အေဝးကြင္းမွာ ဝုဗ္ကို ဂိုးျပတ္ အႏုိင္ရခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ ဒီရာသီအတြက္ အေရးပါတ့ဲ အုတ္ျမစ္ေတြကို ခ်ႏုိင္ခဲ့ပါတယ္။ ကလပ္အသင္းရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ေတြကိုေတာ့ အကယ္းမီထြက္ လူငယ္ကစားသမားေတြ သြင္းယူခဲ့တာျဖစ္ပါတယ္။

တိုမိုရီဟာ ခ်ယ္ဆီးကစားသမားဘဝ ပထမဆံုး သြင္းဂိုးရခဲ့သလို ေအဘရာဟမ္ကလည္း ခ်ယ္ဆီးသမိုင္းမွာ မွတ္တမ္းဝင္တဲ့ ဟက္ထရစ္ဂိုး သြင္းယူခဲ့သူ အသက္ ၂၂ ႏွစ္ေအာက္ အဂၤလန္သား တိုက္စစ္မွဴးျဖစ္လာခဲ့တယ္။ ကြင္းလယ္တိုက္စစ္သမား ေမဆန္ေမာင့္ကလည္း သူ႔ရဲ႕ ပံုစံေကာင္းေတြကို ဆက္ထိန္းျပီး သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဟက္ထရစ္ ဂိုးသြင္းရွင္ ေအဗရာဟမ္က – ” ဒီေန႔ ပြဲအစီအမံက အလုပ္ေကာင္းေကာင္း ျဖစ္ခဲ့တယ္။ က်ေန္ာတို႔ ရွက္ဖီးနဲ႕ပြဲမွာ သံုးမွတ္ အျပည့္မရခဲ့တာ အတြက္ စိတ္ပ်က္ခဲ့ရတယ္ေလ။ ဒီ စိတ္ပ်က္ေဒါသထြက္မႈကိုပဲ ဒီေန႔ပြဲမွာ တြန္းအားအျဖစ္ သံုးခဲ့တယ္။ နိုင္ငံတကာပြဲေတြက ျပန္လာတည္းက တကယ့္ကို ျပင္းျပင္းထန္ထန္ ေလ့က်င့္ခဲ့တာ။” လို႔ ေျပာၾကားခဲ့ပါတယ္။

၄င္းရဲ႕ စြမ္းေဆာင္ရည္နဲ႕ပတ္သတ္ျပီးလည္း – ” ဒီရာသီက က်ေနာ့္ရာသီ ျဖစ္လာဖို႔ ေမွ်ာ္လင့္တယ္။ ထရိန္နင္ခ်ိန္တိုင္းမွာ ဆက္ျပီး ၾကိဳးၾကိဳးစားစား အလုပ္လုပ္သြားမွာပါ။ ပြဲတိုင္းမွာ နည္းျပကိုလည္း က်ေနာ့္ အရည္အခ်င္းကို သက္ေသျပသြားခ်င္တယ္။” လို႔ ေအဗရာဟမ္က ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ခံစစ္ အမွားေတြနဲ႕ ပတ္သတ္ျပီး – ” ေပးဂိုးမရွိ နုိင္ပြဲရရင္ က်ေန္ာတို႔ သိပ္ေက်နပ္မွာေပါ့။ ဒါေပမယ့္ ပြဲတေလ်ာက္ အေရးၾကီးတဲ့အခိုက္အတန္႔ေတြ အမ်ားၾကီး ရွိခဲ့တယ္။ ဒါေတြကေနပဲ ေရွ႕ဆက္ သယ္ေဆာင္သြားဖို႔ လိုတာပါ။ က်ေနာ္တို႔ တန္ျပန္ တိုက္စစ္ေတြမွာ ေကာင္းတယ္.. ဒါေၾကာင့္ အခု တိုက္စစ္အတြက္ တြန္းတင္ေနတာ ျဖစ္တယ္။” လို႔လည္း ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအတြက္ တိုက္စစ္က ဂိုးသြင္းစြမ္းရည္ေတြ ျပသေနျပီး ေရႊဖိနပ္ဆုကိုပါ စိန္ေခၚေနတဲ့ အကယ္ဒမီထြက္ အဂၤလန္သား တိုက္စစ္မွဴးေလးကို ဂုဏ္ျပဳလိုက္ရေအာင္လားဗ်ာ။

UNICODE

အဝေးကွင်းမှာ ဝုဗ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချယ်ဆီးအသင်းဟာ ဒီရာသီအတွက် အရေးပါတဲ့ အုတ်မြစ်တွေကို ချနိုင်ခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး တွေကိုတော့ အကယ်းမီထွက် လူငယ်ကစားသမားတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

တိုမိုရီဟာ ချယ်ဆီးကစားသမားဘဝ ပထမဆုံး သွင်းဂိုးရခဲ့သလို အေဘရာဟမ်ကလည်း ချယ်ဆီးသမိုင်းမှာ မှတ်တမ်းဝင်တဲ့ ဟက်ထရစ်ဂိုး သွင်းယူခဲ့သူ အသက် ၂၂ နှစ်အောက် အင်္ဂလန်သား တိုက်စစ်မှူးဖြစ်လာခဲ့တယ်။ ကွင်းလယ်တိုက်စစ်သမား မေဆန်မောင့်ကလည်း သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်ထိန်းပြီး သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဟက်ထရစ် ဂိုးသွင်းရှင် အေဗရာဟမ်က – ” ဒီနေ့ ပွဲအစီအမံက အလုပ်ကောင်းကောင်း ဖြစ်ခဲ့တယ်။ ကျနေ်ာတို့ ရှက်ဖီးနဲ့ပွဲမှာ သုံးမှတ် အပြည့်မရခဲ့တာ အတွက် စိတ်ပျက်ခဲ့ရတယ်လေ။ ဒီ စိတ်ပျက်ဒေါသထွက်မှုကိုပဲ ဒီနေ့ပွဲမှာ တွန်းအားအဖြစ် သုံးခဲ့တယ်။ နိုင်ငံတကာပွဲတွေက ပြန်လာတည်းက တကယ့်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာ။” လို့ ပြောကြားခဲ့ပါတယ်။

၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးလည်း – ” ဒီရာသီက ကျနော့်ရာသီ ဖြစ်လာဖို့ မျှော်လင့်တယ်။ ထရိန်နင်ချိန်တိုင်းမှာ ဆက်ပြီး ကြိုးကြိုးစားစား အလုပ်လုပ်သွားမှာပါ။ ပွဲတိုင်းမှာ နည်းပြကိုလည်း ကျနော့် အရည်အချင်းကို သက်သေပြသွားချင်တယ်။” လို့ အေဗရာဟမ်က ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်း ခံစစ် အမှားတွေနဲ့ ပတ်သတ်ပြီး – ” ပေးဂိုးမရှိ နိုင်ပွဲရရင် ကျနေ်ာတို့ သိပ်ကျေနပ်မှာပေါ့။ ဒါပေမယ့် ပွဲတလျောက် အရေးကြီးတဲ့အခိုက်အတန့်တွေ အများကြီး ရှိခဲ့တယ်။ ဒါတွေကနေပဲ ရှေ့ဆက် သယ်ဆောင်သွားဖို့ လိုတာပါ။ ကျနော်တို့ တန်ပြန် တိုက်စစ်တွေမှာ ကောင်းတယ်.. ဒါကြောင့် အခု တိုက်စစ်အတွက် တွန်းတင်နေတာ ဖြစ်တယ်။” လို့လည်း ဆိုခဲ့ပါတယ်။

ချယ်ဆီးအတွက် တိုက်စစ်က ဂိုးသွင်းစွမ်းရည်တွေ ပြသနေပြီး ရွှေဖိနပ်ဆုကိုပါ စိန်ခေါ်နေတဲ့ အကယ်ဒမီထွက် အင်္ဂလန်သား တိုက်စစ်မှူးလေးကို ဂုဏ်ပြုလိုက်ရအောင်လားဗျာ။