မန္ယူဟာ အဂၤလန္လူငယ္ေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ မတ္ဒီဆန္တို႔ကို လာမယ့္ ေႏြမွာ ေခၚယူဖို႔ ထိပ္တန္းပစ္မွတ္အျဖစ္ ေရြးခ်ယ္ထားျပီး ေစာင့္ၾကည့္မႈေတြ ဆက္တိုက္လုပ္မွာျဖစ္တယ္။ အဂၤလန္ထိပ္တန္းၾကယ္ပြင့္ေတြဟာ မန္ယူအသင္းရဲ႕ ျဗိတိန္ကစားသမား စုေဆာင္းမႈမွာ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားျခင္းခံရတယ္လို႔သိရပါတယ္။

ဒီေႏြတုန္းကလည္း ေပါ့ဘာကို လက္လြတ္ရမယ္ဆိုရင္ အစားထိုးဖို႔ မတ္ဒီဆန္ကို ရည္ရြယ္ခဲ့ျပီး ျပင္သစ္သားကို ဆက္လက္ ထိန္းသိမ္းႏုိင္တဲ့ေနာက္ မတ္ဒီဆန္ကို ကမ္းလွမ္းမႈေတြ ဆက္မလုပ္ခဲ့ပါဘူး။ ဒါေပမယ့့္လို႔ ကြင္းလယ္မွာ မာတစ္နဲ႔ မာတာတို႔ အသက္ရလာျပီျဖစ္လို႔ ငယ္ရြယ္တဲ့ ျဗိတိန္သားေလးကို ေခၚယူျပီး နည္းစနစ္ပိုင္းဆိုင္ရာ ပိုမို က်ယ္ျပန္႔လာေအာင္ လုပ္ေဆာင္ဖို႔ ကလပ္အသင္းဘက္က ရည္ရြယ္ေနတာျဖစ္ပါတယ္။

လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာက “ မက္ဒီဆန္က အသင္းရဲ႕ အဓိက ကစားသမား တစ္ေယာက္ပါတယ္။ သူ႔လို အေရးပါတဲ့ ကစားသမားကို က်ေနာ္တုိ႔ လက္လြတ္ခံမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ အနာဂတ္ တိုးတက္မႈေတြလည္း ရွိျပီး ကစားသမားအတြက္ ထိုက္တန္တဲ့ ကမ္းလွမ္းမႈေတြ ရလာခဲ့မယ္ဆိုရင္ေတာ့ သူ႔ကို အသင္းေျပာင္းခြင့္ေပးဖိုပ က်ေနာ္တုိ႔ စဥ္းစားသြားရမွာျဖစ္ပါတယ္။

ျဖစ္ႏုိင္မယ္ဆိုရင္ သူ႔အတြက္ ကလပ္အသင္းၾကီးေြံက ကမ္းလွမ္းမႈေတြ မရခ်င္ပါဘူး။ က်ေနာ္က လက္ရွိ ေစ်းကြက္ရဲ႕ အေနအထားကိုလည္း နားလည္ပါတယ္။ မတ္ဒီဆန္အတြက္ ကမ္းလွမ္းမႈေတြ ရွိလာမွာျဖစ္ျပီး သူ႔အတြက္ ထိုက္တန္တဲ့ ကမ္းလွမ္းမႈေတြ ျဖစ္ဖို႔ေတာ့ လိုပါတယ္ ” လို႔ ျပန္လည္ေျဖဆိုခဲ့ပါတယ္။

မတ္ဒီဆန္ရဲ႕ ေစ်းကြက္ေပါက္ေၾကးအျဖစ္ေတာ့ လက္စတာဘက္က ေပါင္ သန္း ၁၀၀ ဝန္းက်င္ထိ ေတာင္းဆိုမယ္လုိ႔ သတင္းထြက္ထားျပီး အဆိုပါ ေစ်းနဲ႔ေတာ့ မန္ယူဘက္က ကမ္းလွမ္းမႈ လုပ္ဖြယ္ မရွိပါဘူး။ ဒါေပမယ့္ ကလပ္အသင္းဟာ မတ္ဒီဆန္ကို ဦးစားေပး စာရင္းထဲ ထည့့္ထားျပီး ေစာင့္ၾကည့္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနဦးမွာပဲ ျဖစ္ပါတယ္။

UNICODE

မန်ယူဟာ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်တို့ကို လာမယ့် နွေမှာ ခေါ်ယူဖို့ ထိပ်တန်းပစ်မှတ်အဖြစ် ရွေးချယ်ထားပြီး စောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်မှာဖြစ်တယ်။ အင်္ဂလန်ထိပ်တန်းကြယ်ပွင့်တွေဟာ မန်ယူအသင်းရဲ့ ဗြိတိန်ကစားသမား စုဆောင်းမှုမှာ ဦးစားပေးအဖြစ် ရွေးချယ်ထားခြင်းခံရတယ်လို့သိရပါတယ်။

ဒီနွေတုန်းကလည်း ပေါ့ဘာကို လက်လွတ်ရမယ်ဆိုရင် အစားထိုးဖို့ မတ်ဒီဆန်ကို ရည်ရွယ်ခဲ့ပြီး ပြင်သစ်သားကို ဆက်လက် ထိန်းသိမ်းနိုင်တဲ့နောက် မတ်ဒီဆန်ကို ကမ်းလှမ်းမှုတွေ ဆက်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ကွင်းလယ်မှာ မာတစ်နဲ့ မာတာတို့ အသက်ရလာပြီဖြစ်လို့ ငယ်ရွယ်တဲ့ ဗြိတိန်သားလေးကို ခေါ်ယူပြီး နည်းစနစ်ပိုင်းဆိုင်ရာ ပိုမို ကျယ်ပြန့်လာအောင် လုပ်ဆောင်ဖို့ ကလပ်အသင်းဘက်က ရည်ရွယ်နေတာဖြစ်ပါတယ်။

လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာက “ မက်ဒီဆန်က အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ပါတယ်။ သူ့လို အရေးပါတဲ့ ကစားသမားကို ကျနော်တို့ လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အနာဂတ် တိုးတက်မှုတွေလည်း ရှိပြီး ကစားသမားအတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့မယ်ဆိုရင်တော့ သူ့ကို အသင်းပြောင်းခွင့်ပေးဖိုပ ကျနော်တို့ စဉ်းစားသွားရမှာဖြစ်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် သူ့အတွက် ကလပ်အသင်းကြီးေွံက ကမ်းလှမ်းမှုတွေ မရချင်ပါဘူး။ ကျနော်က လက်ရှိ ဈေးကွက်ရဲ့ အနေအထားကိုလည်း နားလည်ပါတယ်။ မတ်ဒီဆန်အတွက် ကမ်းလှမ်းမှုတွေ ရှိလာမှာဖြစ်ပြီး သူ့အတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ဖြစ်ဖို့တော့ လိုပါတယ် ” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မတ်ဒီဆန်ရဲ့ ဈေးကွက်ပေါက်ကြေးအဖြစ်တော့ လက်စတာဘက်က ပေါင် သန်း ၁၀၀ ဝန်းကျင်ထိ တောင်းဆိုမယ်လို့ သတင်းထွက်ထားပြီး အဆိုပါ ဈေးနဲ့တော့ မန်ယူဘက်က ကမ်းလှမ်းမှု လုပ်ဖွယ် မရှိပါဘူး။ ဒါပေမယ့် ကလပ်အသင်းဟာ မတ်ဒီဆန်ကို ဦးစားပေး စာရင်းထဲ ထည့်ထားပြီး စောင့်ကြည့်မှုတွေ ဆက်လက် လုပ်ဆောင်နေဦးမှာပဲ ဖြစ်ပါတယ်။