အာဆင္နယ္ဂိုးသမား မာတီနက္စ္ဟာ ယူရိုပါလိဂ္အဖြင့္ပြဲမွာ clean sheet ရခဲ့ျပီး အဖြင့္သီတင္းပတ္အတြင္း ဂိုးေပါက္ကာကြယ္မႈေတြထဲမွာ အျမင့္ဆံုးေသာ ယူရိုပါလိဂ္ျပိဳင္ပြဲဝင္ ဂိုးသမားလည္း ျဖစ္ပါတယ္။

အာဆင္နယ္ ဘယ္အစြန္လူ ကိုလာစီနက္က သူနဲ႔ အိုေဇးတို႔ ရင္ဆိုင္ခဲ့ရတဲ့ ဓါးကိုင္ လုယက္ခံရမႈအေပၚ အခုခ်ိန္ထိ ထိခိုက္ခံစားေနရဆဲျဖစ္ေၾကာင္း ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။ ကိုလာစီနက္ဟာ အဆိုပါ ျဖစ္ရပ္အျပီး ေလ့က်င့္ေရးကို သီတင္းပတ္ အနည္းငယ္ၾကာ လြဲေခ်ာ္ခဲ့ရေသးတာျဖစ္ပါတယ္။

ဒီရာသီ ပထမဆံုးအၾကိမ္အျဖစ္ မနက္က ယွဥ္ျပိဳင္ကစားတဲ့ ယူရိုပါလိဂ္ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့တဲ့ မူစတာဖီက ကလပ္အသင္းကေန ထြက္ခြာဖို႔ တံခါးဖြင့္ထားမွာ ျဖစ္ေပမယ့္ မရရေအာင္ ထြက္ခြာမယ္ဆိုျပီး ကလပ္အသင္းနဲ႔ စစ္ပြဲဆင္ႏြဲမွာေတာ့ မဟုတ္ပါဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အူနုိင္းအမ္မရီက ကြင္းလယ္လူ ေတာ္ရဲရားဟာ ကလပ္အသင္းမွာ ေနရာေျပာင္းလဲ ကစားေနရတာျဖစ္ေၾကာင္း ယူရိုပါလိဂ္ လူစာရင္းမွာ ပါဝင္ကား ေျခစြမ္းျပတဲ့ပြဲအျပီး ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့တာျဖစ္ပါတယ္။ အမ္မရီကေတာ့ ေတာ္ရဲရားဟာ ကလပ္အသင္းမွာ မႏွစ္ကလို မဟုတ္ပဲ တုိက္စစ္ကို ပိုမိုလိုက္ပါကစားခြင့္ ရလာမယ္လို႔ ဆိုပါတယ္။

ဆာကာက ” အာဆင္နယ္အတြက္ ဂိုးရယူေပးႏုိင္ခဲ့တာကို အရမ္းေပ်ာ္ပါတယ္။ ဒါက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာရတာပါ။ က်ေနာ္ဟာ ကေလးဘဝကတည္းက ဒီလိုေန႔ရက္အတြက္ အိပ္မက္မက္ေနခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာ တကယ္ျဖစ္လာလို႔ ေပ်ာ္ရႊင္မိေနပါတယ္။ ဒီေန႔လို ခံစားခ်က္ေတြ ထပ္ရဖို႔အတြက္ ဆက္ျပီးလည္း ၾကိဳးစားသြားပါမယ္ ” လို႔ ပြဲအျပီးမွာ ေပ်ာ္ရႊင္စြာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာအမ္မရီအေနနဲ႔ အိုေဇးကို ေခၚယူဖို႔ ကလပ္အသင္းေတြက ကမ္းလွမ္းလာပါက ေရာင္းထုတ္ လိုက္သင့္ေၾကာင္းနဲ႔ ေခၚယူလိုတဲ့ အသင္းမရွိရင္လည္း ကစားသမားနဲ႔ ေဆြးေႏြးမႈလုပ္သင့္ေၾကာင္း တိုက္တြန္းမႈေတြ ထြက္ေနပါတယ္။ အိုေဇးဟာ ဒီရာသီမွာ တစ္ပြဲတည္းေသာ ပြဲထြက္ခြင့္ကိုေတာင္ မိနစ္ ၇၀ ပဲ ကစားခဲ့ရသူပါ။

အာဆင္နယ္ အကယ္ဒမီ ကစားသမားေလး ဆာကာက သူ႔ရဲ့ ေျခစြမ္းပိုင္း တိုးတက္ဖို႔အတြက္ ဂ်ဴဗင္တပ္အသင္းမွ ေပၚတူဂီ တိုက္စစ္မွဴး ရိုနယ္ဒိုရဲ့ ပြဲေတြကို ေစာင့္ၾကည့္ ျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုုလိုက္ပါတယ္။ ဆာကာကေတာ့ ကလပ္အသင္းမွာ ေရွ႔ဆက္ျပီးလည္း ေနရာရႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ားဒါရိုက္တာက ကလပ္အသင္းဟာ အနာဂတ္ အေျပာင္းအေရႊ႔ေတြမွာလည္း လူငယ္ကစားသမားေတြနဲ႔ ထိပ္တန္းကစားသမား ေခၚယူမႈေတြကို ပူးတြဲျပဳလုပ္မွာျဖစ္ျပီး ကလပ္အသင္းမွာ ငယ္ရြယ္တဲ့ ကစားသမားမ်ားအား ေနရာေပးမႈေတြ ဆက္လုပ္သြားမယ္လို႔ ေျပာဆိုပါတယ္။

UNICODE

အာဆင်နယ်ဂိုးသမား မာတီနက်စ်ဟာ ယူရိုပါလိဂ်အဖွင့်ပွဲမှာ clean sheet ရခဲ့ပြီး အဖွင့်သီတင်းပတ်အတွင်း ဂိုးပေါက်ကာကွယ်မှုတွေထဲမှာ အမြင့်ဆုံးသော ယူရိုပါလိဂ်ပြိုင်ပွဲဝင် ဂိုးသမားလည်း ဖြစ်ပါတယ်။

အာဆင်နယ် ဘယ်အစွန်လူ ကိုလာစီနက်က သူနဲ့ အိုဇေးတို့ ရင်ဆိုင်ခဲ့ရတဲ့ ဓါးကိုင် လုယက်ခံရမှုအပေါ် အခုချိန်ထိ ထိခိုက်ခံစားနေရဆဲဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။ ကိုလာစီနက်ဟာ အဆိုပါ ဖြစ်ရပ်အပြီး လေ့ကျင့်ရေးကို သီတင်းပတ် အနည်းငယ်ကြာ လွဲချော်ခဲ့ရသေးတာဖြစ်ပါတယ်။

ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ မူစတာဖီက ကလပ်အသင်းကနေ ထွက်ခွာဖို့ တံခါးဖွင့်ထားမှာ ဖြစ်ပေမယ့် မရရအောင် ထွက်ခွာမယ်ဆိုပြီး ကလပ်အသင်းနဲ့ စစ်ပွဲဆင်နွဲမှာတော့ မဟုတ်ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ကွင်းလယ်လူ တော်ရဲရားဟာ ကလပ်အသင်းမှာ နေရာပြောင်းလဲ ကစားနေရတာဖြစ်ကြောင်း ယူရိုပါလိဂ် လူစာရင်းမှာ ပါဝင်ကား ခြေစွမ်းပြတဲ့ပွဲအပြီး ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့တာဖြစ်ပါတယ်။ အမ်မရီကတော့ တော်ရဲရားဟာ ကလပ်အသင်းမှာ မနှစ်ကလို မဟုတ်ပဲ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခွင့် ရလာမယ်လို့ ဆိုပါတယ်။

ဆာကာက ” အာဆင်နယ်အတွက် ဂိုးရယူပေးနိုင်ခဲ့တာကို အရမ်းပျော်ပါတယ်။ ဒါက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရတာပါ။ ကျနော်ဟာ ကလေးဘဝကတည်းက ဒီလိုနေ့ရက်အတွက် အိပ်မက်မက်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ တကယ်ဖြစ်လာလို့ ပျော်ရွှင်မိနေပါတယ်။ ဒီနေ့လို ခံစားချက်တွေ ထပ်ရဖို့အတွက် ဆက်ပြီးလည်း ကြိုးစားသွားပါမယ် ” လို့ ပွဲအပြီးမှာ ပျော်ရွှင်စွာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

မန်နေဂျာအမ်မရီအနေနဲ့ အိုဇေးကို ခေါ်ယူဖို့ ကလပ်အသင်းတွေက ကမ်းလှမ်းလာပါက ရောင်းထုတ် လိုက်သင့်ကြောင်းနဲ့ ခေါ်ယူလိုတဲ့ အသင်းမရှိရင်လည်း ကစားသမားနဲ့ ဆွေးနွေးမှုလုပ်သင့်ကြောင်း တိုက်တွန်းမှုတွေ ထွက်နေပါတယ်။ အိုဇေးဟာ ဒီရာသီမှာ တစ်ပွဲတည်းသော ပွဲထွက်ခွင့်ကိုတောင် မိနစ် ၇၀ ပဲ ကစားခဲ့ရသူပါ။

အာဆင်နယ် အကယ်ဒမီ ကစားသမားလေး ဆာကာက သူ့ရဲ့ ခြေစွမ်းပိုင်း တိုးတက်ဖို့အတွက် ဂျူဗင်တပ်အသင်းမှ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ ပွဲတွေကို စောင့်ကြည့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆာကာကတော့ ကလပ်အသင်းမှာ ရှေ့ဆက်ပြီးလည်း နေရာရနိုင်ဖို့ မျှော်လင့်နေတာဖြစစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ မန်နေဂျားဒါရိုက်တာက ကလပ်အသင်းဟာ အနာဂတ် အပြောင်းအရွှေ့တွေမှာလည်း လူငယ်ကစားသမားတွေနဲ့ ထိပ်တန်းကစားသမား ခေါ်ယူမှုတွေကို ပူးတွဲပြုလုပ်မှာဖြစ်ပြီး ကလပ်အသင်းမှာ ငယ်ရွယ်တဲ့ ကစားသမားများအား နေရာပေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုပါတယ်။