လီဗာပူးညာအစြန္လူ ထရန္႔က အြန္လိုင္း ေဝဖန္ျပစ္တင္မႈေတြကို ဆက္တိုက္ရရွိေနတဲ့ အသင္းေဖာ္ ေရာ္ဘတ္ဆန္ရဲ႕ တြစ္တာအေကာင့္ ပိတ္သြားမႈအေပၚ ကာကြယ္ေျပာဆိုမႈတစ္ခု ျပဳလုပ္လာခဲ့ပါတယ္။

ေရာ္ဘတ္ဆန္ဟာ နာပိုလီနဲ႔ပြဲအျပီးမွာ ေဝဖန္မႈေတြ ဆက္တိုက္ရခဲ့တာေၾကာင့္ သူ႔ရဲ႕တြစ္တာအေကာင့္ကို ပိတ္သြားခဲ့တာပါ။ အဆိုပြဲမွာ ပင္နယ္တီ ျပစ္ဒဏ္က လြဲမွားတဲ့ ဆံုးျဖတ္ခ်က္လုိ႔ လီဗာပူးအသင္းဘက္က ယံုၾကည္ေနေပမယ့္ ဒုတိယေပးဂိုးမွာေတာ့ ေရာ္ဘတ္ဆန္ရဲ႕ တံု႔ေႏွးမႈဟာ အမွားအျဖစ္ ေထာက္ျပခံရမႈေတြလည္း ရွိခဲ့တာျဖစ္တယ္။

နာပိုလီပြဲအျပီး ၂၄ နာရီ အၾကာမွာ အေကာင့္ပိတ္သြားခဲ့တဲ့ ေရာ္ဘတ္ဆန္နဲ႔ ပက္သက္လုိ႔ ထရန္႔ကေတာ့ ” ရိုဘိုက စိတ္ပိုင္းဆိုင္ရာမွာ အေတာ္ေလး သန္မာသူပါ။ သူ ဒီလို လုပ္ဖို႔ ဆံုးျဖတ္လိုက္တာက သူ႔အတြက္ အေကာင္းဆံုးျဖစ္မယ္လို႔ ယူဆျခင္းေၾကာင့္ ျဖစ္မယ္လို႔ က်ေနာ္ ယံုပါတယ္။

ဒီေတာ့ က်ေနာ္တုိ႔ အခ်င္းခ်င္း ျပန္ေတြ႔ဆံုတဲ့အခါ သူ႔ရဲ႕ အေျခအေနနဲ႔ ဆိုးဆိုးဝါးဝါးေတြ မခံစားရေစဖို႔ ၾကည့္ေပးၾကမွာပါ။ အားလံုးေသာ အသင္းေဖာ္ေတြက သူနဲ႔ ဆက္သြယ္ျပီး အစစအရာရာ အဆင္ေျပေစဖို႔ စကားေတြ ေျပာေပးၾကမယ္လို႔ ထင္တယ္ ” လို႔ သူ႔ရဲ႕အျမင္ကို ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားတဲ့ ဟားစီးတီးကေန ေပါင္ ၈ သန္းနဲ႔တင္ ေရာက္လာခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ လီဗာပူးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦးျဖစ္သလို သူ႔ရဲ႕ ျပင္းထန္တဲ့ လႈပ္အားႏႈန္း၊ ေကာင္းမြန္တဲ့ ျဖတ္တင္ေဘာေတြေၾကာင့္လည္း ထိပ္တန္းကစားသမားအျဖစ္ သက္မွတ္ခံထားရပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႏွစ္ၾကိမ္ဆက္ တက္ေရာက္ႏုိင္မႈမွာ အဓိက က်ျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုး ဘယ္အစြန္အျဖစ္လည္း သက္မွတ္ခံထားရတဲ့ ေရာ္ဘတ္ဆန္ဟာ ေဝဖန္မႈေတြကို တြန္းလွန္ျပီး တနဂၤေႏြေန႔မွာ အေကာင္းဆံုး ေျခစြမ္းကို ျပသႏုိင္မယ္လုိ႔ လီဗာပူးပရိသတ္ေတြက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

UNICODE

လီဗာပူးညာအစွန်လူ ထရန့်က အွန်လိုင်း ဝေဖန်ပြစ်တင်မှုတွေကို ဆက်တိုက်ရရှိနေတဲ့ အသင်းဖော် ရော်ဘတ်ဆန်ရဲ့ တွစ်တာအကောင့် ပိတ်သွားမှုအပေါ် ကာကွယ်ပြောဆိုမှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။

ရော်ဘတ်ဆန်ဟာ နာပိုလီနဲ့ပွဲအပြီးမှာ ဝေဖန်မှုတွေ ဆက်တိုက်ရခဲ့တာကြောင့် သူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သွားခဲ့တာပါ။ အဆိုပွဲမှာ ပင်နယ်တီ ပြစ်ဒဏ်က လွဲမှားတဲ့ ဆုံးဖြတ်ချက်လို့ လီဗာပူးအသင်းဘက်က ယုံကြည်နေပေမယ့် ဒုတိယပေးဂိုးမှာတော့ ရော်ဘတ်ဆန်ရဲ့ တုံ့နှေးမှုဟာ အမှားအဖြစ် ထောက်ပြခံရမှုတွေလည်း ရှိခဲ့တာဖြစ်တယ်။

နာပိုလီပွဲအပြီး ၂၄ နာရီ အကြာမှာ အကောင့်ပိတ်သွားခဲ့တဲ့ ရော်ဘတ်ဆန်နဲ့ ပက်သက်လို့ ထရန့်ကတော့ ” ရိုဘိုက စိတ်ပိုင်းဆိုင်ရာမှာ အတော်လေး သန်မာသူပါ။ သူ ဒီလို လုပ်ဖို့ ဆုံးဖြတ်လိုက်တာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆခြင်းကြောင့် ဖြစ်မယ်လို့ ကျနော် ယုံပါတယ်။

ဒီတော့ ကျနော်တို့ အချင်းချင်း ပြန်တွေ့ဆုံတဲ့အခါ သူ့ရဲ့ အခြေအနေနဲ့ ဆိုးဆိုးဝါးဝါးတွေ မခံစားရစေဖို့ ကြည့်ပေးကြမှာပါ။ အားလုံးသော အသင်းဖော်တွေက သူနဲ့ ဆက်သွယ်ပြီး အစစအရာရာ အဆင်ပြေစေဖို့ စကားတွေ ပြောပေးကြမယ်လို့ ထင်တယ် ” လို့ သူ့ရဲ့အမြင်ကို ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ဟားစီးတီးကနေ ပေါင် ၈ သန်းနဲ့တင် ရောက်လာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်သလို သူ့ရဲ့ ပြင်းထန်တဲ့ လှုပ်အားနှုန်း၊ ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေကြောင့်လည်း ထိပ်တန်းကစားသမားအဖြစ် သက်မှတ်ခံထားရပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်မှုမှာ အဓိက ကျပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်အစွန်အဖြစ်လည်း သက်မှတ်ခံထားရတဲ့ ရော်ဘတ်ဆန်ဟာ ဝေဖန်မှုတွေကို တွန်းလှန်ပြီး တနင်္ဂနွေနေ့မှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်မယ်လို့ လီဗာပူးပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။v