ခ်ယ္ဆီးအသင္း တာဝန္ရိွသူေတြဟာ လူငယ္ကစားသမား အိုဒိြဳင္းကို ကလပ္အသင္းမွာ ကာလရွည္ ဆက္ရွိေနမယ့္ ၅ ႏွစ္သက္တမ္းတိုး စာခ်ဳပ္သစ္တစ္ရပ္ လက္မွက္ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ျပီး သူဟာ စာခ်ဳပ္သစ္အရ ခ်ယ္ဆီးအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၈၀၀၀၀ ရမွာျဖစ္ပါတယ္။

အိုဒြိဳင္းက – ” စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္တာအတြက္ ခံစားရတာကေတာ့ အံ့အားသင့္စရာေကာင္းပါတယ္။ အခ်ိန္အၾကာၾကီး ေစာင့္ခဲ့ရတယ္ ဆိုေပမယ့္ စာခ်ဳပ္သစ္ကိစၥ ျပီးေျမာက္ခဲ့ပါျပီ။ က်ေနာ္ အရမ္း ေပ်ာ္မိပါတယ္။ အသက္ ၈ ႏွစ္အရြယ္တည္းက ခ်ယ္ဆီးကို ေရာက္လာခဲ့တာျဖစ္ျပီး အသင္းနဲ႔အတူ ဆုဖလား ေအာင္ျမင္မႈေတြ အမ်ားၾကီးရဖို႔ စိတ္အားထက္သန္ေနပါတယ္။ “လို႔ ၀မ္းေျမာက္စကား ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမား ကန္ေတဟာ မေန႔က အသင္း ထရိန္နင္မွာ ပါ၀င္လာခဲ့ၿပီး လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ျပန္လည္ ပါ၀င္ကစားနိုင္ဖြယ္ ရွိေနပါတယ္။

လမ္းပတ္ရဲ႕ ပြဲဦးထြက္ရာသီမွာ ခ်ယ္ဆီးလူငယ္ကစားသမားေတြ ေတာက္ပျပီး ျပိဳင္ဘက္ေတြကို ျခိမ္းေျခာက္လာနိုင္ျပီ ဆိုေပမယ့္ ဒီရာသီ စတည္းက အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ေဂ်ာ္ဂ်င္ဟိုကိုလည္း ေမ့ထားလို႔ မရေၾကာင္း တယ္လီဂရပ္ဖ္ သတင္းဌာနက သံုးသပ္ထားပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေျခစြမ္းျပေနတဲ့ ေက်ာနံပါတ္ ၉ ၀တ္ တိုက္စစ္မွဴးေလး တမ္မီ ေအဗရာဟမ္ကို လုပ္ခ တစ္ပတ္ ေပါင္ တစ္သိန္း္ထိ တိုးျမွင့္ေပးကာ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုရန္ စီစဥ္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီမွာ ပထမပိုင္း ကစားပံုေကာင္းမြန္ေသာ္လည္း ဒုတိယပိုင္းမွာ အာရံုစူးစိုက္မႈ ေလ်ာ့နည္းေနတာက စိုးရိမ္စရာ ျဖစ္ျပီး လီဗာပူးနဲ႕ပြဲမွာလည္း ဒီအခ်က္က ျပႆနာ ျဖစ္နုိင္ေၾကာင္း ခ်ယ္ဆီးနည္းျပေဟာင္း ဂလင္းေဟာ္ဒယ္က သတိေပးလိုက္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္း ဒီဒီယာ ဒေရာ့ဘာဟာ ဒီနွစ္ ဘလြန္းဒီေအာ ဆုေပးပြဲမွာ သံတမန္တစ္ဦး အျဖစ္ ေဆာင္ရြက္ဖို႔ ေရြးခ်ယ္ ခံထားရေၾကာင္း သိရပါတယ္။

ဒီတနဂၤေႏြ ခ်ယ္ဆီးနဲ႕ လီဗာပူး ပြဲစဥ္မွာ မိုက္ကယ္အိုလီဗာ က ကြင္းလယ္ ဒိုင္အျဖစ္ တာ၀န္ယူမွာ ျဖစ္ျပီး VAR ကိုေတာ့ ဒိုင္လူၾကီး အင္ဒေရ မာရင္နာ ကို တာ၀န္ေပးအပ္ထားပါတယ္။

ဒီရာသီမွာ ခ်ယ္ဆီးအတြက္ စတင္ကစားေပးေနတဲ့ ပူလီဆစ္ဟာ ရီးရဲလ္သို႔ ေျပာင္းသြားတဲ့ ဟာဇက္ေနရာ ျဖည့္ဆည္းေပးဖို႔ေတာ့ မလြယ္ကူ ေသးေၾကာင္းနဲ႕ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ကို အရင္ၾကိဳးစားရဦးမွာ ျဖစ္တယ္လို႔ အေမရိကန္ လက္ေရြးစင္ ကစားသမားေဟာင္း ကိုင္လီ မာတီႏိုက မွတ္ခ်က္ျပဳလိုက္ပါတယ္။

Myan News

UNICODE – ချယ်ဆီးအသင်းတ ာဝန်ရှိသူတွေဟာ လူငယ်ကစားသမား အိုဒွိုင်းကို ကလပ်အသင်းမှာ ကာလရှည် ဆက်ရှိနေမယ့် ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် လက်မှက်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး သူဟာ စာချုပ်သစ်အရ ချယ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရမှာဖြစ်ပါတယ်။

အိုဒွိုင်းက – ” စာချုပ်သစ် ချုပ်ဆိုနိုင်တာအတွက် ခံစားရတာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ အချိန်အကြာကြီး စောင့်ခဲ့ရတယ် ဆိုပေမယ့် စာချုပ်သစ်ကိစ္စ ပြီးမြောက်ခဲ့ပါပြီ။ ကျနော် အရမ်း ပျော်မိပါတယ်။ အသက် ၈ နှစ်အရွယ်တည်းက ချယ်ဆီးကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ အများကြီးရဖို့ စိတ်အားထက်သန်နေပါတယ်။ “လို့ ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေဟာ မနေ့က အသင်း ထရိန်နင်မှာ ပါဝင်လာခဲ့ပြီး လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

လမ်းပတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ချယ်ဆီးလူငယ်ကစားသမားတွေ တောက်ပပြီး ပြိုင်ဘက်တွေကို ခြိမ်းခြောက်လာနိုင်ပြီ ဆိုပေမယ့် ဒီရာသီ စတည်းက အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဂျော်ဂျင်ဟိုကိုလည်း မေ့ထားလို့ မရကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက သုံးသပ်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ခြေစွမ်းပြနေတဲ့ ကျောနံပါတ် ၉ ဝတ် တိုက်စစ်မှူးလေး တမ်မီ အေဗရာဟမ်ကို လုပ်ခ တစ်ပတ် ပေါင် တစ်သိန်းထိ တိုးမြှင့်ပေးကာ သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန် စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီမှာ ပထမပိုင်း ကစားပုံကောင်းမွန်သော်လည်း ဒုတိယပိုင်းမှာ အာရုံစူးစိုက်မှု လျော့နည်းနေတာက စိုးရိမ်စရာ ဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာလည်း ဒီအချက်က ပြဿနာ ဖြစ်နိုင်ကြောင်း ချယ်ဆီးနည်းပြဟောင်း ဂလင်းဟော်ဒယ်က သတိပေးလိုက်ပါတယ်။

ချယ်ဆီး တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာဟာ ဒီနှစ် ဘလွန်းဒီအော ဆုပေးပွဲမှာ သံတမန်တစ်ဦး အဖြစ် ဆောင်ရွက်ဖို့ ရွေးချယ် ခံထားရကြောင်း သိရပါတယ်။

ဒီတနင်္ဂနွေ ချယ်ဆီးနဲ့ လီဗာပူး ပွဲစဉ်မှာ မိုက်ကယ်အိုလီဗာ က ကွင်းလယ် ဒိုင်အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး VAR ကိုတော့ ဒိုင်လူကြီး အင်ဒရေ မာရင်နာ ကို တာဝန်ပေးအပ်ထားပါတယ်။

ဒီရာသီမှာ ချယ်ဆီးအတွက် စတင်ကစားပေးနေတဲ့ ပူလီဆစ်ဟာ ရီးရဲလ်သို့ ပြောင်းသွားတဲ့ ဟာဇက်နေရာ ဖြည့်ဆည်းပေးဖို့တော့ မလွယ်ကူ သေးကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ကို အရင်ကြိုးစားရဦးမှာ ဖြစ်တယ်လို့ အမေရိကန် လက်ရွေးစင် ကစားသမားဟောင်း ကိုင်လီ မာတီနိုက မှတ်ချက်ပြုလိုက်ပါတယ်။

Myan News