ယာဂင္ကေလာ့ပ္က လက္ရွိ ငယ္ရြယ္ႏုပ်ိဳတဲ့ ခ်ယ္ဆီးအသင္းကို အတိတ္တုန္းက သူနည္းျပခဲ့တဲ့ ေဒါ့မြန္အသင္းနဲ႔ ႏိႈင္းယွဥ္ျပခဲ့တယ္။ ကေလာ့ပ္ဟာ ငယ္ရြယ္တဲ့ ကလပ္တစ္သင္းနဲ႔ ၂၀၁၁ နဲ႔ ၂၀၁၂ ခုႏွစ္ေတြမွာ ဘြန္ဒက္လီဂါ အမွတ္ေပးဖလားကို အႏုိင္ယူျပခဲ့ပါတယ္။

လမ္းပတ္ရဲ႕ အသင္းဟာ ငယ္ရြယ္တဲ့ လူငယ္ေသြးသစ္ေတြနဲ႔ ဝါရင့္ကစားသမားေတြ ေပါင္းစပ္ထားတဲ့ ကလပ္အသင္းလို႔ ယာဂင္ကေလာ့ပ္က ယံုၾကည္တယ္။ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ခ်ယ္ဆီးအသင္းကို အထင္ၾကီးပါေၾကာင္း ကေလာ့ပ္က ေျပဆိုခဲ့သလို ပရီးမီးယားလိဂ္ျပိဳင္ဘက္အား အေလးအနက္ ယွဥ္ျပိဳင္ျပီး အႏုိင္ရလိုပါတယ္လို႔လည္း ဝန္ခံခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က ‘ ခ်ယ္ဆီးက တကယ္ကို စိတ္လႈပ္ရွားစရာ အသင္းေကာင္းပါ။ အရင္နွစ္ေတြက ေဒါ့မြန္အသင္းမွာ ရွိခဲ့တဲ့ အခ်ိန္ေတြကိုေတာင္ ျပန္သတိရေစပါတယ္။ သူတုိ႔က အရမ္းငယ္ကို ငယ္ရြယ္ျပီး လူတိုင္းကလည္း သူတို႔အေၾကာင္းကို ေျပာေနၾကတာပါ။ သူတို႔က အရမ္းေကာင္းေကာင္းလည္း ကစားနုိင္ၾကပါတယ္။

ေႏြတုန္းက ခ်ယ္ဆီးက ပူလာဆစ္ကို ေခၚယူခဲ့တယ္။ က်ေနာ္ထင္တယ္ ၅၀-၆၀ သန္းေလာက္ ရွိမယ္ထင္တယ္။ သူ႔အနားမွာရွိတဲ့ အသင္းေဖာ္တိုင္းကလည္း အဲ့ေလာက္ထိ ေစ်းေပါက္ကုန္ပါျပီ။ ေအဘရာဟမ္က သန္း ၆၀ ေလာက္တန္တယ္၊ ေမာင့္ကလည္း သန္း ၆၀ ေလာက္တန္တယ္။ ပိုေတာင္ ေစ်းမ်ားရင္ မ်ားႏုိင္ပပါတယ္။ အိုဒိြဳင္းကလည္း အတူတူပါပဲ။ ေနာက္ျပီး ေဂ်ာ္ဂ်င္ဟိုက ငယ္ရြယ္ေသးသလို ကန္ေတက ေနာက္ထပ္ ႏွစ္ေပါင္း ၂၀ ေလာက္ေတာင္ ကစားႏုိင္မယ့္သူပါ။

ခ်ယ္ဆီးမွာ ကိုဗာဆစ္၊ ဘာကေလ လို ကစားသမားေတြနဲ႔ ပက္ဒရို၊ ဝီလီယမ္၊ ဂီေရာ့လို ဝါရင့္ကစားသမားေတြ ရွိပါတယ္။ ကမၻာေပၚမွာ အေျပာင္းအေရႊ႔ ပိတ္ခံရလို႔ ထိခိုက္မႈၾကီး မျဖစ္တဲ့ ကလပ္တစ္သင္းရွိမယ္ဆိုရင္ ခ်ယ္ဆီးပဲ ျဖစ္ပါလိမ့္မယ္။ ႏွစ္အနည္းငယ္တုန္းက သူတို႔က ကစားသမားမ်ားစြာကို အငွားခ်ခဲ့ျပီး တကယ္ကို ထိန္းတန္း ကစားသမားေတြပါ။

ေအဘရာဟမ္က သြင္းဂိုး ဘယ္လိုရယူရသလဲဆိုတာ ခ်ယ္ဆီးမွာ ရွာေဖြခဲ့တာ မဟုတ္ပါဘူး။ သူက အျခားေသာ အသင္းေတြမွာ အငွားထြက္ကစားရင္း ရွာေဖြခဲ့တာပါ။ သူတို႔က အသင္းေကာင္းပါ။ သူတို႔အားလံုးကို က်ေနာ္ ေလးစားပါတယ္။ အားလံုးမွာ အေကာင္းဆံုး ယွဥ္ျပိဳင္မယ့္ ျပိဳင္ဘက္ေကာင္းေတြလည္းျဖစ္တယ္။ အခု က်ေနာ္တို႔ အဲ့သည္မွာ ကစားရပါမယ္။ တစ္ခုခုဆိုတဲ့ ရလဒ္ေကာင္းကို က်ေနာ္တို႔ ရလိုပါတယ္ ‘လို႔ ဆိုသြားခဲ့ပါတယ္။

UNICODE

ယာဂင်ကလော့ပ်က လက်ရှိ ငယ်ရွယ်နုပျိုတဲ့ ချယ်ဆီးအသင်းကို အတိတ်တုန်းက သူနည်းပြခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ ကလော့ပ်ဟာ ငယ်ရွယ်တဲ့ ကလပ်တစ်သင်းနဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို အနိုင်ယူပြခဲ့ပါတယ်။

လမ်းပတ်ရဲ့ အသင်းဟာ ငယ်ရွယ်တဲ့ လူငယ်သွေးသစ်တွေနဲ့ ဝါရင့်ကစားသမားတွေ ပေါင်းစပ်ထားတဲ့ ကလပ်အသင်းလို့ ယာဂင်ကလော့ပ်က ယုံကြည်တယ်။ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးအသင်းကို အထင်ကြီးပါကြောင်း ကလော့ပ်က ပြေဆိုခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ဘက်အား အလေးအနက် ယှဉ်ပြိုင်ပြီး အနိုင်ရလိုပါတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

ယာဂင်ကလော့ပ်က ‘ ချယ်ဆီးက တကယ်ကို စိတ်လှုပ်ရှားစရာ အသင်းကောင်းပါ။ အရင်နှစ်တွေက ဒေါ့မွန်အသင်းမှာ ရှိခဲ့တဲ့ အချိန်တွေကိုတောင် ပြန်သတိရစေပါတယ်။ သူတို့က အရမ်းငယ်ကို ငယ်ရွယ်ပြီး လူတိုင်းကလည်း သူတို့အကြောင်းကို ပြောနေကြတာပါ။ သူတို့က အရမ်းကောင်းကောင်းလည်း ကစားနိုင်ကြပါတယ်။

နွေတုန်းက ချယ်ဆီးက ပူလာဆစ်ကို ခေါ်ယူခဲ့တယ်။ ကျနော်ထင်တယ် ၅၀-၆၀ သန်းလောက် ရှိမယ်ထင်တယ်။ သူ့အနားမှာရှိတဲ့ အသင်းဖော်တိုင်းကလည်း အဲ့လောက်ထိ ဈေးပေါက်ကုန်ပါပြီ။ အေဘရာဟမ်က သန်း ၆၀ လောက်တန်တယ်၊ မောင့်ကလည်း သန်း ၆၀ လောက်တန်တယ်။ ပိုတောင် ဈေးများရင် များနိုင်ပပါတယ်။ အိုဒွိုင်းကလည်း အတူတူပါပဲ။ နောက်ပြီး ဂျော်ဂျင်ဟိုက ငယ်ရွယ်သေးသလို ကန်တေက နောက်ထပ် နှစ်ပေါင်း ၂၀ လောက်တောင် ကစားနိုင်မယ့်သူပါ။

ချယ်ဆီးမှာ ကိုဗာဆစ်၊ ဘာကလေ လို ကစားသမားတွေနဲ့ ပက်ဒရို၊ ဝီလီယမ်၊ ဂီရော့လို ဝါရင့်ကစားသမားတွေ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အပြောင်းအရွှေ့ ပိတ်ခံရလို့ ထိခိုက်မှုကြီး မဖြစ်တဲ့ ကလပ်တစ်သင်းရှိမယ်ဆိုရင် ချယ်ဆီးပဲ ဖြစ်ပါလိမ့်မယ်။ နှစ်အနည်းငယ်တုန်းက သူတို့က ကစားသမားများစွာကို အငှားချခဲ့ပြီး တကယ်ကို ထိန်းတန်း ကစားသမားတွေပါ။

အေဘရာဟမ်က သွင်းဂိုး ဘယ်လိုရယူရသလဲဆိုတာ ချယ်ဆီးမှာ ရှာဖွေခဲ့တာ မဟုတ်ပါဘူး။ သူက အခြားသော အသင်းတွေမှာ အငှားထွက်ကစားရင်း ရှာဖွေခဲ့တာပါ။ သူတို့က အသင်းကောင်းပါ။ သူတို့အားလုံးကို ကျနော် လေးစားပါတယ်။ အားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်းတွေလည်းဖြစ်တယ်။ အခု ကျနော်တို့ အဲ့သည်မှာ ကစားရပါမယ်။ တစ်ခုခုဆိုတဲ့ ရလဒ်ကောင်းကို ကျနော်တို့ ရလိုပါတယ် ‘လို့ ဆိုသွားခဲ့ပါတယ်။