ခ်ယ္ဆီးပြဲၾကိဳ ဒီကေန႔ အင္တာဗ်ဴးမွာ ယာဂင္ကေလာ့ပ္ဟာ ဒီႏွစ္ေတြထဲမွာ လီဗာပူးရဲ႕ လိုအပ္ခ်က္ျဖစ္တဲ့ ၾကီး ၆ ၾကီးကို အေဝးကြင္းမွာ အႏုိင္မရျခင္းနဲ႔ ရာသီစကတည္းက ရုန္းကန္ေနရတဲ့ clean sheet နဲ႔ ပက္သက္လို႔ အဓိက ေမးခြန္းထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးဟာ ၾကီး ၆ ၾကီးနဲ႔ အေဝးကြင္းပြဲစဥ္ေတြအျဖစ္ ေနာက္ဆံုး ၁၂ ၾကိမ္ ယွဥ္ျပိဳင္ရာမွာ ၁ ၾကိမ္ပဲ အႏုိင္ရထားတာျဖစ္တယ္။ က်န္ပြဲေတြမွာေတာ့ သေရနဲ႔ အရံ့ွဴးရရလဒ္ေတြပဲ ပိုင္ဆိုင္ထားပါတယ္။ ဒီကိစၥနဲ႔ ပက္သက္ျပီး ေမးျမန္းခံရမႈမွာ ယာဂင္ကေလာ့ပ္က အခုလို ေျဖပါတယ္။

” ယွဥ္ျပိဳင္ရတဲ့ ျပိဳင္ဘက္ေတြက အရမ္းေကာင္းလုိ႔လည္း ပါပါတယ္။ ဒါကေတာ့ အေၾကာင္းရင္း တစ္ခ်က္ေပါ့ေလ။ အေဝးကြင္းပြဲေတြမွာ အႏုိင္ရဖို႔ဆိုတာက ျခားနားတဲ့ နည္းလမ္းေတြရွိျပီး က်ေနာ္တုိ႔ ရွာေတြ႔ႏုိင္ဖို႔ လိုပါတယ္။ က်ေနာ္တို႔ ခ်ယ္ဆီးအသင္းထံ ရလဒ္ရဖို႔ သြားေရာက္ ယွဥ္ျပိဳင္မွာပါ။ အႏုိင္ရမယ္ဆိုျပီး အာမခံခ်က္ေတာ့ မရွိပါဘူး။

က်ေနာ္တို႔ရဲ႕ မွတ္တမ္းကေတာ့ ရွိေနခဲ့ပါျပီ။ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ပါတယ္။ ဒီအေျခအေနမွာေတာ့ က်ေနာ္တို႔ ကံမေကာင္းေသးတာေပါ့။ ရလဒ္ေကာင္းဖို႔ဆိုတာက စြမ္းေဆာင္ရည္ပိုင္းမွာ ေကာင္းဖို႔လည္း လိုပါတယ္။ ” လို႔ ယာဂင္ကေလာ့ပ္က အေျဖေပးပါတယ္။

ေနာက္ထပ္ အေရးပါတဲ့ အခ်က္တစ္ခ်က္အျဖစ္ လီဗာပပူးဟာ ဒီရာသီမွာ clean sheet ေတြ အားနည္းေနသလို ျပိဳင္ပြဲစံု ၈ ပြဲထိ ယွဥ္ျပိဳင္ထားရာမွာ clean sheet တစ္ပြဲပဲ ရထားပါတယ္။ ကေလာ့ပ္က ” တိုက္စစ္ (သို႔) ခံစစ္ကိုပဲ က်ေနာ္တို႔ ပိုအာရံုစိုက္ေနလို႔ မရပါဘူး။ က်န္ပြဲေတြမွာ clean sheet ေတြ ပိုရႏုိင္ပါတယ္။ က်ေနာ္တုိ႔ လိုခ်င္တာက clean sheet ဆိုတာပဲ မဟုတ္ေပမယ့္ က်ေနာ္တို႔ စုေဆာင္းထားႏုိင္ျခင္းလည္း မရွိပါဘူး။ က်ေနာ္တုိ႔ ပြဲေတြကို အႏုိင္ရလိုပါတယ္ ” လို႔ ျပန္ေျဖေပးခဲ့ပါတယ္။

UNICODE

ချယ်ဆီးပွဲကြို ဒီကနေ့ အင်တာဗျူးမှာ ယာဂင်ကလော့ပ်ဟာ ဒီနှစ်တွေထဲမှာ လီဗာပူးရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကြီး ၆ ကြီးကို အဝေးကွင်းမှာ အနိုင်မရခြင်းနဲ့ ရာသီစကတည်းက ရုန်းကန်နေရတဲ့ clean sheet နဲ့ ပက်သက်လို့ အဓိက မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးဟာ ကြီး ၆ ကြီးနဲ့ အဝေးကွင်းပွဲစဉ်တွေအဖြစ် နောက်ဆုံး ၁၂ ကြိမ် ယှဉ်ပြိုင်ရာမှာ ၁ ကြိမ်ပဲ အနိုင်ရထားတာဖြစ်တယ်။ ကျန်ပွဲတွေမှာတော့ သရေနဲ့ အရံ့ှူးရရလဒ်တွေပဲ ပိုင်ဆိုင်ထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး မေးမြန်းခံရမှုမှာ ယာဂင်ကလော့ပ်က အခုလို ဖြေပါတယ်။

” ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်တွေက အရမ်းကောင်းလို့လည်း ပါပါတယ်။ ဒါကတော့ အကြောင်းရင်း တစ်ချက်ပေါ့လေ။ အဝေးကွင်းပွဲတွေမှာ အနိုင်ရဖို့ဆိုတာက ခြားနားတဲ့ နည်းလမ်းတွေရှိပြီး ကျနော်တို့ ရှာတွေ့နိုင်ဖို့ လိုပါတယ်။ ကျနော်တို့ ချယ်ဆီးအသင်းထံ ရလဒ်ရဖို့ သွားရောက် ယှဉ်ပြိုင်မှာပါ။ အနိုင်ရမယ်ဆိုပြီး အာမခံချက်တော့ မရှိပါဘူး။

ကျနော်တို့ရဲ့ မှတ်တမ်းကတော့ ရှိနေခဲ့ပါပြီ။ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ကျနော်တို့ ကံမကောင်းသေးတာပေါ့။ ရလဒ်ကောင်းဖို့ဆိုတာက စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းဖို့လည်း လိုပါတယ်။ ” လို့ ယာဂင်ကလော့ပ်က အဖြေပေးပါတယ်။

နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်အဖြစ် လီဗာပပူးဟာ ဒီရာသီမှာ clean sheet တွေ အားနည်းနေသလို ပြိုင်ပွဲစုံ ၈ ပွဲထိ ယှဉ်ပြိုင်ထားရာမှာ clean sheet တစ်ပွဲပဲ ရထားပါတယ်။ ကလော့ပ်က ” တိုက်စစ် (သို့) ခံစစ်ကိုပဲ ကျနော်တို့ ပိုအာရုံစိုက်နေလို့ မရပါဘူး။ ကျန်ပွဲတွေမှာ clean sheet တွေ ပိုရနိုင်ပါတယ်။ ကျနော်တို့ လိုချင်တာက clean sheet ဆိုတာပဲ မဟုတ်ပေမယ့် ကျနော်တို့ စုဆောင်းထားနိုင်ခြင်းလည်း မရှိပါဘူး။ ကျနော်တို့ ပွဲတွေကို အနိုင်ရလိုပါတယ် ” လို့ ပြန်ဖြေပေးခဲ့ပါတယ်။