Myan News
UNICODE – နောဝစ်ရှုံးပွဲနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက စီးတီးဟာ ၈ လ တာ အတွင်း ပရီးမီးယားလိဂ် ပွဲ တစ်ပွဲသာ ရှုံးနိမ့်ခြင်းဖြစ်ပြီး ဘာကြောင့် သံသယတွေနဲ့ စိုးရိမ်နေရမလဲလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
အစွန်ခံစစ်မှူး ဘန်ဂျမင် မန်ဒီ မန်စီးတီးအသင်း အတွက် ပြန် ပါဝင်ကစားနိုင်ချိန်က အသင်း အင်အားနည်းနေချိန်ဖြစ်လို့ အချိန်ကိုက် ဖြစ်သွားကြောင်း ဂွမ်ဒိုဂန်က မှတ်ချက်ပြုခဲ့ပါတယ်။
မန်စီးတီး ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ နောက်နှစ် နွေမှာ ဒေးဗစ် ဘက်ခမ်းရဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မီယာမီအသင်းထံ ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘက်ခမ်းက မီယာမီအသင်းအတွက် စပိန်စကားပြော ကြယ်ပွင့်ကစားသမား တစ်ယောက် ခေါ်ယူလိုနေတာပါ။
ရုပ်သံထုတ်လွှင့်မှုအတွက် အချိန်များ ညှိနှိုင်းခဲ့ပြီး မန်စီးတီးအသင်းရဲ့ နိုဝင်ဘာလ ၉ ရက် လီဗာပူးနဲ့ ပွဲကို ၁၀ ရက်နေ့သို့ ပြောင်းရွှေ့ ပေးလိုက်ပါတယ်။ ဂွာဒီယိုလာ အသင်းအတွက်တော့ ထိုပွဲမတိုင်ခင် ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိထားတာကြောင့် နားရက် ပိုရမှာ ဖြစ်ပါတယ်။
မန်စီးတီး ပရိသတ်တွေဟာ တိုက်စစ်သမား မာရက်ဇ်ကို ပို ကစားခွင့်ပေးဖို့ အလိုရှိနေပါတယ်။ ၎င်းဟာ ရှက်တာဒိုးနက်ကို နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တာကြောင့် ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဆက်လက် အခွင့်အရေးပေးသင့်ကြောင်း တောင်းဆိုမှုတွေ ရှိနေပါတယ်။
Myan News