ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးလူငယ္စတားေတြျဖစ္တဲ့ ေမဆန္ေမာင့္နဲ႔ ေအဘရာဟမ္တို႔ဟာ ေစ်းကြက္မွာ ေပါင္ သန္း ၆၀ ေလာက္ တန္ေၾကးရွိတဲ့ ကစားသမားေတြပါလို႔ ႏွစ္သင္းပြဲၾကိဳမွာ ခ်ီးက်ဴးသြားပါတယ္။

ကေလာ့ပ္ကပဲ လူငယ္ေလးေတြကို အေကာင္းဆံုး ကိုင္တြယ္ေနတဲ့ မန္ေနဂ်ာလမ္းပတ္ကို အတိတ္က သူ႔ေအာင္ျမင္လာခဲ့သလို လူငယ္အသားေပး မန္ေနဂ်ာအျဖစ္ အထင္ၾကီးစြာ မွတ္ခ်က္ေပးခဲ့တာပါ။ မန္ေနဂ်ာလမ္းပတ္က ယာဂင္ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးမႈကို ႏွစ္သက္သလို သူဟာ ဂ်ာမာန္သားၾကီးကို အျမဲတမ္း ေလးစားသူပါလို႔ ပြင့္ပြင့္လင္းလင္း ျပန္ေျဖခဲ့ပါတယ္။

ပြဲၾကိဳေတြ႔ဆံုမႈမွာ လမ္းပတ္က ‘ ကေလာ့ပ္ က်ေနာ္ကို ခ်ီးက်ဴးစရာ မလိုပါဘူး။ က်ေနာ္က သူ႔ကို တကယ္ကို ေလးစားျပီးသားပါ။ စူပါဖလားမွာ သူနဲ႔ရင္ဆိုင္ခဲ့ရတာက အရမ္းေကာင္းပါတယ္။ က်ေနာ္ ကေလာ့ပ္ကို ေလးစားပါတယ္။ သူ႔ရဲ႕ ျပင္းျပမႈနဲ႔ သူ႔ရဲ႕ အလုပ္လုပ္ေဆာင္မႈေတြကို ေလးစားပါတယ္။

ယာဂင္ကေလာ့ပ္က အျခားအာရံုပ်ံ႔တာေတြ မရွိဘူး။ သူ႔လမ္းသူ မွန္မွန္ကန္ကန္သြားတယ္ ထိုက္တန္တဲ့ ေအာင္ျမင္မႈေတြကိုလည္း သူရရွိထားတယ္။ သူ႔ထံကရတဲ့ ခ်ီးက်ဴးစကားေတြက က်ေနာ္တို႔ရဲ႕ ကစားသမားေတြကို ကိုင္တြယ္ဖို႔ရာ သိပ္ေကာင္းတဲ့ အေတြ႔အၾကံဳေတြ ျဖစ္ေစပါတယ္။ ကစားသမားေတြကို တစ္ဦးခ်င္း စကားေျပာတာက သူ႔တုိ႔ထံက အေကာင္းဆံုးေတြရေစျပီး ပိုေကာင္းလာေစပါတယ္။ ’ လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ တနဂၤေႏြေန႔မွာေတာ့ လီဗာပူးကို စတမ္းဖိုဒ့္ဘရစ္မွာ ဧည့္ခံယွဥ္ျပိဳင္သြားမွာျဖစ္တယ္။ လီဗာပူးဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းျဖစ္သလို မန္ေနဂ်ာလမ္းပတ္ကလည္း စတမ္းဖိုဒ့္ဘရစ္မွာ ပထမဆံုး ႏုိင္ပြဲကို ရယူႏုိင္ဖို႔ ၾကိဳးစားေနတာျဖစ္လု႔ိ ဒီပြဲဟာ ပရီးမီးယားလိဂ္ပရိသတ္ေတြ ႏွစ္သက္ရတဲ့ တိုက္စစ္အသားေပး ပြဲေကာင္းတစ္ပြဲ ျဖစ္လာႏုိင္တာပဲ ျဖစ္ပါတယ္။

UNICODE

ချယ်ဆီးမန်နေဂျာလမ်းပတ်က ယာဂင်ကလော့ပ်က ချယ်ဆီးလူငယ်စတားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ အေဘရာဟမ်တို့ဟာ ဈေးကွက်မှာ ပေါင် သန်း ၆၀ လောက် တန်ကြေးရှိတဲ့ ကစားသမားတွေပါလို့ နှစ်သင်းပွဲကြိုမှာ ချီးကျူးသွားပါတယ်။

ကလော့ပ်ကပဲ လူငယ်လေးတွေကို အကောင်းဆုံး ကိုင်တွယ်နေတဲ့ မန်နေဂျာလမ်းပတ်ကို အတိတ်က သူ့အောင်မြင်လာခဲ့သလို လူငယ်အသားပေး မန်နေဂျာအဖြစ် အထင်ကြီးစွာ မှတ်ချက်ပေးခဲ့တာပါ။ မန်နေဂျာလမ်းပတ်က ယာဂင်ကလော့ပ်ရဲ့ ချီးကျူးမှုကို နှစ်သက်သလို သူဟာ ဂျာမာန်သားကြီးကို အမြဲတမ်း လေးစားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေခဲ့ပါတယ်။

ပွဲကြိုတွေ့ဆုံမှုမှာ လမ်းပတ်က ‘ ကလော့ပ် ကျနော်ကို ချီးကျူးစရာ မလိုပါဘူး။ ကျနော်က သူ့ကို တကယ်ကို လေးစားပြီးသားပါ။ စူပါဖလားမှာ သူနဲ့ရင်ဆိုင်ခဲ့ရတာက အရမ်းကောင်းပါတယ်။ ကျနော် ကလော့ပ်ကို လေးစားပါတယ်။ သူ့ရဲ့ ပြင်းပြမှုနဲ့ သူ့ရဲ့ အလုပ်လုပ်ဆောင်မှုတွေကို လေးစားပါတယ်။

ယာဂင်ကလော့ပ်က အခြားအာရုံပျံ့တာတွေ မရှိဘူး။ သူ့လမ်းသူ မှန်မှန်ကန်ကန်သွားတယ် ထိုက်တန်တဲ့ အောင်မြင်မှုတွေကိုလည်း သူရရှိထားတယ်။ သူ့ထံကရတဲ့ ချီးကျူးစကားတွေက ကျနော်တို့ရဲ့ ကစားသမားတွေကို ကိုင်တွယ်ဖို့ရာ သိပ်ကောင်းတဲ့ အတွေ့အကြုံတွေ ဖြစ်စေပါတယ်။ ကစားသမားတွေကို တစ်ဦးချင်း စကားပြောတာက သူ့တို့ထံက အကောင်းဆုံးတွေရစေပြီး ပိုကောင်းလာစေပါတယ်။ ’ လို့ တုန့်ပြန်ခဲ့ပါတယ်။

ချယ်ဆီးဟာ တနင်္ဂနွေနေ့မှာတော့ လီဗာပူးကို စတမ်းဖိုဒ့်ဘရစ်မှာ ဧည့်ခံယှဉ်ပြိုင်သွားမှာဖြစ်တယ်။ လီဗာပူးဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းဖြစ်သလို မန်နေဂျာလမ်းပတ်ကလည်း စတမ်းဖိုဒ့်ဘရစ်မှာ ပထမဆုံး နိုင်ပွဲကို ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်လု့ိ ဒီပွဲဟာ ပရီးမီးယားလိဂ်ပရိသတ်တွေ နှစ်သက်ရတဲ့ တိုက်စစ်အသားပေး ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။