ခ်ယ္ဆီးအသင္းတ ာဝန္ရိွသူေတြဟာ လူငယ္ကစားသမား အိုဒိြဳင္းကို ကလပ္အသင္းမွာ ကာလရွည္ ဆက္ရွိေနမယ့္ ၅ ႏွစ္သက္တမ္းတိုး စာခ်ဳပ္သစ္တစ္ရပ္ လက္မွက္ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ျပီး သူဟာ စာခ်ဳပ္သစ္အရ ခ်ယ္ဆီးအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၈၀၀၀၀ ရမွာျဖစ္ပါတယ္။

ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္တဲ့ေနာက္ အဂၤလန္လူငယ္တိုက္စစ္သမားေလးက ခ်ယ္ဆီးအတြက္ သူရည္ရြယ္တဲ့ ရည္မွန္းခ်က္နဲ႔ ေအာင္ျမင္လိုစိတ္အေၾကာင္းအျပင္ မန္ေနဂ်ာလမ္းပတ္အေပၚ ယံုၾကည္မႈေတြကိုလည္း ပြင့္ပြင့့္လင္းလင္း ေျပာဆိုခ့ဲပါတယ္။

အိုဒိြဳင္းက ”စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္တာအတြက္ ခံစားရတာကေတာ့ အံ့အားသင့္စရာေကာင္းပါတယ္။ အခ်ိန္အၾကာၾကီး ေစာင့္ခဲ့ရတယ္ ဆိုေပမယ့္ စာခ်ဳပ္သစ္ကိစၥ ျပီးေျမာက္ခဲ့ပါျပီ။ က်ေနာ္ အရမ္း ေပ်ာ္မိပါတယ္။ အသက္ ၈ ႏွစ္အရြယ္တည္းက ခ်ယ္ဆီးကို ေရာက္လာခဲ့တာျဖစ္ျပီး အသင္းနဲ႔အတူ ဆုဖလား ေအာင္ျမင္မႈေတြ အမ်ားၾကီးရဖို႔ စိတ္အားထက္သန္ေနပါတယ္။

ခ်ယ္ဆီးနဲ႔ ပြဲေတြ အမ်ားႀကီး ကစားခ်င္ျပီး အသင္း ဆုဖလားေအာင္ျမင္ေတြရေစဖို႔ ဂိုးေတြလည္း သြင္းယူခ်င္ပါတယ္။ အသင္း ရလဒ္ေကာင္းေတြ ရေစဖို႔ ျပင္းျပင္းထန္ထန္ ၾကိဳးစားသြားမွာပါ။ အသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္တဲ့အေပၚ ေက်နပ္မိသလို ကလပ္အသင္းအတြက္ ေျခစြမ္းျပႏုိင္ေအာင္လည္း ၾကိဳးစားသြားမွာပါ။

ကလပ္အတြက္ ေနာက္ထပ္ ၅ ႏွစ္ ကစားေပးႏုိင္ေတာ့မွာျဖစ္လို႔ အနာဂတ္အတြက္ စဥ္းစားေနမိတယ္။ မန္ေနဂ်ာလမ္းပတ္ကလည္း ကလပ္အသင္းအတြက္ အက်ိဳးျဖစ္ေစပါတယ္။ သူ႔လက္ေအာက္မွာ အသင္းသားေတြ ေနရာရလာၾကျပီး သူက ထူးခၽြန္တဲ့ မန္ေနဂ်ာတစ္ဦးပါ။ ကလပ္အသင္းအတြက္ သူဘာေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေပးႏုိင္မလဲ ၾကည့္ၾကတာေပါ့။ လူငယ္ေတြရဲ႕ ဆာေလာင္မႈေတြကို ထိန္းကြပ္ႏုိင္စြမ္းရွိတဲ့ မန္ေနဂ်ာလမ္းပတ္က က်ေနာ္အတြက္ေတာ့ တြန္းအားတစ္ခုပါပဲ ” လုိ႔ ေျပာသြားခဲ့ပါတယ္။

UNICODE

ချယ်ဆီးအသင်းတ ာဝန်ရှိသူတွေဟာ လူငယ်ကစားသမား အိုဒွိုင်းကို ကလပ်အသင်းမှာ ကာလရှည် ဆက်ရှိနေမယ့် ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် လက်မှက်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး သူဟာ စာချုပ်သစ်အရ ချယ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရမှာဖြစ်ပါတယ်။

ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့နောက် အင်္ဂလန်လူငယ်တိုက်စစ်သမားလေးက ချယ်ဆီးအတွက် သူရည်ရွယ်တဲ့ ရည်မှန်းချက်နဲ့ အောင်မြင်လိုစိတ်အကြောင်းအပြင် မန်နေဂျာလမ်းပတ်အပေါ် ယုံကြည်မှုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

အိုဒွိုင်းက ”စာချုပ်သစ် ချုပ်ဆိုနိုင်တာအတွက် ခံစားရတာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ အချိန်အကြာကြီး စောင့်ခဲ့ရတယ် ဆိုပေမယ့် စာချုပ်သစ်ကိစ္စ ပြီးမြောက်ခဲ့ပါပြီ။ ကျနော် အရမ်း ပျော်မိပါတယ်။ အသက် ၈ နှစ်အရွယ်တည်းက ချယ်ဆီးကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ အများကြီးရဖို့ စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီးနဲ့ ပွဲတွေ အများကြီး ကစားချင်ပြီး အသင်း ဆုဖလားအောင်မြင်တွေရစေဖို့ ဂိုးတွေလည်း သွင်းယူချင်ပါတယ်။ အသင်း ရလဒ်ကောင်းတွေ ရစေဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာပါ။ အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်တဲ့အပေါ် ကျေနပ်မိသလို ကလပ်အသင်းအတွက် ခြေစွမ်းပြနိုင်အောင်လည်း ကြိုးစားသွားမှာပါ။

ကလပ်အတွက် နောက်ထပ် ၅ နှစ် ကစားပေးနိုင်တော့မှာဖြစ်လို့ အနာဂတ်အတွက် စဉ်းစားနေမိတယ်။ မန်နေဂျာလမ်းပတ်ကလည်း ကလပ်အသင်းအတွက် အကျိုးဖြစ်စေပါတယ်။ သူ့လက်အောက်မှာ အသင်းသားတွေ နေရာရလာကြပြီး သူက ထူးချွန်တဲ့ မန်နေဂျာတစ်ဦးပါ။ ကလပ်အသင်းအတွက် သူဘာတွေကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်မလဲ ကြည့်ကြတာပေါ့။ လူငယ်တွေရဲ့ ဆာလောင်မှုတွေကို ထိန်းကွပ်နိုင်စွမ်းရှိတဲ့ မန်နေဂျာလမ်းပတ်က ကျနော်အတွက်တော့ တွန်းအားတစ်ခုပါပဲ ” လို့ ပြောသွားခဲ့ပါတယ်။