မန္ယူးနဲ႔ အက္စတာနာတို႔ရဲ႕ ယူရိုပါလိဂ္ပြဲစဥ္မွာေတာ့ အကယ္ဒမီ တိုက္စစ္မွဴးေလးဂရင္းဝုဒ္က တစ္လံုးတည္းေသာ အႏုိင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ကလပ္အသင္းျခံေပါက္ အကယ္ဒမီကစားသမားေလးဟာ မႏွစ္တုန္းကလည္း လူငယ္အသင္းနဲ႔ ေရႊဖိနပ္ဆုကို အႏုိင္ရခဲ့ေသးတဲ့ တိုက္စစ္သမားေလး ျဖစ္ပါတယ္။

မိုက္ကယ္အိုဝင္က ဂရင္းဝုဒ္ဟာ ပရီးမီးယားလိဂ္မွာေတာင္ ကစားေပးႏုိင္တဲ့ အရည္အေသြးရွိျပီး သူ႔ရဲ႕ ထူးခၽြန္လွတဲ့ ဂိုးသြင္းမွတ္တမ္းက အံ့အားသင့္စရာေကာင္းသလို မန္ယူရဲ႕ အနာဂတ္ တုိက္စစ္သမားပါလို႔ ခ်ီးက်ဴးခဲ့တယ္။ အစီအစဥ္ သံုးသပ္သူအျဖစ္ ပူးတြဲ တာဝန္ယူေနတဲ့ ဟားဂရိတ္ကလည္း ဂရင္းဝုဒ္က သူ႔ကို စိတ္လႈပ္ရွားေစျပီး ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရွင္ တုိက္စစ္သမားျဖစ္လာမယ့္သူလို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

အက္စတာနာနဲ႔ပြဲ တစ္လံုးတည္ေသာ အႏုိင္ဂိုးကို သြင္းယူေပးခဲ့သူ ဂရင္းဝုဒ္ဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ့ အသင္း သမိုင္း တစ္ေလ်ာက္ ဥေရာပျပိဳင္ပြဲေတြမွာ အသက္အငယ္ဆံုး ဂိုးသြင္းရွင္အျဖစ္ ယခင္စံခ်ိန္ေဟာင္းကို ပိုင္ဆုိင္ထားသူ ရပ္ဖို႔ကို ေက်ာ္လြန္သြားခဲ့ျပီး မွတ္တမ္းသစ္ ေရးထိုးႏုိင္ခဲ့ျပီျဖစ္တယ္။ လူငယ္အသင္းမွာ ဂိုးသြင္းေကာင္းတဲ့ ဂရင္းဝုဒ္ဟာ စီနီယာအခြင့္အေရးေတြကို စတင္ကာ လက္ကမ္းေနခဲ့တာျဖစ္တယ္။

ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ အရည္အခ်င္းေကာင္းေတြေၾကာင့္ ေႏြတုန္းက အငွားခ်ျခင္း မခံခဲ့ရပဲ ကလပ္အသင္းမွာပဲ ဆက္ရွိေနသူပါ။ မၾကာေသးခင္ကပဲ အဂၤလန္ သက္တမ္းအလိုက္ လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရတဲ့သူဟာ မန္ယူရဲ႕ အနာဂတ္အျဖစ္လည္း အဂၤလန္မီဒီယာေတြက တင္စားမႈေတြ ရွိလာေနခဲ့ျပီျဖစ္တယ္။ ဂရင္းဝုဒ္ဟာ လူကာကူနဲ႔ ဆန္းခ်က္ မရွိေတာ့တဲ့ စီနီယာစာရင္းကို ၾကီးၾကီးမားမား ျခိမ္းေျခာက္လာေနျပီလည္း ျဖစ္ပါတယ္။

ယူရိုပါလိဂ္ပြဲအျပီးမွာေတာ့ မန္ေနဂ်ာဆိုးရွားက ဂရင္းဝုဒ္ဟာ လူကာကူနဲ႔ ဆန္းခ်က္အစား ကလပ္အသင္းရဲ႔ တိုက္စစ္မွာ ပါဝင္လာမယ့္သူလို႔ ထုတ္ေျပာခဲ့သလို ကစားသမားကို ကလပ္အသင္းမွာပဲ ကာလရွည္ ဆက္ရွိေနဖို႔ ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္းလည္း သတင္းေကာင္း ပါးလာခဲ့တာျဖစ္ပါတယ္။

UNICODE

မန်ယူးနဲ့ အက်စတာနာတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အကယ်ဒမီ တိုက်စစ်မှူးလေးဂရင်းဝုဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကလပ်အသင်းခြံပေါက် အကယ်ဒမီကစားသမားလေးဟာ မနှစ်တုန်းကလည်း လူငယ်အသင်းနဲ့ ရွှေဖိနပ်ဆုကို အနိုင်ရခဲ့သေးတဲ့ တိုက်စစ်သမားလေး ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်က ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်မှာတောင် ကစားပေးနိုင်တဲ့ အရည်အသွေးရှိပြီး သူ့ရဲ့ ထူးချွန်လှတဲ့ ဂိုးသွင်းမှတ်တမ်းက အံ့အားသင့်စရာကောင်းသလို မန်ယူရဲ့ အနာဂတ် တိုက်စစ်သမားပါလို့ ချီးကျူးခဲ့တယ်။ အစီအစဉ် သုံးသပ်သူအဖြစ် ပူးတွဲ တာဝန်ယူနေတဲ့ ဟားဂရိတ်ကလည်း ဂရင်းဝုဒ်က သူ့ကို စိတ်လှုပ်ရှားစေပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် တိုက်စစ်သမားဖြစ်လာမယ့်သူလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အက်စတာနာနဲ့ပွဲ တစ်လုံးတည်သော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်း သမိုင်း တစ်လျောက် ဥရောပပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် ယခင်စံချိန်ဟောင်းကို ပိုင်ဆိုင်ထားသူ ရပ်ဖို့ကို ကျော်လွန်သွားခဲ့ပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်တယ်။ လူငယ်အသင်းမှာ ဂိုးသွင်းကောင်းတဲ့ ဂရင်းဝုဒ်ဟာ စီနီယာအခွင့်အရေးတွေကို စတင်ကာ လက်ကမ်းနေခဲ့တာဖြစ်တယ်။

ဂရင်းဝုဒ်ဟာ သူ့ရဲ့ အရည်အချင်းကောင်းတွေကြောင့် နွေတုန်းက အငှားချခြင်း မခံခဲ့ရပဲ ကလပ်အသင်းမှာပဲ ဆက်ရှိနေသူပါ။ မကြာသေးခင်ကပဲ အင်္ဂလန် သက်တမ်းအလိုက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့သူဟာ မန်ယူရဲ့ အနာဂတ်အဖြစ်လည်း အင်္ဂလန်မီဒီယာတွေက တင်စားမှုတွေ ရှိလာနေခဲ့ပြီဖြစ်တယ်။ ဂရင်းဝုဒ်ဟာ လူကာကူနဲ့ ဆန်းချက် မရှိတော့တဲ့ စီနီယာစာရင်းကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေပြီလည်း ဖြစ်ပါတယ်။

ယူရိုပါလိဂ်ပွဲအပြီးမှာတော့ မန်နေဂျာဆိုးရှားက ဂရင်းဝုဒ်ဟာ လူကာကူနဲ့ ဆန်းချက်အစား ကလပ်အသင်းရဲ့ တိုက်စစ်မှာ ပါဝင်လာမယ့်သူလို့ ထုတ်ပြောခဲ့သလို ကစားသမားကို ကလပ်အသင်းမှာပဲ ကာလရှည် ဆက်ရှိနေဖို့ ထိန်းသိမ်းသွားမှာဖြစ်ကြောင်းလည်း သတင်းကောင်း ပါးလာခဲ့တာဖြစ်ပါတယ်။