နယူးကာဆယ္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းမွာ မပါခဲ့ေပမယ့္ ဒဏ္ရာရခဲ့တဲ့ အိုရီဂီအစား အရန္ခုံကေန ထလာၿပီး ေျခစြမ္းျပခဲ့တဲ့ ဖာမီႏိုနဲ႔ နယူးကာဆယ္ပြဲက လီဗာပူး ကစားသမားေတြရဲ႕ rating ေတြကို ေဖာ္ျပလိုက္ပါတယ္။

ေအဒရီရန္ – 6

နယူးကာဆယ္ရဲ႕ ဂိုးအတြက္ ဘာမွသိပ္လုပ္ခြင့္ မရခဲ့ပဲ သူ႔လက္ေတြနဲ႔ ေဘာလုံးကို ထိ႐ုံသာထိခဲ့ပါတယ္။

ထရန္႔အလက္ဇန္းဒါး အာႏိုး – 7

ညာျခမ္းတစ္ေလွ်ာက္ သူ႔ရဲ႕ေပးပို႔မႈေတြနဲ႔ ေျခစြမ္းျပခဲ့ၿပီး နယူးကာဆယ္ဂိုးသမား ဒူဗရက္ကာရဲ႕ အရည္အေသြးကို စမ္းသပ္ခဲ့တဲ့ ကစားသမားေတြထဲ အပါအဝင္ ျဖစ္ခဲ့ပါတယ္။

မာတစ္ – 7

ဂ်ိဳးလင္တန္ကို အနည္းငယ္သာ ထိန္းႏိုင္ခဲ့ေပမယ့္ ေနာက္တန္းကေန ေဘာလုံးေတြ ဆက္တိုက္ ယူေပးခဲ့ပါတယ္။

ဗန္ဒိုက္ – 7

နယူးကာဆယ္ ဂိုးအတြက္ အတ္ဆုကို လူမကြၽံေအာင္ ကစားခဲ့သလို အခ်ိန္အမ်ားစုမွာ ပ်င္းစရာခံစစ္ကေန တုိက္စစ္ကို ကူညီေပးေနခဲ့သလို ဒုတိယပိုင္းမွာ တိုက္စစ္ကို ထိထိေရာက္ေရာက္ပါ လိုက္ပါေပးခဲ့ပါတယ္။

အန္ဒီ ေရာဘတ္ဆန္ – 9

အင္အားျပည့္ဝတဲ့ ေျပးလႊားမႈေတြနဲ႔ ကြၽမ္းကြၽမ္းက်င္က်င္ ကစားျပခဲဲ့ၿပီး သေရဂိုးအတြက္ ဖန္တီးေပးခဲ့ပါတယ္။ သူကိုယ္တိုင္ ဂိုးရဖို႔လဲ အားထုတ္ခဲ့ေပမယ့္ ဒူဘရက္ကာက ကာကြယ္သြားခဲ့တာပါ။

ဖာဘင္ဟို – 8

ေကာင္းမြန္တဲ့ ေဘာလုံးျဖန္႔ေဝမႈအခ်ိဳ႕နဲ႔ ကြင္းလယ္ကို ေကာင္းေကာင္း ေမာင္းႏွင္ခဲဲ့ပါတယ္။ သူ႔ရဲ႕ အားထုတ္မႈေတြက နယူးကာဆယ္ တန္ျပန္တိုက္စစ္ ေတြကို ဖ်က္ဆီးဖို႔ ကူညီေပးခဲ့ပါတယ္။

ဝိုက္နယ္ဒန္ – 7

အေတာ္ေလး ႀကိဳးစားခဲ့ၿပီး အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရာမွာ ေပ်ာ္႐ႊင္ေနခဲ့ေပမယ့္ ၈၄ မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။

ခ်ိန္ဘာလိန္ – 7

၁၇ လနီးပါးအတြင္း ပထမဆုံး အန္ဖီးကြင္း ပြဲထြက္ခြင့္ ပထမပိုင္းမွာ အနည္းငယ္ အားနည္းခဲ့ေပမယ့္ ဒုတိယပိုင္းမွာ တိုးတက္လာခဲ့ၿပီး ၇၅ မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။

ဆာလက္ – 7

ပထမပိုင္းမွာ တျခားကစားသမားေတြအတြက္ ေနရာလြတ္ ကူေပး႐ုံေလာက္ပဲ လုပ္ႏိူင္ခဲ့ေပမယ့္ ဒုတိယပိုင္း မွာ တစ္ဂိုးသြင္းယူႏိူင္ခဲ့ပါတယ္။

မာေနး – 8

ဗဟိုေနရာအတြက္ ပြဲထြက္ပါဝင္ခဲ့ေပမယ့္ ဘယ္ျခမ္းကိုေျပာင္းၿပီးတဲ့ေနာက္ ပိုေကာင္းလာခဲ့ပါတယ္။ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး အေကာင္းဆုံး ပုံစံေတြ ျပသခဲ့ပါတယ္။ အထူးသျဖင့္ ဖာမင္ႏို၊ ေရာ္ဘတ္ဆန္တို႔နဲ႔ တြဲဘက္ ကစားႏုိင္ခဲ့တယ္။

အိုရီဂီ – 6

ပထမပိုင္း မ​ၿပီးခင္မွာပဲ ေစာေစာစီးစီး လူစားလဲခံခဲ့ရၿပီး ဘာမွမလုပ္ျပႏိုင္ခဲ့ပါဘူး။

Sub

ဖာမီႏို – 9

ဆာလက္ ရဲ႕ ဂိုးကို ဖန္တီးေပးခဲ့တာအတြက္ အမွတ္ျပည့္ေပးလို႔ရပါတယ္။ တစ္ပြဲလုံး ေျခစြမ္းျပခဲဲ့ၿပီး မာေနးရဲ႕ ဒုတိယဂိုး အတြက္ first touch နဲ႔ ဖန္တီးေပးခဲ့ပါတယ္။

မီလ္နာ

ကြင္းလယ္ကို ဝင္ထိန္းေပးခဲ့ပါတယ္။

ရွာကီြရီ

ပြဲကစားခြင့္ မိနစ္အနည္းငယ္ ရခဲ့ပါတယ္။

UNICODE

နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းမှာ မပါခဲ့ပေမယ့် ဒဏ်ရာရခဲ့တဲ့ အိုရီဂီအစား အရန်ခုံကနေ ထလာပြီး ခြေစွမ်းပြခဲ့တဲ့ ဖာမီနိုနဲ့ နယူးကာဆယ်ပွဲက လီဗာပူး ကစားသမားတွေရဲ့ rating တွေကို ဖော်ပြလိုက်ပါတယ်။

အေဒရီရန် – 6

နယူးကာဆယ်ရဲ့ ဂိုးအတွက် ဘာမှသိပ်လုပ်ခွင့် မရခဲ့ပဲ သူ့လက်တွေနဲ့ ဘောလုံးကို ထိရုံသာထိခဲ့ပါတယ်။

ထရန့်အလက်ဇန်းဒါး အာနိုး – 7

ညာခြမ်းတစ်လျှောက် သူ့ရဲ့ပေးပို့မှုတွေနဲ့ ခြေစွမ်းပြခဲ့ပြီး နယူးကာဆယ်ဂိုးသမား ဒူဗရက်ကာရဲ့ အရည်အသွေးကို စမ်းသပ်ခဲ့တဲ့ ကစားသမားတွေထဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။

မာတစ် – 7

ဂျိုးလင်တန်ကို အနည်းငယ်သာ ထိန်းနိုင်ခဲ့ပေမယ့် နောက်တန်းကနေ ဘောလုံးတွေ ဆက်တိုက် ယူပေးခဲ့ပါတယ်။

ဗန်ဒိုက် – 7

နယူးကာဆယ် ဂိုးအတွက် အတ်ဆုကို လူမကျွံအောင် ကစားခဲ့သလို အချိန်အများစုမှာ ပျင်းစရာခံစစ်ကနေ တိုက်စစ်ကို ကူညီပေးနေခဲ့သလို ဒုတိယပိုင်းမှာ တိုက်စစ်ကို ထိထိရောက်ရောက်ပါ လိုက်ပါပေးခဲ့ပါတယ်။

အန်ဒီ ရောဘတ်ဆန် – 9

အင်အားပြည့်ဝတဲ့ ပြေးလွှားမှုတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကစားပြခဲ့ပြီး သရေဂိုးအတွက် ဖန်တီးပေးခဲ့ပါတယ်။ သူကိုယ်တိုင် ဂိုးရဖို့လဲ အားထုတ်ခဲ့ပေမယ့် ဒူဘရက်ကာက ကာကွယ်သွားခဲ့တာပါ။

ဖာဘင်ဟို – 8

ကောင်းမွန်တဲ့ ဘောလုံးဖြန့်ဝေမှုအချို့နဲ့ ကွင်းလယ်ကို ကောင်းကောင်း မောင်းနှင်ခဲ့ပါတယ်။ သူ့ရဲ့ အားထုတ်မှုတွေက နယူးကာဆယ် တန်ပြန်တိုက်စစ် တွေကို ဖျက်ဆီးဖို့ ကူညီပေးခဲ့ပါတယ်။

ဝိုက်နယ်ဒန် – 7

အတော်လေး ကြိုးစားခဲ့ပြီး အသင်းဟောင်းနဲ့ ရင်ဆိုင်ရာမှာ ပျော်ရွှင်နေခဲ့ပေမယ့် ၈၄ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

ချိန်ဘာလိန် – 7

၁၇ လနီးပါးအတွင်း ပထမဆုံး အန်ဖီးကွင်း ပွဲထွက်ခွင့် ပထမပိုင်းမှာ အနည်းငယ် အားနည်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ တိုးတက်လာခဲ့ပြီး ၇၅ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

ဆာလက် – 7

ပထမပိုင်းမှာ တခြားကစားသမားတွေအတွက် နေရာလွတ် ကူပေးရုံလောက်ပဲ လုပ်နိူင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာ တစ်ဂိုးသွင်းယူနိူင်ခဲ့ပါတယ်။

မာနေး – 8

ဗဟိုနေရာအတွက် ပွဲထွက်ပါဝင်ခဲ့ပေမယ့် ဘယ်ခြမ်းကိုပြောင်းပြီးတဲ့နောက် ပိုကောင်းလာခဲ့ပါတယ်။ နှစ်ဂိုးသွင်းယူခဲ့ပြီး အကောင်းဆုံး ပုံစံတွေ ပြသခဲ့ပါတယ်။ အထူးသဖြင့် ဖာမင်နို၊ ရော်ဘတ်ဆန်တို့နဲ့ တွဲဘက် ကစားနိုင်ခဲ့တယ်။

အိုရီဂီ – 6

ပထမပိုင်း မပြီးခင်မှာပဲ စောစောစီးစီး လူစားလဲခံခဲ့ရပြီး ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။

Sub

ဖာမီနို – 9

ဆာလက် ရဲ့ ဂိုးကို ဖန်တီးပေးခဲ့တာအတွက် အမှတ်ပြည့်ပေးလို့ရပါတယ်။ တစ်ပွဲလုံး ခြေစွမ်းပြခဲ့ပြီး မာနေးရဲ့ ဒုတိယဂိုး အတွက် first touch နဲ့ ဖန်တီးပေးခဲ့ပါတယ်။

မီလ်နာ

ကွင်းလယ်ကို ဝင်ထိန်းပေးခဲ့ပါတယ်။

ရှာကွီရီ

ပွဲကစားခွင့် မိနစ်အနည်းငယ် ရခဲ့ပါတယ်။