အာဆင္နယ္မန္ေနဂ်ာ အူနုိင္းအမ္မရီက ကြင္းလယ္လူ ေတာ္ရဲရားဟာ ကလပ္အသင္းမွာ ေနရာေျပာင္းလဲ ကစားေနရတာျဖစ္ေၾကာင္း ယူရိုပါလိဂ္ လူစာရင္းမွာ ပါဝငကား ေျခစြမ္းျပတဲ့ပြဲအျပီး ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘြန္ဒက္လီဂါကလပ္ ဖရန္႔ဖတ္အသင္းကို ဝဲလ္ေလာ့၊ ဆာကာ၊ အူဘာမီယန္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အနုိင္ရခဲ့တာပါ။ ဒီပြဲမွာ ေတာ္ရဲရားဟာ မန္ေနဂ်ာအူႏုိင္းအမ္မရီရဲ႕ အသင္းအတြက္ ဒီရာသီ ဒုတိယေျမာက္အျဖစ္ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရခဲ့သလို ပထမဆံုးအၾကိမ္အျဖစ္ ပြဲခ်ိန္ျပည့္ ကစားႏုိင္ခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီေျမမွာေတာ့ ေတာ္ရဲရားဟာ တုိက္စစ္ကို လိုက္ပါကစားခြင့္ ရခဲ့ပါတယ္။

အမ္မရီက ‘ ဒီပြဲမွာ ေတာ္ရဲရားရဲ႕ ကစားပံုက အရမ္းေကာင္းခဲ့ပါတယ္။ ဒီရာသီအတြက္ ရုပ္ပိုင္းဆိုင္ရာ အေကာင္းဆံုးနဲ႔ ေတာ္ရဲရား ကစားႏုိင္ခဲ့တယ္လို႔ ယူဆႏုိင္တဲ့ ပထမဆံုးပြဲပါပဲ။ သူက box to box လည္း အေကာင္းဆံုး ကစားခဲ့ျပီး သူ႔ရဲ႕ အရည္အခ်င္းေတြကို က်ေနာ္ အေကာင္းဆံုး အသံုးခ်လိုပါတယ္ ’ လို႔ ေျပာပါတယ္။

မန္ေနဂ်ာအမ္မရီက ေတာ္ရဲရားကို ကြင္းလယ္ခံစစ္သမားဆိုတာထက္ အာဆင္နယ္အတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးႏုိင္သူအျဖစ္ အသံုးျပဳလိုေနတာပါ။ ဒါေၾကာင့္ ဥရုေဂြးကြင္းလယ္လူကို တိုက္စစ္ကို ပိုမိုလိုက္ပါခြင့္ေပးမယ့္ စကားေတြလည္း ေျပာဆိုလာခဲ့တာျဖစ္တယ္။

‘ သူ႔ရဲ႕ အရည္အခ်င္းေတြအရ သူက ဖိအားေပးမႈေတြ လုပ္ႏုိင္သလို အျခားကြင္းတစ္ဘက္ရဲ႕ ထိပ္ပိုင္းႏုိင္းမွာ ေဘာလံုးျပန္ရေအာင္လည္း ၾကိဳးစားႏုိင္ပါတယ္။ က်ေနာ္တုိ႔ကို ေဘာလံုးျပန္ရေစျပီး သြင္းဂိုးေတြရဖို႔ ကူညီေပးႏုိင္တယ္။ ဒီညမွာေတာ့ သူ အဲ့တာကို အေကာင္းဆံုး လုပ္ျပႏုိင္ခဲ့တယ္။ ကလပ္အသင္းရဲ႕ ကစားကြက္တည္ေဆာက္မႈေတြမွာလည္း အမ်ားၾကီး အကူအညီေပးခဲ့ပါတယ္ ’ လို႔ အမ္မရီက ဆက္လက္ ရွင္းျပခဲ့တာျဖစ္တယ္။

အမ္မရီရဲ႕ အေျပာအရဆိုရင္ ဂန္းနားတိုရဲ႕ ကြင္းလယ္ခံစစ္ေနရာကို ရွာကာအား လံုးဝ တာဝန္လြဲေပးျပီး ရံဖန္ရံခါ ဂြမ္ေဒါင္ဇီကို ကစားေစကာ ေတာ္ရဲရားကေတာ့ ေရွ႔ကို ပိုမိုတက္ကစားျပီး သြင္းဂိုးေတြအတြက္ အခြင့္အေရး ဖန္တီးသူအျဖစ္ေကာ ျပိဳင္ဘက္ကို ဖိအားေပးကာ ေဘာလံုးပိုင္ဆုိင္မႈကို ျပန္ရယူေပးသူအျဖစ္ပါ ကစားေစမွာလည္း ျဖစ္ပါတယ္။ ယူရိုပါလိဂ္မွာ အလုပ္ျဖစ္ခဲ့တဲ့ ေတာ္ရဲရား ပရီးမီးယားလိဂ္မွာပါ ဒီတိုင္း ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေနရမွာပဲ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ကွင်းလယ်လူ တော်ရဲရားဟာ ကလပ်အသင်းမှာ နေရာပြောင်းလဲ ကစားနေရတာဖြစ်ကြောင်း ယူရိုပါလိဂ် လူစာရင်းမှာ ပါဝငကား ခြေစွမ်းပြတဲ့ပွဲအပြီး ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်အသင်းကို ဝဲလ်လော့၊ ဆာကာ၊ အူဘာမီယန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ တော်ရဲရားဟာ မန်နေဂျာအူနိုင်းအမ်မရီရဲ့ အသင်းအတွက် ဒီရာသီ ဒုတိယမြောက်အဖြစ် ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီမြေမှာတော့ တော်ရဲရားဟာ တိုက်စစ်ကို လိုက်ပါကစားခွင့် ရခဲ့ပါတယ်။

အမ်မရီက ‘ ဒီပွဲမှာ တော်ရဲရားရဲ့ ကစားပုံက အရမ်းကောင်းခဲ့ပါတယ်။ ဒီရာသီအတွက် ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးနဲ့ တော်ရဲရား ကစားနိုင်ခဲ့တယ်လို့ ယူဆနိုင်တဲ့ ပထမဆုံးပွဲပါပဲ။ သူက box to box လည်း အကောင်းဆုံး ကစားခဲ့ပြီး သူ့ရဲ့ အရည်အချင်းတွေကို ကျနော် အကောင်းဆုံး အသုံးချလိုပါတယ် ’ လို့ ပြောပါတယ်။

မန်နေဂျာအမ်မရီက တော်ရဲရားကို ကွင်းလယ်ခံစစ်သမားဆိုတာထက် အာဆင်နယ်အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သူအဖြစ် အသုံးပြုလိုနေတာပါ။ ဒါကြောင့် ဥရုဂွေးကွင်းလယ်လူကို တိုက်စစ်ကို ပိုမိုလိုက်ပါခွင့်ပေးမယ့် စကားတွေလည်း ပြောဆိုလာခဲ့တာဖြစ်တယ်။

‘ သူ့ရဲ့ အရည်အချင်းတွေအရ သူက ဖိအားပေးမှုတွေ လုပ်နိုင်သလို အခြားကွင်းတစ်ဘက်ရဲ့ ထိပ်ပိုင်းနိုင်းမှာ ဘောလုံးပြန်ရအောင်လည်း ကြိုးစားနိုင်ပါတယ်။ ကျနော်တို့ကို ဘောလုံးပြန်ရစေပြီး သွင်းဂိုးတွေရဖို့ ကူညီပေးနိုင်တယ်။ ဒီညမှာတော့ သူ အဲ့တာကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ကလပ်အသင်းရဲ့ ကစားကွက်တည်ဆောက်မှုတွေမှာလည်း အများကြီး အကူအညီပေးခဲ့ပါတယ် ’ လို့ အမ်မရီက ဆက်လက် ရှင်းပြခဲ့တာဖြစ်တယ်။

အမ်မရီရဲ့ အပြောအရဆိုရင် ဂန်းနားတိုရဲ့ ကွင်းလယ်ခံစစ်နေရာကို ရှာကာအား လုံးဝ တာဝန်လွဲပေးပြီး ရံဖန်ရံခါ ဂွမ်ဒေါင်ဇီကို ကစားစေကာ တော်ရဲရားကတော့ ရှေ့ကို ပိုမိုတက်ကစားပြီး သွင်းဂိုးတွေအတွက် အခွင့်အရေး ဖန်တီးသူအဖြစ်ကော ပြိုင်ဘက်ကို ဖိအားပေးကာ ဘောလုံးပိုင်ဆိုင်မှုကို ပြန်ရယူပေးသူအဖြစ်ပါ ကစားစေမှာလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ အလုပ်ဖြစ်ခဲ့တဲ့ တော်ရဲရား ပရီးမီးယားလိဂ်မှာပါ ဒီတိုင်း ကစားနိုင်ဖို့ မျှော်လင့်နေရမှာပဲ ဖြစ်ပါတယ်။