လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ ဒီႏွစ္ေတြထဲမွာ လီဗာပူးရဲ႕ လိုအပ္ခ်က္ျဖစ္တဲ့ ၾကီး ၆ ၾကီးကို အေဝးကြင္းမွာ အႏုိင္မရျခင္းနဲ႔ ရာသီစကတည္းက ရုန္းကန္ေနရတဲ့ clean sheet နဲ႔ ပက္သက္လို႔ အဓိက ေမးခြန္းထုတ္ခံခဲ့ရ ပါတယ္။

ထိုေမးခြန္းအေပၚ – ” ယွဥ္ျပိဳင္ရတဲ့ ျပိဳင္ဘက္ေတြက အရမ္းေကာင္းလုိ႔လည္း ပါပါတယ္။ ဒါကေတာ့ အေၾကာင္းရင္း တစ္ခ်က္ေပါ့ေလ။ အေဝးကြင္းပြဲေတြမွာ အႏုိင္ရဖို႔ဆိုတာက ျခားနားတဲ့ နည္းလမ္းေတြရွိျပီး က်ေနာ္တုိ႔ ရွာေတြ႔ႏုိင္ဖို႔ လိုပါတယ္။ ” လို႔ ကေလာ့ပ္က တုန္႔ျပန္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမား ကန္ေတဟာ မေန႔က အသင္း ထရိန္နင္မွာ ပါ၀င္လာခဲ့ၿပီး လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ျပန္လည္ ပါ၀င္ကစားနိုင္ဖြယ္ ရွိေနပါတယ္။

ရုပ္သံထုတ္လႊင့္မႈအတြက္ အခ်ိန္မ်ား ညွိနိႈင္းခဲ့ျပီး မန္စီးတီးအသင္းရဲ႕ နို၀င္ဘာလ ၉ ရက္ လီဗာပူးနဲ႕ ပြဲကို ၁၀ ရက္ေန႔သို႔ ေျပာင္းေရႊ႕ ေပးလိုက္ပါတယ္။ ဂြာဒီယိုလာ အသင္းအတြက္ေတာ့ ထိုပြဲမတိုင္ခင္ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ရွိထားတာေၾကာင့္ နားရက္ ပိုရမွာ ျဖစ္ပါတယ္။

နာပိုလီနဲ႔ပြဲအျပီးမွာ ေဝဖန္မႈေတြ ဆက္တိုက္ရခဲ့တာေၾကာင့္ တြစ္တာအေကာင့္ ပိတ္သြားခဲ့ ေရာ္ဘတ္ဆန္နဲ႔ ပက္သက္လုိ႔ ထရန္႔ အလက္ဇႏၵါး အာနိုးက “ရိုဘိုက စိတ္ပိုင္းဆိုင္ရာမွာ အေတာ္ေလး သန္မာသူပါ။ သူ ဒီလို လုပ္ဖို႔ ဆံုးျဖတ္လိုက္တာက သူ႔အတြက္ အေကာင္းဆံုးျဖစ္မယ္လို႔ ယူဆျခင္းေၾကာင့္ ျဖစ္မယ္လို႔ က်ေနာ္ ယံုပါတယ္။ ” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ရာသီအစ အဖြင့္ပြဲမွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ပါဝင္ႏုိင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ေျခသလံုး ၾကြက္သား ဒဏ္ရာဟာ ျပန္သက္သာလာဖို႔ ကုသမႈေတြနဲ႔ အခ်ိန္ယူေနရဆဲပါ။

ဒီရာသီ တုိက္စစ္ပိုင္းမွာ အဓိက အရန္ကစားသမားအျဖစ္ အားျဖည့္ေပးေနတဲ့ အိုရီဂီရဲ႕ ဒဏ္ရာကေတာ့ ႏွစ္ပတ္ေလာက္ထိ ၾကာျမင့္မွာျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲကို ေသခ်ာေပါက္ လြဲမွာျဖစ္ကာ ကာရာေဘာင္းပြဲကိုလည္း လြဲေခ်ာ္ႏုိင္ပါတယ္။ ကီတာရဲ႕ ဒဏ္ရာကလည္း ျပန္ သက္သာ လာေနေပမယ့္ ပြဲထြက္လူစာရင္းမွာ ပါ၀င္နိုင္ေလာက္ေအာင္ေတာ့ မဟုတ္ေသးပါဘူး။

စပိန္သတင္းေတြမွာ မာေနးနဲ႔ ဆာလက္ကို လာလီဂါအသင္းေတြနဲ႔ အေျပာင္းအေရႊ႕ကိစၥေတြ မၾကာခဏ ေဖာ္ျပၾကေပမယ့္ လီဗာပူး သတင္းေထာက္ Paul Gorst ဘက္ကေတာ့ လံုးဝမျဖစ္ႏုိင္တဲ့ အေျပာင္းအေရႊ႔လို႔ ျပတ္သားစြာ ျငင္းဆန္လုိက္ပါတယ္။

ဒီတပတ္ ခ်န္ပီယံလိဂ္မွာ လီဗာပူး ရွံဳးပြဲ ေတြ႔ထားေပမယ့္ ခ်ယ္ဆီးနဲ႕ ပရီးမီးယားလိဂ္ပြဲမွာေတာ့ လိဂ္ပြဲ ၁၅ ပြဲ ဆက္ အနိုင္မွတ္တမ္းကို လီဗာပူး ယူသြားလိမ့္မယ္လို႔ မိုက္ကယ္အို၀င္က ခန္႔မွန္းထားပါတယ္။

Myan News

UNICODE – လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဒီနှစ်တွေထဲမှာ လီဗာပူးရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကြီး ၆ ကြီးကို အဝေးကွင်းမှာ အနိုင်မရခြင်းနဲ့ ရာသီစကတည်းက ရုန်းကန်နေရတဲ့ clean sheet နဲ့ ပက်သက်လို့ အဓိက မေးခွန်းထုတ်ခံခဲ့ရ ပါတယ်။

ထိုမေးခွန်းအပေါ် – ” ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်တွေက အရမ်းကောင်းလို့လည်း ပါပါတယ်။ ဒါကတော့ အကြောင်းရင်း တစ်ချက်ပေါ့လေ။ အဝေးကွင်းပွဲတွေမှာ အနိုင်ရဖို့ဆိုတာက ခြားနားတဲ့ နည်းလမ်းတွေရှိပြီး ကျနော်တို့ ရှာတွေ့နိုင်ဖို့ လိုပါတယ်။ ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။

ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေဟာ မနေ့က အသင်း ထရိန်နင်မှာ ပါဝင်လာခဲ့ပြီး လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ရုပ်သံထုတ်လွှင့်မှုအတွက် အချိန်များ ညှိနှိုင်းခဲ့ပြီး မန်စီးတီးအသင်းရဲ့ နိုဝင်ဘာလ ၉ ရက် လီဗာပူးနဲ့ ပွဲကို ၁၀ ရက်နေ့သို့ ပြောင်းရွှေ့ ပေးလိုက်ပါတယ်။ ဂွာဒီယိုလာ အသင်းအတွက်တော့ ထိုပွဲမတိုင်ခင် ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိထားတာကြောင့် နားရက် ပိုရမှာ ဖြစ်ပါတယ်။

နာပိုလီနဲ့ပွဲအပြီးမှာ ဝေဖန်မှုတွေ ဆက်တိုက်ရခဲ့တာကြောင့် တွစ်တာအကောင့် ပိတ်သွားခဲ့ ရော်ဘတ်ဆန်နဲ့ ပက်သက်လို့ ထရန့် အလက်ဇန္ဒါး အာနိုးက “ရိုဘိုက စိတ်ပိုင်းဆိုင်ရာမှာ အတော်လေး သန်မာသူပါ။ သူ ဒီလို လုပ်ဖို့ ဆုံးဖြတ်လိုက်တာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆခြင်းကြောင့် ဖြစ်မယ်လို့ ကျနော် ယုံပါတယ်။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ရာသီအစ အဖွင့်ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ခြေသလုံး ကြွက်သား ဒဏ်ရာဟာ ပြန်သက်သာလာဖို့ ကုသမှုတွေနဲ့ အချိန်ယူနေရဆဲပါ။

ဒီရာသီ တိုက်စစ်ပိုင်းမှာ အဓိက အရန်ကစားသမားအဖြစ် အားဖြည့်ပေးနေတဲ့ အိုရီဂီရဲ့ ဒဏ်ရာကတော့ နှစ်ပတ်လောက်ထိ ကြာမြင့်မှာဖြစ်ပြီး ချယ်ဆီးနဲ့ပွဲကို သေချာပေါက် လွဲမှာဖြစ်ကာ ကာရာဘောင်းပွဲကိုလည်း လွဲချော်နိုင်ပါတယ်။ ကီတာရဲ့ ဒဏ်ရာကလည်း ပြန် သက်သာ လာနေပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်လောက်အောင်တော့ မဟုတ်သေးပါဘူး။

စပိန်သတင်းတွေမှာ မာနေးနဲ့ ဆာလက်ကို လာလီဂါအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ မကြာခဏ ဖော်ပြကြပေမယ့် လီဗာပူး သတင်းထောက် Paul Gorst ဘက်ကတော့ လုံးဝမဖြစ်နိုင်တဲ့ အပြောင်းအရွှေ့လို့ ပြတ်သားစွာ ငြင်းဆန်လိုက်ပါတယ်။

ဒီတပတ် ချန်ပီယံလိဂ်မှာ လီဗာပူး ရှုံးပွဲ တွေ့ထားပေမယ့် ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ လိဂ်ပွဲ ၁၅ ပွဲ ဆက် အနိုင်မှတ်တမ်းကို လီဗာပူး ယူသွားလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းထားပါတယ်။

Myan News