ဂ်ာမနီေျမမွာ ဖရန္႔ဖတ္နဲ႔ ယွဥ္ျပိဳင္ကစာခဲ့စဥ္ ဂန္းနားတို႔အတြက္ ႏွစ္ျခိဳက္ အထင္ၾကီးဖြယ္ ေျခစြမ္းကို ျပသႏုိင္ခဲ့သူကေတာ့ အသက္ ၁၈ ႏွစ္အရြယ္ အကယ္ဒမီတုိက္စစ္သမားေလး ဆာကာပဲ ျဖစ္ပါတယ္။

ဆာကာဟာ ဒီရာသီမွာ အာဆင္နယ္ ယူ-၂၃ အသင္းအတြက္ အဓိက ကစားသူျဖစ္ျပီး နည္းစနစ္ပိုင္း ေကာင္းမြန္မႈ၊ လွ်င္ျမန္မႈေတြေၾကာင့္ လူငယ္အသင္းမွာ ေနရာရေနခဲ့သူျဖစ္တယ္။ ယူရိုပါလိဂ္အျဖစ္ အိမ္ကြင္းမွာ ရလဒ္ေကာင္းေနတဲ့ ဖရန္႔ဖတ္အသင္းနဲ႔ ပြဲမွာေတာ့ ဒီလူငယ္ေလးဟာ ပြဲထြက္လူစာရင္းကေန ပါဝင္လာခဲ့ျပီး အထင္ၾကီးဖြယ္ ေျခစြမ္းကိုလည္း ျပသႏုိင္ခဲ့ပါတယ္။

ဆာကာက ” အာဆင္နယ္အတြက္ ဂိုးရယူေပးႏုိင္ခဲ့တာကို အရမ္းေပ်ာ္ပါတယ္။ ဒါက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာရတာပါ။ က်ေနာ္ဟာ ကေလးဘဝကတည္းက ဒီလိုေန႔ရက္အတြက္ အိပ္မက္မက္ေနခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာ တကယ္ျဖစ္လာလို႔ ေပ်ာ္ရႊင္မိေနပါတယ္။ ဒီေန႔လို ခံစားခ်က္ေတြ ထပ္ရဖို႔အတြက္ ဆက္ျပီးလည္း ၾကိဳးစားသြားပါမယ္ ” လို႔ ပြဲအျပီးမွာ ေပ်ာ္ရႊင္စြာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေဟာင္းၾကီး ကီယြန္ကေတာ့ ဆာကာကို ဂန္းနားတို႔ရဲ႕ စံခ်ိန္တင္ တိုက္စစ္သမား ပီပီနဲ႔ ႏိႈင္းယွဥ္ျပခဲ့ျပီး အကယ္ဒမီ ကစားသမားေလးက ပီပီထက္ အမ်ားၾကီး ပိုသာေနတဲ့ အခ်က္ကို ေထာက္ျပခဲ့တယ္။ လိုင္လီတိုက္စစ္သမားေဟာင္း ပီပီဟာ အာဆင္နယ္မွာ တိုက္စစ္ပိုင္း ေျခစြမ္းမျပႏုိင္လုိ႔ ေဝဖန္မႈေတြ ရေနတာျဖစ္ျပီး သူ႔အေနနဲ႔ အဆိုပါ အေနအထားကေန ရုန္းထြက္ႏုိင္ဖို႔ သြင္းဂိုးေတြ လိုအပ္ေနတာျဖစ္ပါတယ္။

ဒီအပတ္မွာေတာ့ အာဆင္နယ္ဟာ အက္စတြန္ဗီလာနဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားရမွာျဖစ္ျပီး မန္ေနဂ်ာ အူႏုိင္းအမ္မရီက ယူရိုပါလိဂ္မွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ေတြကို ေနရာဆက္ေပးဖြယ္ မရွိေပမယ့္ ၾကားရက္မွာ အနားေပးထားတဲ့ အိုေဇးအျပင္ လူငယ္အသင္းမွာ ပြဲကစားရမယ့္ တီရာေနး၊ ဘယ္လာရင္တို႔ကိုေတာ့ ပြဲထြက္ခြင့္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

UNICODE

ဂျာမနီမြေမှာ ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ကစာခဲ့စဉ် ဂန်းနားတို့အတွက် နှစ်ခြိုက် အထင်ကြီးဖွယ် ခြေစွမ်းကို ပြသနိုင်ခဲ့သူကတော့ အသက် ၁၈ နှစ်အရွယ် အကယ်ဒမီတိုက်စစ်သမားလေး ဆာကာပဲ ဖြစ်ပါတယ်။

ဆာကာဟာ ဒီရာသီမှာ အာဆင်နယ် ယူ-၂၃ အသင်းအတွက် အဓိက ကစားသူဖြစ်ပြီး နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ လျှင်မြန်မှုတွေကြောင့် လူငယ်အသင်းမှာ နေရာရနေခဲ့သူဖြစ်တယ်။ ယူရိုပါလိဂ်အဖြစ် အိမ်ကွင်းမှာ ရလဒ်ကောင်းနေတဲ့ ဖရန့်ဖတ်အသင်းနဲ့ ပွဲမှာတော့ ဒီလူငယ်လေးဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဆာကာက ” အာဆင်နယ်အတွက် ဂိုးရယူပေးနိုင်ခဲ့တာကို အရမ်းပျော်ပါတယ်။ ဒါက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရတာပါ။ ကျနော်ဟာ ကလေးဘဝကတည်းက ဒီလိုနေ့ရက်အတွက် အိပ်မက်မက်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ တကယ်ဖြစ်လာလို့ ပျော်ရွှင်မိနေပါတယ်။ ဒီနေ့လို ခံစားချက်တွေ ထပ်ရဖို့အတွက် ဆက်ပြီးလည်း ကြိုးစားသွားပါမယ် ” လို့ ပွဲအပြီးမှာ ပျော်ရွှင်စွာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်းကြီး ကီယွန်ကတော့ ဆာကာကို ဂန်းနားတို့ရဲ့ စံချိန်တင် တိုက်စစ်သမား ပီပီနဲ့ နှိုင်းယှဉ်ပြခဲ့ပြီး အကယ်ဒမီ ကစားသမားလေးက ပီပီထက် အများကြီး ပိုသာနေတဲ့ အချက်ကို ထောက်ပြခဲ့တယ်။ လိုင်လီတိုက်စစ်သမားဟောင်း ပီပီဟာ အာဆင်နယ်မှာ တိုက်စစ်ပိုင်း ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေ ရနေတာဖြစ်ပြီး သူ့အနေနဲ့ အဆိုပါ အနေအထားကနေ ရုန်းထွက်နိုင်ဖို့ သွင်းဂိုးတွေ လိုအပ်နေတာဖြစ်ပါတယ်။

ဒီအပတ်မှာတော့ အာဆင်နယ်ဟာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်ပြီး မန်နေဂျာ အူနိုင်းအမ်မရီက ယူရိုပါလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တွေကို နေရာဆက်ပေးဖွယ် မရှိပေမယ့် ကြားရက်မှာ အနားပေးထားတဲ့ အိုဇေးအပြင် လူငယ်အသင်းမှာ ပွဲကစားရမယ့် တီရာနေး၊ ဘယ်လာရင်တို့ကိုတော့ ပွဲထွက်ခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။