မန္ယူအသင္း မနက္က အက္စတာနာနဲ႔ပြဲ အႏုိင္ရမႈမွာ သြင္းဂိုး တစ္ဂိုးတည္းရခဲ့တယ္ဆိုေပမယ့္ အေရးပါတဲ့ ကစားသမားျဖစ္ခဲ့သူကေတာ့ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနျပီျဖစ္တဲ့ ကြင္းလယ္လူ ဖရတ္ပဲ ျဖစ္ပါတယ္။

မန္ယူကြင္းလယ္မွာ အဓိက ကစားသမားး ေပါ့ဘာ ဒဏ္ရာရေနလို႔ ဖရတ္ ျပန္ကစားႏုိင္တာက သတင္းေကာင္းလည္း ျဖစ္လာခဲ့တယ္။ လာမယ့္ ပြဲစဥ္ေတြမွာလည္း ဘရာဖီးသား ကြင္းလယ္လူဟာ ဆက္လက္ျပီး ေနရာရေနမယ္လို႔ ယူဆရပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ ၾကံ႕ခိုင္မႈနဲ႔ ေျခစြမ္း တိုးတက္လာမႈေတြက ကလပ္အသင္းအတြက္ အေရးပါတဲ့ ကိစၥလည္း ျဖစ္လာေနခဲ့တယ္။

အက္စတာနဲ႔ပြဲမွာဆိုရင္ ဖရတ္က ကြင္းအတြင္း ေဘာလံုးထိခ်က္ အမ်ားဆံုး၊ ေပးမႈတိက်မႈ အမ်ားဆံုး၊ ေဘာလံုးျပန္ဆယ္ယူႏုိင္မႈ အမ်ားဆံုး၊ အေဝးေဘာေပးမႈ အမ်ားဆံုး၊ အခြင့္အေရး ဖန္တီးမႈ အမ်ားဆံုး ကစားသမားျဖစ္ခဲ့တယ္။ စြမ္းေဆာင္ရည္ပိုင္း တိုးတက္လာတဲ့ ဖရတ္ဟာ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္လည္း လုပ္ႏုိင္ခဲ့ပါတယ္။

မန္ေနဂ်ာဆိုးရွားက ” ဖရက္က ဆက္လက္ျပီး တိုးတက္လာေနသူပါ။ သူက ၾကံ႕ခိုင္မႈပိုေကာင္းလာသလို စြမ္းေဆာင္ရည္လည္း ပိုေကာင္းလာပါတယ္။ ေဘာလံုးကိုင္ကစားရာမွာလည္း ယံုၾကည္မႈ ရွိလာေနပါတယ္။ သူက ကြင္းလယ္ ေနရာစံုမွာ ကစားႏုိင္ျပီး ေဘာလံုးပိုင္ဆုိင္ခ်ိန္မွာေကာ ေဘာလံုးပိုင္ဆုိင္ျခင္းး မရွိခ်ိန္မွာပါ ေကာင္းမြန္တဲ့ ကစားသမားပါ။ အသင္းအတြက္လည္း သူက တိုးတက္လာဦးမွာပါ ” လုိ့ ေျဖဆိုခဲ့တာျဖစ္တယ္။

မန္ယူအသင္း က်ဥ္းေျမာင္းတဲ့ ရလဒ္ေတြနဲ႔ အႏုိင္ရေနျခင္းက ဖိအားေတြကေန ခ်က္ျခင္းၾကီး ရုန္းထြက္ဖို႔ အကူအညီျဖစ္ေစမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ဖရတ္အပါအဝင္ ကလပ္အသင္းရဲ႕ တည္ျငိမ္လာတဲ့ စြမ္းေဆာင္ရည္အရ လာမယ့္ ပရီးမီးယားလိဂ္ပြဲမွာ အႏုိင္ရမယ္ဆိုရင္ အသင္းရဲ႕ အားသာခ်က္ကို လူအမ်ား လက္ခံလာၾကမွာပဲျဖစ္ပါတယ္။

UNICODE

မန်ယူအသင်း မနက်က အက်စတာနာနဲ့ပွဲ အနိုင်ရမှုမှာ သွင်းဂိုး တစ်ဂိုးတည်းရခဲ့တယ်ဆိုပေမယ့် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့သူကတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်တဲ့ ကွင်းလယ်လူ ဖရတ်ပဲ ဖြစ်ပါတယ်။

မန်ယူကွင်းလယ်မှာ အဓိက ကစားသမားး ပေါ့ဘာ ဒဏ်ရာရနေလို့ ဖရတ် ပြန်ကစားနိုင်တာက သတင်းကောင်းလည်း ဖြစ်လာခဲ့တယ်။ လာမယ့် ပွဲစဉ်တွေမှာလည်း ဘရာဖီးသား ကွင်းလယ်လူဟာ ဆက်လက်ပြီး နေရာရနေမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်း တိုးတက်လာမှုတွေက ကလပ်အသင်းအတွက် အရေးပါတဲ့ ကိစ္စလည်း ဖြစ်လာနေခဲ့တယ်။

အက်စတာနဲ့ပွဲမှာဆိုရင် ဖရတ်က ကွင်းအတွင်း ဘောလုံးထိချက် အများဆုံး၊ ပေးမှုတိကျမှု အများဆုံး၊ ဘောလုံးပြန်ဆယ်ယူနိုင်မှု အများဆုံး၊ အဝေးဘောပေးမှု အများဆုံး၊ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမားဖြစ်ခဲ့တယ်။ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာတဲ့ ဖရတ်ဟာ ဂိုးထောက်ပံ့မှု တစ်ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။

မန်နေဂျာဆိုးရှားက ” ဖရက်က ဆက်လက်ပြီး တိုးတက်လာနေသူပါ။ သူက ကြံ့ခိုင်မှုပိုကောင်းလာသလို စွမ်းဆောင်ရည်လည်း ပိုကောင်းလာပါတယ်။ ဘောလုံးကိုင်ကစားရာမှာလည်း ယုံကြည်မှု ရှိလာနေပါတယ်။ သူက ကွင်းလယ် နေရာစုံမှာ ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်ချိန်မှာကော ဘောလုံးပိုင်ဆိုင်ခြင်းး မရှိချိန်မှာပါ ကောင်းမွန်တဲ့ ကစားသမားပါ။ အသင်းအတွက်လည်း သူက တိုးတက်လာဦးမှာပါ ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

မန်ယူအသင်း ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ အနိုင်ရနေခြင်းက ဖိအားတွေကနေ ချက်ခြင်းကြီး ရုန်းထွက်ဖို့ အကူအညီဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဖရတ်အပါအဝင် ကလပ်အသင်းရဲ့ တည်ငြိမ်လာတဲ့ စွမ်းဆောင်ရည်အရ လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ အနိုင်ရမယ်ဆိုရင် အသင်းရဲ့ အားသာချက်ကို လူအများ လက်ခံလာကြမှာပဲဖြစ်ပါတယ်။