မနက္က ယွဥ္ျပိဳင္ကစားတဲ့ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ရိန္းဂ်ားအသင္းအတြက္ အိုဂ်ိဳ ဂိုးသြင္းေပးခဲ့ျပီး သူ႔ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးက ရိန္းဂ်ားအသင္းကို အႏုိင္ရေစတ့ဲေနာက္ ကစားသမားေလးကို အငွားခ်ဖို႔ လီဗာပူးက ဆံုးျဖတ္ခဲ့မႈကို အံ့အားသင့္မိေၾကာင္း မိုက္ကယ္အိုဝင္က ထုတ္ေျပာလိုက္ပါတယ္။

အိုဂ်ိဳဟာ အသက္ ၂၂ ႏွစ္အရြယ္ ရွိေနျပီျဖစ္ျပီးး လီဗာပူးမွာ ေနရာရဖို႔ မရွိတာေၾကာင့္ ဆရာေဟာင္း ဂ်ရတ္ရဲ႕အသင္းထံ အငွားထြက္လာခဲ့တာပါ။ သူဟာ စတီဗင္ဂ်ရတ္ရဲ႕အသင္းမွာ ၁၂ ပြဲပဲ ကစားရေသးေပမယ့္ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေပါင္း ၉ ၾကိမ္ထိ ျပဳလုပ္ႏုိင္ခဲ့ျပီျဖစ္ျပီး ေျခစြမ္းကလည္း အေတာ္ေလး ေကာင္းမြန္ေနတာျဖစ္ပါတယ္။

အလားအလာေကာင္းေတြရွိတဲ့ အိုဂ်ိဳဟာ ေတာင္ပံေၾကာေတြမွာ ေဖာက္ထြက္ကစားႏုိင္တဲ့ တိုက္စစ္သမားျဖစ္သလို ယူရိုပါလိဂ္မွာ သူသြင္းယူျပခဲ့တဲ့ ၂၅ ကိုက္အကြာက ကန္သြင္းမႈေတြက သူ႔ရဲ႕လုပ္ႏုိင္စြမ္းေတြကို ျမင္ေတြ႔ေစခဲ့တာျဖစ္တယ္။ မိုက္ကယ္အိုဝင္ကေတာ့ လီဗာပူးက အငွားခ်ျပီး စေကာ္တလန္ေျမမွာ ေျခစြမ္းျပေနတဲ့ အိုဂ်ိဳနဲ႔ပက္သက္လို႔ အခုလို ေျပာပါတယ္။

“ စတီဗင္က လီဗာပူးမွာ လူငယ္နည္းျပအျဖစ္ အလုပ္လုပ္ခဲ့ကတည္းက အိုဂ်ိဳအေၾကာင္းကို ေကာင္းေကာင္းၾကီး သိပါတယ္။ အိုဂ်ိဳက တကယ္ကို က်ည္ဆံလိုပါပဲ။ သူ႔ရဲ႕ကန္သြင္းမႈမွာ ေဘာလံုးကို အစက္အေပ်ာက္အျဖစ္ေတာင္ မျမင္ရေတာ့ဘူး။ တကယ္ကို ေကာင္းမြန္တဲ့ ကန္ခ်က္ပါပဲ။ ထပ္ျပီးလည္း ဂိုသြင္းခြင့္ေတြ ရပါေသးတယ္ ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ကလပ္အသင္းရဲ႕ မွတ္ပံုတင္ ကစားသမားစာရင္းမွာ ထည့္သြင္းဖို႔ မျဖစ္ႏုိင္တဲ့ အသက္ ၂၂ ႏွစ္ကို ေက်ာ္လြန္တဲ့ ကစားသမားေတြကို အငွားခ်ျခင္းနဲ႔ ေရာင္းခ်ျခင္းေတြကို ျပဳလုပ္ခဲ့ရတာျဖစ္ျပီး ရိန္းဂ်ားအသင္းထံ အိုဂ်ိဳကို အငွားခ်ကာ ကန္႔ကို ေရာင္းထုတ္ခဲ့ရတာျဖစ္တယ္။ ဒါ့အျပင္ လူငယ္ၾကယ္ပြင့္ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ကိုလည္း စီနီယာကစားခြင့္ေတြအတြက္ အငွားခ်ခံခဲ့ရပါေသးတယ္။

ဒီကစားသမားေတြဟာ သက္ဆိုင္ရာကလပ္ေတြမွာ ေျခစြမ္းေကာင္းေတြ ျပသေနျပီး လာမယ့္ရာသီမွာေတာ့ ဝဲလ္ဆန္၊ အိုဂ်ိဳနဲ႔ ဂရုဂ်စ္တို႔ကို အသင္းမွာ ဆက္ထားမလား ေရာင္းထုတ္မလားဆိုတာကို စဥ္းစားသြားရေတာ့မွာပဲျဖစ္ပါတယ္။

UNICODE

မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရိန်းဂျားအသင်းအတွက် အိုဂျို ဂိုးသွင်းပေးခဲ့ပြီး သူ့ရဲ့ တစ်လုံးတည်းသော သွင်းဂိုးက ရိန်းဂျားအသင်းကို အနိုင်ရစေတဲ့နောက် ကစားသမားလေးကို အငှားချဖို့ လီဗာပူးက ဆုံးဖြတ်ခဲ့မှုကို အံ့အားသင့်မိကြောင်း မိုက်ကယ်အိုဝင်က ထုတ်ပြောလိုက်ပါတယ်။

အိုဂျိုဟာ အသက် ၂၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီးး လီဗာပူးမှာ နေရာရဖို့ မရှိတာကြောင့် ဆရာဟောင်း ဂျရတ်ရဲ့အသင်းထံ အငှားထွက်လာခဲ့တာပါ။ သူဟာ စတီဗင်ဂျရတ်ရဲ့အသင်းမှာ ၁၂ ပွဲပဲ ကစားရသေးပေမယ့် သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုပေါင်း ၉ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပြီး ခြေစွမ်းကလည်း အတော်လေး ကောင်းမွန်နေတာဖြစ်ပါတယ်။

အလားအလာကောင်းတွေရှိတဲ့ အိုဂျိုဟာ တောင်ပံကြောတွေမှာ ဖောက်ထွက်ကစားနိုင်တဲ့ တိုက်စစ်သမားဖြစ်သလို ယူရိုပါလိဂ်မှာ သူသွင်းယူပြခဲ့တဲ့ ၂၅ ကိုက်အကွာက ကန်သွင်းမှုတွေက သူ့ရဲ့လုပ်နိုင်စွမ်းတွေကို မြင်တွေ့စေခဲ့တာဖြစ်တယ်။ မိုက်ကယ်အိုဝင်ကတော့ လီဗာပူးက အငှားချပြီး စကော်တလန်မြေမှာ ခြေစွမ်းပြနေတဲ့ အိုဂျိုနဲ့ပက်သက်လို့ အခုလို ပြောပါတယ်။

“ စတီဗင်က လီဗာပူးမှာ လူငယ်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ကတည်းက အိုဂျိုအကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ အိုဂျိုက တကယ်ကို ကျည်ဆံလိုပါပဲ။ သူ့ရဲ့ကန်သွင်းမှုမှာ ဘောလုံးကို အစက်အပျောက်အဖြစ်တောင် မမြင်ရတော့ဘူး။ တကယ်ကို ကောင်းမွန်တဲ့ ကန်ချက်ပါပဲ။ ထပ်ပြီးလည်း ဂိုသွင်းခွင့်တွေ ရပါသေးတယ် ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ကလပ်အသင်းရဲ့ မှတ်ပုံတင် ကစားသမားစာရင်းမှာ ထည့်သွင်းဖို့ မဖြစ်နိုင်တဲ့ အသက် ၂၂ နှစ်ကို ကျော်လွန်တဲ့ ကစားသမားတွေကို အငှားချခြင်းနဲ့ ရောင်းချခြင်းတွေကို ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရိန်းဂျားအသင်းထံ အိုဂျိုကို အငှားချကာ ကန့်ကို ရောင်းထုတ်ခဲ့ရတာဖြစ်တယ်။ ဒါ့အပြင် လူငယ်ကြယ်ပွင့် ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ကိုလည်း စီနီယာကစားခွင့်တွေအတွက် အငှားချခံခဲ့ရပါသေးတယ်။

ဒီကစားသမားတွေဟာ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး လာမယ့်ရာသီမှာတော့ ဝဲလ်ဆန်၊ အိုဂျိုနဲ့ ဂရုဂျစ်တို့ကို အသင်းမှာ ဆက်ထားမလား ရောင်းထုတ်မလားဆိုတာကို စဉ်းစားသွားရတော့မှာပဲဖြစ်ပါတယ်။