ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္း ရလဒ္ေကာင္းေတြ ရေနေပမယ့္လည္း မၾကာခင္ ေရာက္လာေတာ့မယ့္ ပြဲၾကပ္ကာလေတြကို အေကာင္းဆံုး ရင္ဆိုင္ေက်ာ္ျဖတ္ျပီး ဒီဇင္ဘာနဲ႔ ဇန္နဝါရီ မတိုင္ခင္မွာ ဒဏ္ရာျပသနာေတြ ထပ္တိုးမရလာေအာင္ ကလပ္ရဲ႔ ဒဏ္ရာရ ကစားသမားေတြကို ၾကံ႕ခိုင္မႈပိုင္း တည္ေဆာက္ေပးႏုိင္ဖို႔ အေရးၾကီး လိုအပ္ေတာ့မွာျဖစ္တယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ရာသီအစ အဖြင့္ပြဲမွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ ေျခသလံုးၾကြက္သား ဒဏ္ရာဟာ ျပန္သက္သာလာဖို႔ ကုသမႈေတြနဲ႔ အခ်ိန္ယူေနရဆဲျဖစ္ျပီး ဒါဟာ လီဗာပူးအသင္း ရင္ဆိုင္ေနရတဲ့ ျပသနာေတြထဲမွာ အၾကီးမားဆံုးလည္းျဖစ္ပါတယ္။ အတ္ဒရီယန္ဟာ အယ္လီဆန္ေလာက္ ယံုၾကည္စိတ္ခ်မႈကို မခံစားရေပမယ့္ နာပိုလီနဲ႔ပြဲမွာ သူအေကာင္းဆံုး ၾကိဳးစားခဲ့တာကိုေတာ့ ျမင္ေတြ႔ႏုိင္ပါတယ္။

နာဘီကီတာရဲ႕ ဒဏ္ရာကလည္း ျပန္သက္သာလာေနေပမယ့္ ပြဲထြက္လူစာရင္းမွာ ျပန္ေကာင္းေလာက္ေအာင္ေတာ့ မဟုတ္ေသးပါဘူး။ လီဗာပူးအသင္းမွာ နံပါတ္ ၈ ရိုးကို ကစားႏုိင္တဲ့ ကီတာဟာ ေမလ ၁ ရက္ေန႔ကတည္းက ျပိဳင္ပြဲေတြမွာ ပါဝင္ကစားေပးႏုိင္ျခင္း မရွိပါဘူး။ ဒီအပတ္မွာ အရန္စာရင္းကေန ပါဝင္ႏုိင္မယ္ဆိုရင္ လူစားဝင္ ကစားသမားအျဖစ္ သူ႔ကို ေမွ်ာ္လင့္ႏုိင္မွာ ျဖစ္ပါတယ္။

အယ္လီဆန္နဲ႔ ကီတာဟာ ဒီရာသီ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရမယ့္သူေတြျဖစ္လုိ႔ သူတို႔ ႏွစ္ဦးကို လက္လြတ္ထားရတာက လီဗာပူးအတြက္ နစ္နာလွပါတယ္။ အျခားေသာ အသင္းေဖာ္ေတြ ဒဏ္ရာကင္းစင္ေနျခင္းေၾကာင့္ သူတို႔ ဒဏ္ရာရေနတာက ၾကီးမားတဲ့ ျပသနာေတြ မဟုတ္ေပမယ့္ ပြဲၾကပ္ေတြ မ်ားလာတဲ့အခါ ကြင္းလယ္ပိုင္းမွာ အေသးစားဒဏ္ရာေတြ ရွိလာႏုိင္လုိ႔ ကီတာရဲ႕ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာဖို႔ဟာ လီဗာပူးရဲ႕ ဦးစားေပးလည္း ျဖစ္ပါတယ္။

ဒီရာသီ တုိက္စစ္ပိုင္းမွာ အဓိက အရန္ကစားသမားအျဖစ္ အားျဖည့္ေပးေနတဲ့ အိုရီဂီရဲ႕ ဒဏ္ရာကေတာ့ ႏွစ္ပတ္ေလာက္ထိ ၾကာျမင့္မွာျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲကို ေသခ်ာေပါက္ လြဲမွာျဖစ္ကာ ကာရာေဘာင္းပြဲကိုလည္း လြဲေခ်ာ္ႏုိင္ပါတယ္။ အိုရီဂီဟာ အန္ဖီးကြင္းက ကြန္ေပါင္းျမက္ခင္းမွာ မေတာ္တဆျဖစ္ခဲ့တာျဖစ္ျပီး သူ ဒဏ္ရာရေနလုိ႔ လူငယ္အသင္းမွ ဘရူးစတားကို စီနီယာအသင္းထံ အေရးေပၚ ေခၚေဆာင္ထားရတာျဖစ္တယ္။

UNICODE

ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ရလဒ်ကောင်းတွေ ရနေပေမယ့်လည်း မကြာခင် ရောက်လာတော့မယ့် ပွဲကြပ်ကာလတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီ မတိုင်ခင်မှာ ဒဏ်ရာပြသနာတွေ ထပ်တိုးမရလာအောင် ကလပ်ရဲ့ ဒဏ်ရာရ ကစားသမားတွေကို ကြံ့ခိုင်မှုပိုင်း တည်ဆောက်ပေးနိုင်ဖို့ အရေးကြီး လိုအပ်တော့မှာဖြစ်တယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ရာသီအစ အဖွင့်ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ခြေသလုံးကြွက်သား ဒဏ်ရာဟာ ပြန်သက်သာလာဖို့ ကုသမှုတွေနဲ့ အချိန်ယူနေရဆဲဖြစ်ပြီး ဒါဟာ လီဗာပူးအသင်း ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲမှာ အကြီးမားဆုံးလည်းဖြစ်ပါတယ်။ အတ်ဒရီယန်ဟာ အယ်လီဆန်လောက် ယုံကြည်စိတ်ချမှုကို မခံစားရပေမယ့် နာပိုလီနဲ့ပွဲမှာ သူအကောင်းဆုံး ကြိုးစားခဲ့တာကိုတော့ မြင်တွေ့နိုင်ပါတယ်။

နာဘီကီတာရဲ့ ဒဏ်ရာကလည်း ပြန်သက်သာလာနေပေမယ့် ပွဲထွက်လူစာရင်းမှာ ပြန်ကောင်းလောက်အောင်တော့ မဟုတ်သေးပါဘူး။ လီဗာပူးအသင်းမှာ နံပါတ် ၈ ရိုးကို ကစားနိုင်တဲ့ ကီတာဟာ မေလ ၁ ရက်နေ့ကတည်းက ပြိုင်ပွဲတွေမှာ ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒီအပတ်မှာ အရန်စာရင်းကနေ ပါဝင်နိုင်မယ်ဆိုရင် လူစားဝင် ကစားသမားအဖြစ် သူ့ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အယ်လီဆန်နဲ့ ကီတာဟာ ဒီရာသီ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရမယ့်သူတွေဖြစ်လို့ သူတို့ နှစ်ဦးကို လက်လွတ်ထားရတာက လီဗာပူးအတွက် နစ်နာလှပါတယ်။ အခြားသော အသင်းဖော်တွေ ဒဏ်ရာကင်းစင်နေခြင်းကြောင့် သူတို့ ဒဏ်ရာရနေတာက ကြီးမားတဲ့ ပြသနာတွေ မဟုတ်ပေမယ့် ပွဲကြပ်တွေ များလာတဲ့အခါ ကွင်းလယ်ပိုင်းမှာ အသေးစားဒဏ်ရာတွေ ရှိလာနိုင်လို့ ကီတာရဲ့ ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ဟာ လီဗာပူးရဲ့ ဦးစားပေးလည်း ဖြစ်ပါတယ်။

ဒီရာသီ တိုက်စစ်ပိုင်းမှာ အဓိက အရန်ကစားသမားအဖြစ် အားဖြည့်ပေးနေတဲ့ အိုရီဂီရဲ့ ဒဏ်ရာကတော့ နှစ်ပတ်လောက်ထိ ကြာမြင့်မှာဖြစ်ပြီး ချယ်ဆီးနဲ့ပွဲကို သေချာပေါက် လွဲမှာဖြစ်ကာ ကာရာဘောင်းပွဲကိုလည်း လွဲချော်နိုင်ပါတယ်။ အိုရီဂီဟာ အန်ဖီးကွင်းက ကွန်ပေါင်းမြက်ခင်းမှာ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး သူ ဒဏ်ရာရနေလို့ လူငယ်အသင်းမှ ဘရူးစတားကို စီနီယာအသင်းထံ အရေးပေါ် ခေါ်ဆောင်ထားရတာဖြစ်တယ်။