အာဆင္နယ္အသင္း မနေ္နဂ်ာ အူနုိင္း အမ္မရီကေတာ့ ကလပ္စံခ်ိန္တင္ေၾကးနဲ႕ သူ ေခၚယူထားတဲ့ တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီ ထံကေန ပိုမိုတဲ့ အစြမ္းျပမႈေတြ ေမွ်ာ္လင့္ေနပါတယ္။ လိုင္လီကေန ဒီေႏြမွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႕ ေရာင္လာတဲ့ ေတာင္ပံ တိုက္စစ္သမားဟာ အမ်ား ေမွ်ာ္လင့္ထားသေလာက္ အာဆင္နယ္အတြက္ သက္ေရာက္မႈၾကီးေတြ လုပ္မျပနိုင္ေသးဘဲ ရွိေနပါတယ္။

ပီပီက ဖရန္႔ဖတ္နဲ႕ ယူရိုပါလိဂ္ပြဲမွာ လူစား၀င္ကစားခဲ့ျပီး ဆာကာရဲ႕ ဂိုးအတြက္ ေထာက္ပံ့မႈလည္း ျပဳလုပ္ခဲ့ပါတယ္။ ထိုပြဲအျပီး အင္တာဗ်ဴးမွာ အမ္မရီက လူငယ္ေတြရဲ႕ အစြမ္းျပမႈနဲ႕ ကစားသမားသစ္ေတြ အထိုင္က်လာဖို႔ ေမွ်ာ္လင့္မႈေတြ အေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

” က်ေနာ္တို႔မွာ ကစားသမားသစ္ေတြ တခ်ိဳ႕ ရွိတယ္။ ေနာက္ပြဲေတြမွာ အသင္းနဲ႕ ပို အထိုင္က်လာဖို႔ ပိုၾကိဳးစားရမယ့္ ကစားသမားေတြ ရွိေနပါတယ္။ တိုးတက္မႈ အေျခအေနကေတာ့ ပိုပိုျပီး ေကာင္းေနၾကတာပါ။ ဥပမာ ပီပီဆို ဒီည မိနစ္ ၃၀ ေလာက္ ၀င္ကစားသြားတယ္။ က်ေန္ာတို႔ သူ႔ ေျခစြမ္းနဲ႕ ပတ္သတ္ျပီး ေက်နပ္ေပ်ာ္ရႊင္ေနပါတယ္။ သူ႔ကို အကူအညီေတြလည္း ေပးေနတယ္။ အခု လုပ္ျပေနတာေတြထက္ ပီပီ ပိုလုပ္နုိင္စြမ္းရွိတယ္ ဆိုတာလည္း သိထားတယ္။” လို႔ အမ္မရီက ဆိုပါတယ္။

အမ္မရီက ခ်ီးက်ဴးေထာက္ခံမႈေတြ ျပဳလုပ္ေနေပမယ့္ အာဆင္နယ္ ခံစစ္မွဴးေဟာင္း မာတင္ကီယြန္ကေတာ့ ပီပီကို လူငယ္ကစားသမား ဆာကာနဲ႕ နိႈင္းယွဥ္မႈေတြ ျပဳလုပ္သြားပါတယ္။

” ပီပီ ကစားတာကို ၾကည့္ေနရင္း ေတြးမိတာက သူတို႔ ပီပီ အတြက္ ေပါင္ ၇၂ သန္း သံုးထားတာပါ။ ဒီကေလး (ဆာကာ)က ဒီည သူ႔ထက္ေတာင္ ပိုေကာင္းေနတယ္။ ေဘာလံုးရတာနဲ႕ သြက္သြက္လက္လက္ ဂိုးဘက္ဆီ ေပးပို႔မႈေတြ ျပဳလုပ္တယ္။ လွပတဲ့ အဆံုးသတ္မႈလည္း ျမင္ခဲ့ရတယ္။ ဒါေတာင္ သူက ၁၈ နွစ္သားပဲ ရွိတယ္ေနာ္။” လို႔ ကီယြန္က ေထာက္ျပခဲ့ပါတယ္။

Myan News

UNICODE – အာဆင်နယ်အသင်း မနေ်နဂျာ အူနိုင်း အမ်မရီကတော့ ကလပ်စံချိန်တင်ကြေးနဲ့ သူ ခေါ်ယူထားတဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီ ထံကနေ ပိုမိုတဲ့ အစွမ်းပြမှုတွေ မျှော်လင့်နေပါတယ်။ လိုင်လီကနေ ဒီနွေမှာ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ရောင်လာတဲ့ တောင်ပံ တိုက်စစ်သမားဟာ အများ မျှော်လင့်ထားသလောက် အာဆင်နယ်အတွက် သက်ရောက်မှုကြီးတွေ လုပ်မပြနိုင်သေးဘဲ ရှိနေပါတယ်။

ပီပီက ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ဆာကာရဲ့ ဂိုးအတွက် ထောက်ပံ့မှုလည်း ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲအပြီး အင်တာဗျူးမှာ အမ်မရီက လူငယ်တွေရဲ့ အစွမ်းပြမှုနဲ့ ကစားသမားသစ်တွေ အထိုင်ကျလာဖို့ မျှော်လင့်မှုတွေ အကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

” ကျနော်တို့မှာ ကစားသမားသစ်တွေ တချို့ ရှိတယ်။ နောက်ပွဲတွေမှာ အသင်းနဲ့ ပို အထိုင်ကျလာဖို့ ပိုကြိုးစားရမယ့် ကစားသမားတွေ ရှိနေပါတယ်။ တိုးတက်မှု အခြေအနေကတော့ ပိုပိုပြီး ကောင်းနေကြတာပါ။ ဥပမာ ပီပီဆို ဒီည မိနစ် ၃၀ လောက် ဝင်ကစားသွားတယ်။ ကျနေ်ာတို့ သူ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ကျေနပ်ပျော်ရွှင်နေပါတယ်။ သူ့ကို အကူအညီတွေလည်း ပေးနေတယ်။ အခု လုပ်ပြနေတာတွေထက် ပီပီ ပိုလုပ်နိုင်စွမ်းရှိတယ် ဆိုတာလည်း သိထားတယ်။” လို့ အမ်မရီက ဆိုပါတယ်။

အမ်မရီက ချီးကျူးထောက်ခံမှုတွေ ပြုလုပ်နေပေမယ့် အာဆင်နယ် ခံစစ်မှူးဟောင်း မာတင်ကီယွန်ကတော့ ပီပီကို လူငယ်ကစားသမား ဆာကာနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်သွားပါတယ်။

” ပီပီ ကစားတာကို ကြည့်နေရင်း တွေးမိတာက သူတို့ ပီပီ အတွက် ပေါင် ၇၂ သန်း သုံးထားတာပါ။ ဒီကလေး (ဆာကာ)က ဒီည သူ့ထက်တောင် ပိုကောင်းနေတယ်။ ဘောလုံးရတာနဲ့ သွက်သွက်လက်လက် ဂိုးဘက်ဆီ ပေးပို့မှုတွေ ပြုလုပ်တယ်။ လှပတဲ့ အဆုံးသတ်မှုလည်း မြင်ခဲ့ရတယ်။ ဒါတောင် သူက ၁၈ နှစ်သားပဲ ရှိတယ်နော်။” လို့ ကီယွန်က ထောက်ပြခဲ့ပါတယ်။

Myan News