မန္ယူမန္ေနဂ်ာဆိုးရွားက အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ ကလပ္အသင္းက လိုအပ္ခ်က္ေတြ ရွိခဲ့ေပမယ့္ ပြဲကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏုိင္ခဲ့သလို ဒီရာသီ ပထမဆံုးအၾကိမ္အျဖစ္ ခံစစ္ကို ေကာင္းေကာင္းကာကြယ္ ကစားႏုိင္ခဲ့ပါတယ္လို႔ ပြဲအျပီးမွာ ထုတ္ေဖာ္ေျပာဆိုပါတယ္။

လက္စတာနဲ႔ပြဲအျပီး အသင္းရဲ႕ စြမ္းေဆာင္ရည္ကို မန္ေနဂ်ာဆိုးရွားက ” ဒီရာသီအတြက္ ပထမဆံုးအၾကိမ္အျဖစ္ က်ေနာ္တုိ႔ ကာကြယ္မႈေတြ အမ်ားၾကီး ျပဳလုပ္ခဲ့ရတာပါ။ အျခားပြဲေတြလိုပဲ ပြဲကို လြမ္းမိုး ကစားခဲ့ေပမယ့္ ဒီကေန႔မွာေတာ့ သူတို႔ ဧရိယာထဲမွာ ေကာင္းေကာင္းကာကြယ္ႏုိင္တဲ့ အသင္းကို ေတြ႔ခဲ့ရတယ္။

လက္စတာက အဆင့္ေလးဝင္ခ်င္တဲ့ အသင္းေကာင္းတစ္သင္းျဖစ္ပါတယ္။ ဂိုးမေပးခဲ့ရတာက ေကာငင္းေပမယ့္ က်ေနာ္တို႔ ပိုေကာင္းေကာင္းကစားႏုိင္တာကို မျပႏုိင္ခဲ့ပါဘူ။ အသင္းအေကာင္းအေနနဲ႔ ခုခံမႈေတြ လုပ္ႏုိင္ခဲ့ပါတယ္။

မက္ဂြဲရားရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပက္သက္လို႔ ေျပာရမယ္ဆိုရင္ ဗာဒီလို တိုက္စစ္သမားကို ရင္ဆိုင္ကစားမယ္ဆိုရင္ အျပည့္အဝ အာရံုစိုက္ဖို႔ လိုပါတယ္ မဟုတ္ရင္ သူက ကိုယ္ကို ေက်ာ္ျဖတ္ေျပးသြားမွာပါ။ မက္ဂြဲရားက အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါတယ္။ က်ေန္ာတို႔မွာ လူစာရင္းၾကီးရွိျပီး အေကာင္းဆံုး လူစားလဲမႈေတြလည္း လုပ္ႏုိင္ခဲ့့တယ္။ က်ေနာ္တို႔ ရုန္းကန္ေနရခ်ိန္မွာ အသင္းသားေတြက လူစာဝင္လာျပီး အေကာင္းဆံုး လုပ္ႏုိင္ရပါမယ္ ” လို႔ ဆိုခဲ့ပါတယ္။

လက္စတာနဲ႔ပြဲကို အႏုိင္ရခဲ့တဲ့ပြဲမွာ မန္ယူဟာ ခံစစ္ကာကြယ္မႈေတြ အၾကိမ္အမ်ားၾကီး လုပ္ခဲ့ရေပမယ့္ အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့တယ္။ က်ဥ္းေျမာင္းတဲ့ ရလဒ္ျဖစ္ခဲ့ေပမယ့္ ခ်ယ္ဆီးနဲ႔ပြဲေနာက္ပိုင္း ပထမဆံုးေသာ ပရီးမီးယားလိဂ္ ႏုိင္ပြဲကို ျပန္ရွာေတြ႔ခဲ့ပါတယ္။

UNICODE

မန်ယူမန်နေဂျာဆိုးရှားက အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ကလပ်အသင်းက လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ခံစစ်ကို ကောင်းကောင်းကာကွယ် ကစားနိုင်ခဲ့ပါတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

လက်စတာနဲ့ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို မန်နေဂျာဆိုးရှားက ” ဒီရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် ကျနော်တို့ ကာကွယ်မှုတွေ အများကြီး ပြုလုပ်ခဲ့ရတာပါ။ အခြားပွဲတွေလိုပဲ ပွဲကို လွမ်းမိုး ကစားခဲ့ပေမယ့် ဒီကနေ့မှာတော့ သူတို့ ဧရိယာထဲမှာ ကောင်းကောင်းကာကွယ်နိုင်တဲ့ အသင်းကို တွေ့ခဲ့ရတယ်။

လက်စတာက အဆင့်လေးဝင်ချင်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဂိုးမပေးခဲ့ရတာက ကောငင်းပေမယ့် ကျနော်တို့ ပိုကောင်းကောင်းကစားနိုင်တာကို မပြနိုင်ခဲ့ပါဘူ။ အသင်းအကောင်းအနေနဲ့ ခုခံမှုတွေ လုပ်နိုင်ခဲ့ပါတယ်။

မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်လို့ ပြောရမယ်ဆိုရင် ဗာဒီလို တိုက်စစ်သမားကို ရင်ဆိုင်ကစားမယ်ဆိုရင် အပြည့်အဝ အာရုံစိုက်ဖို့ လိုပါတယ် မဟုတ်ရင် သူက ကိုယ်ကို ကျော်ဖြတ်ပြေးသွားမှာပါ။ မက်ဂွဲရားက အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ကျနေ်ာတို့မှာ လူစာရင်းကြီးရှိပြီး အကောင်းဆုံး လူစားလဲမှုတွေလည်း လုပ်နိုင်ခဲ့တယ်။ ကျနော်တို့ ရုန်းကန်နေရချိန်မှာ အသင်းသားတွေက လူစာဝင်လာပြီး အကောင်းဆုံး လုပ်နိုင်ရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

လက်စတာနဲ့ပွဲကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူဟာ ခံစစ်ကာကွယ်မှုတွေ အကြိမ်အများကြီး လုပ်ခဲ့ရပေမယ့် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်။ ကျဉ်းမြောင်းတဲ့ ရလဒ်ဖြစ်ခဲ့ပေမယ့် ချယ်ဆီးနဲ့ပွဲနောက်ပိုင်း ပထမဆုံးသော ပရီးမီးယားလိဂ် နိုင်ပွဲကို ပြန်ရှာတွေ့ခဲ့ပါတယ်။