မန္ယူခံစစ္မွဴး စေမာလင္းက ရိုးမားကို အငွားထြက္ကစားဖို႔က လြယ္ကူတဲ့ ဆံုးျဖတ္ခ်က္ မဟုတ္ပါဘူးလို႔ ထုတ္ေျပာပါတယ္။ စေမာလင္းက ကလပ္အသင္းက မက္ဂိြဳင္းရားကို ေခၚယူခဲ့ကတည္းက အသင္းမွာ ေနရာမရႏုိင္ဘူးဆိုတာ နားလည္ခဲ့တာေၾကာင့္ စိန္ေခၚမႈသစ္ေတြအတြက္ အငွားထြက္လာတာပါလို႔ ဆိုပါတယ္။

မန္ယူအစြန္လူ ဒါေလာ့က ကလပ္အသင္းမွာ ေနရာရဖို႔ ဘစ္ဆာကာနဲ႔ အျပိဳင္ ၾကိဳးစားလိုေနတယ္လုိ႔ ထုတ္ေျပာလိုက္ပါတယ္။ မန္ေနဂ်ာဆုိးရွားက လူငယ္ေတြကို ေနရာေပးရတာကို ႏွစ္သက္ျခင္းေၾကာင့္ သူ႔အေနနဲ႔ အခြင့္အေရးရမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ကြင္းလယ္ကစားသမား မက္ဒီဆန္အတြက္ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကး တစ္ရပ္ ရရွိပါက ေရာင္းခ်သြားမယ္လို႔ ဆိုခဲ့ပါတယ္။ အဂၤလန္ ကြင္းလယ္ကစားသမားကို မန္ယူအသင္းက လာမယ့္ ေႏြရာသီမွာ အရေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း (၆၀) အနည္းဆုံး အသုံးျပဳသြားရဖြယ္ရွိပါတယ္။

မန္ယူ တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ဟာ မေန႔ညက အက္စ္တာနာအသင္းနဲ႔ ကစားခ့ဲတ့ဲ ယူရုိပါလိဂ္ အုပ္စုအဖြင့္ပြဲစဥ္အၿပီးမွာ ဒီပြဲမွာ ျပသခ့ဲတ့ဲ အသင္းလုိက္ စုစည္းမႈမ်ိဳး လြန္ခ့ဲတ့ဲ ႏွစ္နွစ္တုန္းက မရွိခ့ဲဘူးလို႔ဆုိလိုက္ပါတယ္။

သရဲနီကြင္းလယ္လူေဟာင္းၾကီး အိုဝင္ ဟားဂရိတ္က ကလပ္အသင္းဟာ ဒီရာသီမွာ ထိပ္ဆံုးေလးသင္း ဝင္ႏုိင္ဖို႔ လံုေလာက္ျခင္း မရွိျခင္းေၾကာင့္ ယူရိုပါလိဂ္ကို အႏုိင္ရျခင္းျဖင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဖမ္းဆုပ္ဖို႔ ျပတ္သားစြာ သတိေပးလိုက္ပါတယ္။

မန္ေနဂ်ာဆိုးရွားက ” ဖရက္က ဆက္လက္ျပီး တိုးတက္လာေနသူပါ။ သူက ၾကံ႕ခိုင္မႈပိုေကာင္းလာသလို စြမ္းေဆာင္ရည္လည္း ပိုေကာင္းလာပါတယ္။ ေဘာလံုးကိုင္ကစားရာမွာလည္း ယံုၾကည္မႈ ရွိလာေနပါတယ္။ သူက ကြင္းလယ္ ေနရာစံုမွာ ကစားႏုိင္ျပီး ေဘာလံုးပိုင္ဆုိင္ခ်ိန္မွာေကာ ေဘာလံုးပိုင္ဆုိင္ျခင္းး မရွိခ်ိန္မွာပါ ေကာင္းမြန္တဲ့ ကစားသမားပါ။ အသင္းအတြက္လည္း သူက တိုးတက္လာဦးမွာပါ ” လုိ့ ေျဖဆိုခဲ့ပါတယ္။

တနဂၤေႏြေန႔ လန္ဒန္ကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ဝက္ဟမ္းနဲ႔ မန္ယူပြဲကိုေတာ့ ကြင္းလယ္ဒိုင္အျဖစ္ အန္တိုနီ ေသလာက ကိုင္တြယ္သြားမွာပဲျဖစ္ပါတယ္။

ယူရိုပါလိဂ္ ပြဲအျပီးမွာေတာ့ မန္ေနဂ်ာဆိုးရွားက ဂရင္းဝုဒ္ဟာ လူကာကူနဲ႔ ဆန္းခ်က္အစား ကလပ္အသင္းရဲ႔ တိုက္စစ္မွာ ပါဝင္လာမယ့္သူလို႔ ထုတ္ေျပာခဲ့သလို ကစားသမားကို ကလပ္အသင္းမွာပဲ ကာလရွည္ ဆက္ရွိေနဖို႔ ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္းလည္း သတင္းေကာင္း ပါးလာခဲ့ပါတယ္။

မနက္ကပြဲမွာ ယူနုိက္တက္အတြက္ တစ္လံုးတည္းေသာ အနုိင္ဂိုးကို လူငယ္ တုိက္စစ္သမား ဂရင္းဝုဒ္က သြင္းယူ ေပးႏုိင္ခဲ့တာပါ။ ဂရင္းဝုဒ္အတြက္ စီနီယာ ကစားသမားဘဝ ပထမဆံုး သြင္းဂိုးျဖစ္ခဲ့ျပီး ဟားဂရိတ္ကေတာ့ ေကာင္ေလးဟာ ပရီးမီးယားလိဂ္မွာပါ ကစားႏုိင္တဲ့ အရည္အခ်င္း ရွိေနပါျပီလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

UNICODE

မန်ယူခံစစ်မှူး စမောလင်းက ရိုးမားကို အငှားထွက်ကစားဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူးလို့ ထုတ်ပြောပါတယ်။ စမောလင်းက ကလပ်အသင်းက မက်ဂွိုင်းရားကို ခေါ်ယူခဲ့ကတည်းက အသင်းမှာ နေရာမရနိုင်ဘူးဆိုတာ နားလည်ခဲ့တာကြောင့် စိန်ခေါ်မှုသစ်တွေအတွက် အငှားထွက်လာတာပါလို့ ဆိုပါတယ်။

မန်ယူအစွန်လူ ဒါလော့က ကလပ်အသင်းမှာ နေရာရဖို့ ဘစ်ဆာကာနဲ့ အပြိုင် ကြိုးစားလိုနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ မန်နေဂျာဆိုးရှားက လူငယ်တွေကို နေရာပေးရတာကို နှစ်သက်ခြင်းကြောင့် သူ့အနေနဲ့ အခွင့်အရေးရမယ်လို့ မျှော်လင့်နေပါတယ်။

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ကွင်းလယ်ကစားသမား မက်ဒီဆန်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ရရှိပါက ရောင်းချသွားမယ်လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန် ကွင်းလယ်ကစားသမားကို မန်ယူအသင်းက လာမယ့် နွေရာသီမှာ အရခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အနည်းဆုံး အသုံးပြုသွားရဖွယ်ရှိပါတယ်။

မန်ယူ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မနေ့ညက အက်စ်တာနာအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ ဒီပွဲမှာ ပြသခဲ့တဲ့ အသင်းလိုက် စုစည်းမှုမျိုး လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မရှိခဲ့ဘူးလို့ဆိုလိုက်ပါတယ်။

သရဲနီကွင်းလယ်လူဟောင်းကြီး အိုဝင် ဟားဂရိတ်က ကလပ်အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံးလေးသင်း ဝင်နိုင်ဖို့ လုံလောက်ခြင်း မရှိခြင်းကြောင့် ယူရိုပါလိဂ်ကို အနိုင်ရခြင်းဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဖမ်းဆုပ်ဖို့ ပြတ်သားစွာ သတိပေးလိုက်ပါတယ်။

မန်နေဂျာဆိုးရှားက ” ဖရက်က ဆက်လက်ပြီး တိုးတက်လာနေသူပါ။ သူက ကြံ့ခိုင်မှုပိုကောင်းလာသလို စွမ်းဆောင်ရည်လည်း ပိုကောင်းလာပါတယ်။ ဘောလုံးကိုင်ကစားရာမှာလည်း ယုံကြည်မှု ရှိလာနေပါတယ်။ သူက ကွင်းလယ် နေရာစုံမှာ ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်ချိန်မှာကော ဘောလုံးပိုင်ဆိုင်ခြင်းး မရှိချိန်မှာပါ ကောင်းမွန်တဲ့ ကစားသမားပါ။ အသင်းအတွက်လည်း သူက တိုးတက်လာဦးမှာပါ ” လို့ ဖြေဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဝက်ဟမ်းနဲ့ မန်ယူပွဲကိုတော့ ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီ သေလာက ကိုင်တွယ်သွားမှာပဲဖြစ်ပါတယ်။

ယူရိုပါလိဂ် ပွဲအပြီးမှာတော့ မန်နေဂျာဆိုးရှားက ဂရင်းဝုဒ်ဟာ လူကာကူနဲ့ ဆန်းချက်အစား ကလပ်အသင်းရဲ့ တိုက်စစ်မှာ ပါဝင်လာမယ့်သူလို့ ထုတ်ပြောခဲ့သလို ကစားသမားကို ကလပ်အသင်းမှာပဲ ကာလရှည် ဆက်ရှိနေဖို့ ထိန်းသိမ်းသွားမှာဖြစ်ကြောင်းလည်း သတင်းကောင်း ပါးလာခဲ့ပါတယ်။

မနက်ကပွဲမှာ ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လူငယ် တိုက်စစ်သမား ဂရင်းဝုဒ်က သွင်းယူ ပေးနိုင်ခဲ့တာပါ။ ဂရင်းဝုဒ်အတွက် စီနီယာ ကစားသမားဘဝ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး ဟားဂရိတ်ကတော့ ကောင်လေးဟာ ပရီးမီးယားလိဂ်မှာပါ ကစားနိုင်တဲ့ အရည်အချင်း ရှိနေပါပြီလို့ ချီးကျူးခဲ့ပါတယ်။