္းကာ အႏုိင္ရတဲ့ ကလပ္အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ တိုက္စစ္မွဴး မာေနးဟာ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲ ၅၀ မွာ ၄၁ ပြဲႏုိင္ ၉ ပြဲသေရဆိုတဲ့ အရံွဴးလံုးဝမရွိတဲ့ မွတ္တမ္းကို ပိုင္ဆိုင္တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ကစားသမား ျဖစ္လာပါတယ္။

ဒီပြဲမွာ ရာႏႈန္းျပည့္ႏုိင္ပြဲကို ဆက္လက္ ထိန္းသိမ္းႏုိင္တဲ့ လီဗာပူးဟာ ႏွစ္ရာသီဆက္ အဖြင့္ပြဲ ၅ ပြဲလံုးကို အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာပါ။ လီဗာပူးနည္းတူ ႏွစ္ရာသီဆက္ ရာႏႈန္းျပည့္ႏုိင္ပြဲ ရခဲ့ဖူးတဲ့ ကလပ္အသင္းေတြကေတာ့ ခ်ယ္ဆီး (2009-10/2010-11) နဲ႔ မန္စီးတီး (2015-16/2016-17) ခုႏွစ္တို႔ပဲျဖစ္ပါတယ္။

ဒီမွတ္တမ္းေတြထက္ အေရးၾကီးတာကေတာ့ ႏုိင္ငံတကာ သီတင္းပတ္အျပီး ရုန္းကန္ရတတ္တဲ့ အသင္းၾကီးေတြရဲ႕ အေနအထားကို ေဖာက္ထြက္ျပီး လီဗာပူးဟာ အႏုိင္ရလဒ္ကို ေဖာ္ေဆာင္ကာ ရာႏႈန္းျပည့္ႏုိင္ပြဲကို ဆက္လက္ ထိမ္းသိမ္းသြားျခင္းပဲ ျဖစ္ပါတယ္။

UNICODE

နယူးကာဆယ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ခြင်းကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂၂ ပွဲဆက်တိုက် အရေးမနိမ့်ပဲ ၁၈ ပွဲ အနိုင်ရကာ ၄ ပွဲသရေကျတဲ့ ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းသစ်ကို ရေးထိုးခဲ့ပြီဖြစ်တယ်။

ဒီမတိုင်ခင် မှတ်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလကနေ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲဆက် အရေးမနိမ့်တဲ့ စံချိန်ဖြစ်တယ်။ လီဗာပူးဟာ ကလပ်အသင်းသမိုင်း အမြင့်ဆုံးဖြစ်တဲ့ ၁၉၉၀ ခုနှစ် မတ်လကနေ နိုဝင်ဘာလအတွင်း ၂၃ ပွဲဆက် အရေးမနိမ့်တဲ့ စံချိန်ပြီးနောက် အကောင်းဆုံး စံချိန်တစ်ခုကို ရလာခြင်း ဖြစ်ပါတယ်။

လီဗာပူးဟာ အဆင့်မြင့်တန်းသမိုင်းမှာ ၁၄ ပွဲဆက်တိုက် သွင်းဂိုး တစ်ဂိုးထက် ပိုသွင်းကာ အနိုင်ရတဲ့ ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ တိုက်စစ်မှူး မာနေးဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၅၀ မှာ ၄၁ ပွဲနိုင် ၉ ပွဲသရေဆိုတဲ့ အရံှူးလုံးဝမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာပါတယ်။

ဒီပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက် ထိန်းသိမ်းနိုင်တဲ့ လီဗာပူးဟာ နှစ်ရာသီဆက် အဖွင့်ပွဲ ၅ ပွဲလုံးကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ လီဗာပူးနည်းတူ နှစ်ရာသီဆက် ရာနှုန်းပြည့်နိုင်ပွဲ ရခဲ့ဖူးတဲ့ ကလပ်အသင်းတွေကတော့ ချယ်ဆီး (2009-10/2010-11) နဲ့ မန်စီးတီး (2015-16/2016-17) ခုနှစ်တို့ပဲဖြစ်ပါတယ်။

ဒီမှတ်တမ်းတွေထက် အရေးကြီးတာကတော့ နိုင်ငံတကာ သီတင်းပတ်အပြီး ရုန်းကန်ရတတ်တဲ့ အသင်းကြီးတွေရဲ့ အနေအထားကို ဖောက်ထွက်ပြီး လီဗာပူးဟာ အနိုင်ရလဒ်ကို ဖော်ဆောင်ကာ ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက် ထိမ်းသိမ်းသွားခြင်းပဲ ဖြစ်ပါတယ်။