လီဗာပူးဟာ အိမ္ကြင္းမွာ နယူးကာဆယ္ကို မာေနး၊ ဆာလက္တို႔ သြင္းဂိုးေတြနဲ႕ ၃ဂိုး ၁ဂိုး ျဖင့္ အနုိင္ရရွိကာ ပရီးမီးယားလိဂ္ ၁၅ ပြဲ ဆက္တိုက္ အနိုင္ရတဲ့ ကလပ္မွတ္တမ္းသစ္ ရရွိသြားသလို ဒီရာသီ ၅ ပြဲဲ ကစား ၅ပြဲလံုးနုိင္ကာ ၁၅ မွတ္နဲ႕ အမွတ္ေပးဇယားမွာ ဆက္လက္ ဦးေဆာင္သြားပါတယ္။

နယူးကာဆယ္ကို နုိင္တဲ့ပြဲ အျပီးမွာ လီဗာပူးဟာ အဂၤလန္ အဆင့္ျမင့္တန္းမွာ ၁၄ ပြဲ ဆက္ ၂ဂိုးနဲ႕ ၂ဂိုး အထက္ရလဒ္ေတြနဲ႕ နိုင္ပြဲရတဲ့ ပထမဆံုး ကလပ္အသင္း အျဖစ္ပါ စံခ်ိန္သစ္ ေရးထိုးသြားပါတယ္။

လီဗာပူးအသင္း ကစားသြားပံုနဲ႕ ပတ္သတ္ျပီး ကေလာ့ပ္က – “ဒုတိယပိုင္းမွာ က်ေနာ္တို႔ တစ္ဂိုးပဲ သြင္းေပမယ့္ တကယ့္ကို ေဘာလံုးပြဲေကာင္း ကစားသြားခဲ့တယ္။ က်ေနာ္ ေတာ္ေတာ္ သေဘာက်ခဲ့တယ္။” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

နယူးကာဆယ္နဲ႔ပြဲမွာ ပြဲစဥ္အလိုက္ အေကာင္းဆံုး ကစားသမားးဆုကို မာေနး၊ ဆာလက္နဲ႔ ရိုဘိုတို႔အား ေက်ာ္ျပီး တိုက္စစ္မွဴး ဖာမင္ႏိုက ရရွိခဲ့ပါတယ္။ ဆာလက္အတြက္ လွပတဲ့ ဂိုးေထာက္ပံ့မႈ လုပ္ေပးခဲ့တဲ့ ဖာမင္ႏိုဟာ မာေနးအတြက္ ဂိုးဖန္တီးမႈ လုပ္ခဲ့ေသးေပမယ့္ နယူးကာဆယ္ ကစားသမားေၾကာင့္ တရားဝင္ သက္မွတ္မႈမွာ နာမည္မပါခဲ့ပါဘူး။

အဆိုပါ ဆုကိုေတာ့ လီဗာပူးပရိသတ္ေတြက မဲေပးေရြးခ်ယ္ျခင္းျဖစ္ျပီး ကလပ္အသင္းဝဘ္ဆိုဒ္က တရားဝင္ ေၾကညာေပးတာျဖစ္ပါတယ္။

တိုက္စစ္မွဴး အိုရီဂီဟာ ေျခက်င္းဝတ္မွာ အခန္႔မသင့္စြာ ဒဏ္ရာရခဲ့ျခင္းျဖစ္ျပီး သူ႔ရဲ႕ ဒဏ္ရာ ဘယ္ေလာက္ထိ ျပင္းထန္တယ္ဆိုတာနဲ႔ ဘယ္ေလာက္ ၾကာဦးမယ္ဆိုတာကို စစ္ေဆးမႈေတြအား ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင့္ ယာဂင္ကေလာ့ပ္က ေျပာပါတယ္။

နယူးကာဆယ္နဲ႔ပြဲအျပီးမွာ ဒီကေန႔ဟာ သူ႔ေမြးေန႔မို႔ ဂ်ာစီလက္ေဆာင္ေပးပါလို႔ ေတာင္းဆိုခဲ့တဲ့ လီဗာပူးပရိသတ္ ေကာင္ေလးကို ပြဲအျပီးမွာ မာေနးက သူ႔ရဲ႕ဂ်ာစီကို သြားေရာက္ ေပးခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က ဖာမင္ႏိုက ပံုစံေကာင္းမွာ ရွိေနေပမယ့္ လက္ေရြးစင္အသင္းနဲ႔ သူ႔ရဲ႕ ပြဲပန္းထားမႈေၾကာင့္ အနားေပးတဲ့အေနနဲ႔ အရန္စာရင္းမွာပဲ ထည့္ခဲ့တာျဖစ္ေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာခဲ့ပါတယ္။

နာပိုလီပြဲအတြက္ ျပင္ဆင္မႈေတြကိုေတာ့ စီးရီးေအပြဲေတြကို ၾကည့္ျပီးမွပဲ ျပင္ဆင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီအပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ လက္ရွိ ခ်န္ပီယံဘြဲ႔ ကာကြယ္ဖို႔ကို ေနပယ္ျမိဳ႕က အေဝးကြင္းပြဲကေန လီဗာပူးတို႔ စတင္ပါမယ္။

နယူးကာဆယ္မန္ေနဂ်ာ စတိဘရုစ္က ဒီရာသီ အမွတ္ေပးဖလားကို လီဗာပူးအသင္း အႏုိင္ရႏုိင္မလားဆိုတဲ့ ေမးခြန္းကို ရႏုိင္ပါတယ္လုိ႔ အေျဖေပးသြားပါတယ္။

UNICODE

လီဗာပူးဟာ အိမ်ကွင်းမှာ နယူးကာဆယ်ကို မာနေး၊ ဆာလက်တို့ သွင်းဂိုးတွေနဲ့ ၃ဂိုး ၁ဂိုး ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၁၅ ပွဲ ဆက်တိုက် အနိုင်ရတဲ့ ကလပ်မှတ်တမ်းသစ် ရရှိသွားသလို ဒီရာသီ ၅ ပွဲ ကစား ၅ပွဲလုံးနိုင်ကာ ၁၅ မှတ်နဲ့ အမှတ်ပေးဇယားမှာ ဆက်လက် ဦးဆောင်သွားပါတယ်။

နယူးကာဆယ်ကို နိုင်တဲ့ပွဲ အပြီးမှာ လီဗာပူးဟာ အင်္ဂလန် အဆင့်မြင့်တန်းမှာ ၁၄ ပွဲ ဆက် ၂ဂိုးနဲ့ ၂ဂိုး အထက်ရလဒ်တွေနဲ့ နိုင်ပွဲရတဲ့ ပထမဆုံး ကလပ်အသင်း အဖြစ်ပါ စံချိန်သစ် ရေးထိုးသွားပါတယ်။

လီဗာပူးအသင်း ကစားသွားပုံနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “ဒုတိယပိုင်းမှာ ကျနော်တို့ တစ်ဂိုးပဲ သွင်းပေမယ့် တကယ့်ကို ဘောလုံးပွဲကောင်း ကစားသွားခဲ့တယ်။ ကျနော် တော်တော် သဘောကျခဲ့တယ်။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားးဆုကို မာနေး၊ ဆာလက်နဲ့ ရိုဘိုတို့အား ကျော်ပြီး တိုက်စစ်မှူး ဖာမင်နိုက ရရှိခဲ့ပါတယ်။ ဆာလက်အတွက် လှပတဲ့ ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့တဲ့ ဖာမင်နိုဟာ မာနေးအတွက် ဂိုးဖန်တီးမှု လုပ်ခဲ့သေးပေမယ့် နယူးကာဆယ် ကစားသမားကြောင့် တရားဝင် သက်မှတ်မှုမှာ နာမည်မပါခဲ့ပါဘူး။

အဆိုပါ ဆုကိုတော့ လီဗာပူးပရိသတ်တွေက မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ကလပ်အသင်းဝဘ်ဆိုဒ်က တရားဝင် ကြေညာပေးတာဖြစ်ပါတယ်။

တိုက်စစ်မှူး အိုရီဂီဟာ ခြေကျင်းဝတ်မှာ အခန့်မသင့်စွာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာ ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာနဲ့ ဘယ်လောက် ကြာဦးမယ်ဆိုတာကို စစ်ဆေးမှုတွေအား စောင့်ကြည့်ရဦးမှာဖြစ်ကြောင့် ယာဂင်ကလော့ပ်က ပြောပါတယ်။

နယူးကာဆယ်နဲ့ပွဲအပြီးမှာ ဒီကနေ့ဟာ သူ့မွေးနေ့မို့ ဂျာစီလက်ဆောင်ပေးပါလို့ တောင်းဆိုခဲ့တဲ့ လီဗာပူးပရိသတ် ကောင်လေးကို ပွဲအပြီးမှာ မာနေးက သူ့ရဲ့ဂျာစီကို သွားရောက် ပေးခဲ့ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က ဖာမင်နိုက ပုံစံကောင်းမှာ ရှိနေပေမယ့် လက်ရွေးစင်အသင်းနဲ့ သူ့ရဲ့ ပွဲပန်းထားမှုကြောင့် အနားပေးတဲ့အနေနဲ့ အရန်စာရင်းမှာပဲ ထည့်ခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

နာပိုလီပွဲအတွက် ပြင်ဆင်မှုတွေကိုတော့ စီးရီးအေပွဲတွေကို ကြည့်ပြီးမှပဲ ပြင်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ လက်ရှိ ချန်ပီယံဘွဲ့ ကာကွယ်ဖို့ကို နေပယ်မြို့က အဝေးကွင်းပွဲကနေ လီဗာပူးတို့ စတင်ပါမယ်။

နယူးကာဆယ်မန်နေဂျာ စတိဘရုစ်က ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးအသင်း အနိုင်ရနိုင်မလားဆိုတဲ့ မေးခွန်းကို ရနိုင်ပါတယ်လို့ အဖြေပေးသွားပါတယ်။